Saturday, November 1, 2014

တရားမ၀င်ကျွန်းတံခါးပြုလုပ်ရန်ကျွန်းသစ်များတင် ဆောင်လာသောလိုက်ထရစ်ကားလမ်းဘေးထိုးကျ ပြည့်သဲမောင်(ပြည်)

Leave a Comment


တရားမ၀င်ကျွန်းတံခါးပြုလုပ်ရန်ကျွန်းသစ်များတင်
ဆောင်လာသောလိုက်ထရစ်ကားလမ်းဘေးထိုးကျ
ပြည့်သဲမောင်(ပြည်)
အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်(၈း၄၅)အချိန်ခန့်ပြည်မြို့၊သစ်တောဦးစီးဌာန၊ဦးစီး
အရာရှိစိုးလွင်သူအဖွဲ့နှင့်ပေါင်းတလည်ရဲစခန်းမှဒုရဲအုပ်ထွန်းထွန်းဦးအဖွဲ့သည် ပြည်/ေ
ပါက်ခေါင်းကားလမ်း၊မိုင်တိုင်(၁/၇)နှင့်(၂/၀)အကြားရဲစခန်းအ နောက်(၅)မိုင်(၅)ဖာလုံခန့် ကုန်းရိုးရွှာအနီးတွင်ယာဉ်တစ်စီးလမ်းဘေးသို့ထိုးကျနေကြောင်းသတင်းအရသွားရောက်
စစ်ဆေးရာစိုင်းညီညီထွန်း(၁၉)နှစ်(ဘ)ဦးစိုင်းထွန်းထွန်းအမှတ်(၂)ရပ်ကွက်၊ပေါက်ခေါင်း
မြို့နေသူမောင်းနှင်းလာသည့်1G/...(လိုက်ထရစ်)အဖြူရောင်ကားအားပေါက်ခေါင်းဘက်
မှပြည်ဘက်သို့တစ်ဦးတည်းမောင်းနှင်းလာစဉ်ကုန်းရိုးရွှာအနီးလမ်းဘေး ၀ဲဘက်လယ်
ကွင်းထဲသို့ထိုးကျခဲ့ပြီးကားပေါ်တွင်တရားမ၀င်ကျွန်းတံခါး၊တံခါးဘောင်ဆိုဒ်စုံစုစု ပေါင်း
(၃၄၅)ချောင်း၊(၀.၄၅၈၆)တန်စုစုပေါင်းတန်ဖိုး(၁၈၃၄၄၀)ခန့်၊ပီဝါ(၄)လုံးဖြင့်ထည့်သွင်းသ
ယ်ဆောင် လာစဉ်ေ တွ့ရှိခဲ့ရသည်ဟုရဲမှတ်တမ်းတွင်ဖော်ပြပါခဲ့သည်။

ထိုသို့ ကျွန်းသစ်များတွေ့ရှိမှူ နှင့်ပတ်သတ်၍ပြည်မြို့နယ်၊သစ်တောဦးစီး အရာရှိစိုးလွင်
သူမှယာဉ် မောင်းစိုင်းညီညီထွန်းထံမှတရားမ၀င်ကျွန်းသစ်များအားသိမ်းဆည်းပြီးပေါင်း
တလည်ရဲစခန်းသို့တိုင်စာဖြင့်စိုင်းညီညီထွန်းအားသစ်တောဥပဒေပုဒ်မ၄၃(က)အရအရေး
ယူပေးရန်၊၂၀၁၄ အောက်တိုဘာ၂၇ ရက်နေ့ညနေ(၆)နာ ရီအချိန်ခန့် တွင်တိုင်တန်းခဲ့သြ
ဖင့် ပေါင်းတလည်ရဲစခန်း (ပ)၁၁၀/၂၀၁၄.သစ်တော ဥပဒေပုဒ်မ-၄၃(က)ဖြင့်အမှုရေးဖွင့်
ခဲ့ပြီး အမှူအား စခန်းမှူး ရဲအုပ်မြတ်မင်းသူမှလက်ခံစစ် ဆေးပြီးအမှူမှသက်သေခံကျွန်းသစ်
များအားသစ်တောဦးစီးဌာန(ပြည်)မှသိမ်းဆည်းထားရှိကြောင်းသိရသည်။




သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page