Thursday, October 30, 2014

ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲအနောက်ကနေ၀င်ရောက်တိုက်မိခဲ့သူ စည်ပင်သာ ယာရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး ပြည့်သဲမောင်(ပြည်)

Leave a Comment

ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲအနောက်ကနေ၀င်ရောက်တိုက်မိခဲ့သူ စည်ပင်သာ
ယာရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

ပြည့်သဲမောင်(ပြည်)
အောက်တိုဘာ( ၂၉)ရက်နေ့ ည(၉)နာရီ အချိန်ခန့် ပြည်-ရန်ကုန်လမ်းအတိုင်း
 ပြည်မြို့ဘက်မှ ရွှေတောင်မြို့ဘက်  တက စံထွေး(၄၁)နှစ်၊ ကရင်/ခရစ်ယာန်၊
ခလရ(၇၅)၊ ပြည်မြို့နေသူမောင်းနှင်ပြီး ၄င်း၏ရင်ခွင်အတွင်း၌ ၄င်း၏သားမောင်
စောစတီဗင် (၅)နှစ်အရွယ်ရှိသူလိုက်ပါလာသော ကြယ်-၁၇၁၁ (လ) WAVE-110 စစ်စိမ်းရောင်ဆိုင်ကယ်သည် ရဲစခန်းတောင်(၂)မိုင်ခန့်  ပြည်မြို့၊ ဆင် စုရပ်ကွက်၊ ပညာရေးကောလိပ်အနီး မိုင်တိုင်(၆/၁၇၇) အရောက် လမ်း ကြောင်းတစ်ကြောင်း
တည်းအရက်သေစာသောက်စားမူးယစ်နေသည့်ရဲတသကျော်ရဲအောင်(၂၄)နှစ်၊နေ
ပြည်တော်စည်ပင်ရဲတပ်ဖွဲ့၊(လွတ်လပ်ရေးကွက်သစ်(၁)လမ်း၊ဇီးကုန်းလမ်း)နေသူမှအ
ရှိန်ပြင်းစွာမောင်းနှင်းပြီးအနောက်တွင်အရန်မီးသတ်တသအောင်အောင်(၂၅)နှစ်၊အမှ
တ်(၃)ရပ် ကွက်၊ ဇီးကုန်းမြို့နေသူလိုက်ပါလာသောနံပါတ်တပ်ဆင်ထားခြင်းမရှိသည့်
Viva-110အနက်ရောင် ဆိုင်ကယ်ကိုအရှိန်မထိန်းနိုင်ဘဲ အနောက်ကနေ၀င်ရောက်
တိုက်မိခဲ့သည်ဟုရဲမှတ်တမ်းအရသိရသည်။

ထိုသို့တိုက်မိ၍ဆိုင်ကယ်နှစ်စီး၏ဒူးကာများ၊ရှေ့မီးကြီးခွက်များကွဲကြေပျက်စီးကာပျက်
စီးဆုံးရှူံးသွားပြီးရဲတသကျော်ရဲအောင်တွင်ဝဲ/ယားနားမှာသွေးထွက်ဒဏ်ရာ၊၀ဲ/ယာတံေ
တာင်ပွန်း၊နှစ်ခေါင်းသွေးထွက်ဒဏ်ရာ၊ဦးခေါင်းနောက်စေ့ဖူးရောင်ဒဏ်ရာ၊၀ဲခြေညိုးစုတ်
ပြတ်ဒဏ်ရာရရှိကာ(ပြည်ဆေးရုံးကြီး အတွင်းလူနာ)၊တကစံထွေးတွင်ဦးခေါင်းဝဲဘက်ေ
ပါက်ပြဲဒဏ်ရာ၊၀ဲလက်ညိုးပေါက်ပြဲဒဏ်ရာ၊၀ဲခြေခုံ/၀ဲဒူးပွန်းပြဲဒဏ်ရာ၊ရင်ဘတ်အောင့်ေ
သာဒဏ်ရာ၊(ကုတင်၁၀၀စစ်ဆေးရုံးအတွင်းလူနာ)၊မောင်စောစတီဗင်တွင်ဝဲပါးပွန်းပဲ့ဒဏ်
ရာ၊၀ဲခြေသလုံးနာကျင်ဒဏ်ရာ(ကုတင်၁၀၀စစ်ဆေးရုံးအတွင်းလူနာ)များအသီးသီးရရှိခဲ့ပါ
သည်။

ထို့ပြင်အရန်မီးသတ်တသအောင်အောင်တွင်ဒဏ်ရာရရှိခြင်းမရှိခဲ့။ရဲတသကျော်ရဲအောင်
သည်ပြည်အဝေးသင်တက္ကသိုလ်သို့ပထမနှစ်(သမိုင်း)စာမေးပွဲဖြေဆိုနိုင်ရန်အတွက်၂၀၁
၎အောက်၂၅ရက်နေ့မှစ၍ခွင့်(၁)လယူကာထွက်ခွာလာခြင်းဖြစ်ကြောင်း စုံးစမ်းသိရှိရ။

ဖြစ်စဉ်နှင့်ပတ်သတ်၍ဆိုင်ကယ်မဆင်မခြင်အရမ်းမောင်းနှင်းသူရဲတသကျော်ရဲအောင်
အားအရေးယူပေးရန် ယာဉ်ထိန်းရဲအုပ် သက်နောင်မှတိုင်းတန်းသဖြင့်ည(၁၁း၃၀)အချိန်
ပြည်မြို့ရဲစခန်း ယာဉ်(ပ)၄၆/၂၀၁၄၊ပြစ်မှူပုဒ်မ-၃၃၇/၃၃၈ အရအမှူဖွင့်အရေးယူဆောင်
ရွှက်လျှက်ရှိပြီး အမှူကို ဒုရဲအုပ်ဇော်မင်းမှ လက်ခံစစ်ဆေးဆောင်ရွက်နေစဉ်ဒဏ်ရာရရှိ
သူရဲတပ်သားကျော်ရဲအောင်(၂၄)နှစ်နေပြည်တော် စည်ပင်ရဲတပ်ဖွဲ့ လွတ်လပ်ရေး ကွက်
သစ် ၁ လမ်းနေသူသည် ပြည်ဆေးရုံကြီးရောက်ရှိပြီးနောက် ရန်ကုန်ဆေးရုံကြီးသို့ လွြဲေ
ပာင်းထွက်ခွာစဉ် အောက်ကတိုဘာ (၃၀)ရက်နေ့မနက် (၁း၃၀)နာရီတွင် ဇီးကုန်းမြို့အေ
ရာက်သေဆုံးခဲ့ကြောင်းသိရပါသည်။

ထို့ကြောင့်မူလရေးဖွင့်ထားသော ပြစ်မူပုဒ်မ -၃၃၇/၃၃၈ မှ၃၀၄(က)/၃၃၇/၃၃၈သို့ြေ
ပာင်းလဲဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။

 မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

သတင်း ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page