Thursday, October 30, 2014

အလွတ်တန်းသတင်းထောက် ကိုပါကြီးအား စစ်တပ်မှဥပဒေမဲ့ ဖမ်းဆီးမှူ ၊ သတ်ဖြတ်မှူ ၊အစဖျောက်ဖျက်မှူနှင့်စပ်လျဉ်း၍ပြည်ဒေ သခံ နိုင်ငံရေး ၊လူမှုရေးအင်အားစုများမှပြည်မြို့ တွင်စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ နောက်ဆက်တွဲသတင်း ပြည့်သဲမောင်(ပြည်)

Leave a Comment

အလွတ်တန်းသတင်းထောက် ကိုပါကြီးအား စစ်တပ်မှဥပဒေမဲ့
ဖမ်းဆီးမှူ ၊ သတ်ဖြတ်မှူ ၊အစဖျောက်ဖျက်မှူနှင့်စပ်လျဉ်း၍ပြည်ဒေ
သခံ နိုင်ငံရေး ၊လူမှုရေးအင်အားစုများမှပြည်မြို့
တွင်စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ နောက်ဆက်တွဲသတင်း

ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင် အလွတ်တန်းသတင်းထောက် ကိုပါကြီး(ခ)ကိုအောင်ကျော်အား ကျိုက်မရောအခြေစိုက် ခ.မ.ရ (၂၀၈)မှ ဥပဒေအရမဟုတ်သော ဖမ်းဆီးမှူ ၊သတ်ဖြတ်မှူ၊အစဖျောက်ဖျက်မှူနှင့်ပက်
သက်၍အမှူမှန်ဖော်ထုတ်ပေးရေးအတွက် ပြည်မြို့ဒေသခံနိုင်ငံရေး အင်အား
စုများ ၊လူမှူရေး အင်အားစုများမှ အင်အား(၈၀)ခန့်သည် အောက်တိုဘာ(၂၉)
ရက်နေ့ နံနက်(၉)နာရီတွင် စုပေါင်းပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“ခ.မ.ရ (၂၀၈)မှကိုပါကြီးအား ဥပဒေမဲ့ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်း၊အစဖျောက်
ဖျက်ခြင်းသည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ ဥပဒေမဲ့ ဖမ်းဆီးခြင်းခံရခြင်းမှာ လွတ်လပ်ခွင့်၊ညှင်းပန်းနှိပ်စက်ခံရခြင်းမှလွတ်လပ်ခွင့်၊
အသက်ရှင်သန်ခွင့်နှင့်အသက်အိုးအိမ်လုံခြုံစိတ်ချခွင့်စသည့် အခြေခံလူ့အခွင့် အရေးနှင့် လွတ်လပ်ခွင့်များအပေါ် ပြောင်ပြောင်တင်းတင်းချိုးဖောက်ခဲ့ခြင်းဖြစ်
သလို ပြည်ထောင်စုမြန်မာနိုင်ငံတော် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဌာန်း
ထားသည့် အပြည်ပြည်ဆိုင်ရာ နိုင်ငံသားတစ်ဦး၏မူလအခွင့် အရေးများကိုချိုးဖော
က်ခဲ့ခြင်းပင်ဖြစ်တယ်’လို့ ဆန္ဒဖော်ထုတ်သူ ဦးကျော်ဆန်း(FPPS နိုင်ကျဉ်း)ကပြော
သည်။
ထိုနေ့ နံနက်(၈း၀၀)နာရီတိတိတွင်ဆန္ဒထုတ်ဖော်သူများသည် ပြည်မြို့ဗိုလ်ချုပ်ေ
ကျာက်ရုပ်တွင်စုဝေးခဲ့ပြီး နံနက်(၉)နာရီအချိန်အမှန်တရားပေါ်ပေါက်ရေး၊ပြစ်မူ
ကျူးလွန်သူကို အရေးယူပေးရေး၊တရားမျှတမူရရှိရေးအတွက်ဗိုလ်ချုပ်ကျောက်ရုပ်မှ
ဗိုလ်ချုပ်လမ်းအတိုင်း ကိုးသောင်းမီးပွိုင့်မှရွှေတစ်ချောင်းလမ်း ထိုမှလမ်း မတော် လမ်းအတိုင်း “အလွတ်တန်းသတင်းထောက် ကိုပါကြီး သတ်ဖြတ်ခံရမှု အမှုမှန်ေ
ဖ်ာထုတ်ပေး”ဟုရေးသားထားသောဗင်နိုင်း နှင့်ဥပဒေမဲ့ ဖမ်းဆီးမှု၊ဥပဒေမဲ့ သတ်ဖြတ်မှု၊နောက်-ရာဇ၀တ်မှုကနေ ကင်းလွှတ်ခွင့်လား”ဥပဒေမဲ့သတ်ဖြတ်မှု အလိုမရှိ…၊ညှင်းပန်းနှိပ်စက်မှု အလိုမရှိ…၊ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေ
ကို သတ်ဖို့မဟုတ်ဘူး..၊နိုင်ငံသားဘ၀လုံခြုံရေး ဒို့အရေး…၊တရားမျှတမှု ပေါ်ထွန်းေ
ရး ဒို့အရေး….၊အဓ္ဓမ၀ါဒ အလိုမရှိ…၊ပြည်သူသာ အမိ ပြည်သူသာ အဖ၊ ဥပဒေမဲ့ ဖမ်းဆီးမှု အလိုမရှိ…၊အမှုမှန်ဖေါ်ထုတ်ရေး အမြန်ဆုံးဆောင်ရွက်ပေး…၊နိုင်ငံသား
အခွင့်အရေးကာကွယ်ပေး…ဟုရေးသားထားသောဆိုင်းဘုတ်များကိုင်ဆောင်ချီတက်ကာ(တရားဥပဒေစိုးမိုးရေး….ဒို့အရေ…..၊ပြစ်မှုကျုးလွန်သူများကိုအမြန်ဆုံးအရေးယူပေးရေး…ဒို့အရေး……၊တရားမျှတမှုပြန်လည်ရှာဖွေခွင့်နှင့်ကုစားခွင့်ရရှိရေး….ဒို့အရေး….၊နောက်တစ်ကြိမ် အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရေး…ဒို့အရေး……
ဒို့အရေး……ဒို့အရေး…. ကြွေးကြော်ကာ ဗိုလ်ချုပ်ကျောက်ရုပ် တွင်ဆန္ဒထုတ်ဖော်မူကို အဆုံးသတ် ခဲ့သည်။
ဆန္ဒထုတ်ဖော်သူ ဆရာမင်းမင်း(Olive Branch Human Rights Initiative)က “ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံသားအားလုံးရှိလက်နက်ကိုင်တပ်ဖွဲ့များ သဘောတူလိုက်
နာရန် လိုအပ်သောဂျနီဗာကွန်ဗင်းရှင်းတွင် အတိအလင်း ပြဌာန်းထားသည့် စစ်ပွဲအ
တွင်း လက်ရဖမ်းဆီးမိသူနှင့်လက်နက်ချသူများကိုအကြမ်းဖက်ခြင်း၊သတ်ဖြတ်ခြင်း၊
ကိုယ်အင်္ဂါအစိတ်အပိုင်းထိခိုက်အောင်ပြုလုပ်ခြင်း၊ရက်စက်စွာပြုမူဆက်ဆံခြင်း၊ညှင်း
ပန်းနှိပ်စက်ခြင်းမပြုရဆိုသည့်အပြည်ပြည်ဆိုင်ရာသဘောတူညီချက်ကို ချိုးဖောက်ြ
ခင်းဖြစ်တယ်”လို့ ကပြောသည်။ယခုကဲ့သို့ ဥပဒေမဲ့ဖမ်းဆီးမှူ၊သတ်ဖြတ်မှူ၊အစဖျောက်
မှူဖြစ်ရပ်သည် အခြေခံလူ့အခွင့်အရေးနှင့်အပြည်ပြည်ဆိုင်ရာသဘောတူညီချက်များကို ချိုးဖေါက်ခြင်းဖြစ်၍ ကမ္ဘာ့အလယ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ဂုဏ်သိက္ခာ
ကိုညှိုးနွမ်းအရှက်ရစေသည့် လုပ်ရပ်ဖြစ်သဖြင့် အလေးအနက်ရှု့ချကန့်ကွက်ကြောင်း
၎င်းကဆက်လက်ပြောခဲ့သည်။
“အမှန်တရားပေါ်ပေါက်ပြီး ပြစ်မှူကျုးလွန်သူများကိုဥပဒေနဲ့အညီအရေးယူပေးခြင်းဖြင့်
ဖင့် ကျန်ရစ်တဲ့ကိုပါကြီးမိသားစုအနေဖြင့်တရားမျှတမှုရှာဖွေခွင့်၊ကုစားခွင့်ရရှိစေရေး
ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့နှင့်တကွ ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဦးဆောင်သော တပ်မတော်တွင်
အပြည့်အဝတာဝန်ရှိတယ်”လို့ ကိုမျိုးသူထွဠ်(လက်တွဲကူမယ် ပြည်လူငယ်)အဖွဲ့မှပြော
သည်။
ဒါကြောင့်ကျနော်တို့က အမှန်တရားပေါ်ပေါက်စေရေး ၊ပြစ်မှူကျူးလွန်သူများကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူနိုင်စေရေး၊ကျန်ရစ်သူမိသားစုအနေဖြင့် ကုစားခွင့်ရရှိရေးတို့အတွက် တာဝန်ရှိသူများမှလွတ်လပ်၍တရားမျှတသော စုံစမ်းေ
ရးကော်မရှင်ဖွဲ့စည်းပြီး အရေးယူဆောင်ရွက်ပေးဖို့အတွက်ပြည်ဒေသခံနိုင်ငံရေး၊
လူမှုရေးအင်အားစုများမှအလေးအနက် တောင်းဆိုဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။
ကိုပါကြီး သည် လူသားတစ်ဦးဖြစ်သလိုအခြေခံလူ့အခွင့်အရေးနှင့်လွတ်လပ်ခွင့်များ
ကိုခံစားခွင့်ရှိတယ်။ မြန်မာနိုင်ငံသားတစ်ဦးဖြစ်၍ဖွဲ့စည်းပုံအခြေခံဥပဒေပါနိုင်ငံသားအခွင့်အရေးများကိုခံစားခွင့်ရှိတယ်။ ပြောသည်။
လူရယ်လို့ဖြစ်လာရင် မွေးကတည်းက အသက်ရှင်ခွင့်၊လွတ်လပ်ခွင့်နဲ့ လုံခြုံစိတ်ချခွင့်ေ
တွရှိပါတယ်။ဥပဒေအရမဟုတ်ရင်ဘယ်သူမှဒီအခွင့်အရေးတွေကို ငြင်းပယ်ခွင့်၊ရုတ်သိမ်းခွင့်မရှိပါဘူး။ဒီအခြေခံလူ့အခွင့်အရေးကြော်ငြာစာတမ်းမှာ ဖော်ပြထားသလို နိုင်တကာသဘောတူစာချုပ်တွေနဲ့ နိုင်ငံတွေရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ ဖော်ပြထားတယ်လို့ ဆန္ဒဖော်ထုတ်သူတွေကဆိုသည်။
မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး စာမူနှင့်ပတ်သက်လာမည့်ကိစ္စအဝဝ ကိုယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)


0 comments:

Post a Comment

Facebook Like Page