အညတရမှတ်တမ်း (၂ ) သရ၀ဏ်(ပြည်)
အညတရမှတ်တမ်း (၂ )
သရ၀ဏ်(ပြည်)
ဦးဝိန်၏ဇနီးကျွန်တော်.အဘွားမှာဒေါ်သိန်းခင်ဟုခေါ်ပြီးသူသည် အနုပညာသမားတစ်ယောက်မဟုတ်ပါ ။ရိုးသားအေးဆေးသောရှေးအဖွားကြီးတစ်ယောက်ဖြစ်ပါသည် ။သူသည်ရုပ်ပြစာအုပ်များဖတ်ရတာအလွန်ဝါသနာပါသည် ။အဘိုးကဓါတ်ပုံကူးရန် နေေ၇ာင်ခြည်ကောင်းမကောင်းအဘွားကိုကြည်.ခိုင်းရာ အဘွားသည် နေရောင်ကိုကြည်.မပေးပဲ ကာတွန်းစာအုပ်ဖတ်နေသဖြင်.အဘိုးနှင်.တကျက်ကျက်စကားများရန်ဖြစ်ကြသည်( ထိုစဉ်ကဓါတ်ပုံကူးလျင် နေရောင်ခြည်နှင်.ကူးရပါသည်)။နောက်ထပ်အဘိုးတစ်ယောက်မှာအမေဘက်မှတော်ရသောအဘိုးဖြစ်သူ ဦးမြမောင်ဖြစ်သည် ။ ဘိုးဘိုးဦးမြမောင်သည်လည်းပြည်မြို.မှပင်ဖြစ်သည် ။သူသည် ဂီတတွင်ထူးချွန်လှသူဖြစ်သည် ။ မြန်မာ.ရိုးရာတူရိယာအားလုံးနီးပါးကိုကျွမ်းကျင်စွာတီးနိုင်ရုံမက အနောက်တိုင်းတူရိယာ စန္ဒယားကို ကောင်းစွာတီးနိုင်ပါသည် ။ သူသည်ပြည်မြို.မှဆိုင်းဆရာကြီးဦးလူလေး၏ တပည်.ဖြစ်သည် ။ ဦးလူကလေးထံတွင်မြန်မာ.ဆိုင်းပညာလေ.လာသင်ယူရင်းပညာစုံသောအခါ ဦးလူကလေးက တပည်.ဖြစ်သူအားသူ၏ သမီးဖြစ်သူမစန်းကြည်(ကျွန်တော်.အဘွား)နှင်.လက်ဆက်ပေးခဲ.ခြင်းဖြစ်သည် ။
ဤနည်းဖြင်.အဘိုးသည် ဦးလူလေး၏အရိုက်အရာကိုခံကာ ပြည်မြို.တွင် ဆိုင်းဆရာ ၊ တီးဝိုင်းခေါင်းဆောင်တစ်ယောက်ဖြစ်လာပါသည် ။ အလှူ မင်္ဂလာပွဲ များတွင်အဘိုးတို.တီးဝိုင်းသည် ပြည်မြို.တစ်ဝိုက်ရပ်နီးရပ်ဝေးဒေသများသို.လိုက်လံဖျော်ဖြေတီးမှုတ်ရလေ.ရှိသည် ။ ဂျပန်ခေတ်တွင် ဒုတိယကမ္ဘာစစ်ကာလကြီးတွင် တီးဝိုင်းအလုပ်ကိုရပ်နားထားကာ တောထဲသို.ပုန်းအောင်း၍စစ်ဘေးတိမ်းရှောင်နေရသော ကာလမှာပင်အဘိုးဦးမြမောင်သည် တောထဲအထိစန္ဒယားကြီးသယ်လာခဲ.သူဖြစ်သည် ။ အတီးအမှုတ် ဂီတမှလွဲ၍ဘာကိုမှစိတ်မ၀င်စားသူဖြစ်သည် ။ ထိုသို.ဂျပန်ခေတ်စစ်ပြေးနေရင်းရန်ကုန်တွင် ကန်တော်မိတ်ရုံ ၊မြိုင်ရုံ စသည်ဖြင်.ပြဇာတ်များကသောအခါ ရန်ကုန်မြို.မှမိတ်ဆွေဖြစ်သူ ရွှေပြည်အေးနှင်.အေ၀မ်းခင်မောင်တို.က စန္ဒယားတီးရန်လူလွှတ်ပြီး လာခေါ်သဖြင်.အဘိုးဦးမြမောင်သည် ရန်ကုန်သို.လိုက်သွားကာ ပြဇာတ်ရုံများတွင်စန္ဒယားဆရာအဖြစ်အသက်မွေးခဲ.ပါသည် ။ နောက်တော.အဘိုးသည်ရန်ကုန်သို. အပြီးပြောင်းသွားပြီး ပန်တျာကျောင်းတွင်ဆိုင်းနည်းပြဆရာဖြစ်လာပါသည် ။ အမေသာအဖေနှင်.အိမ်ထောင်ကျပြီးဖြစ်၍ပြည်မြို.တွင်ကျန်နေရစ်ပါသည် ။ အဘိုးသည်ဂီတလောက၌ စန္ဒယားမြမောင် (ပြည်) ဟုနာမည်ကျော်ပါသည် ။
အဘိုးနှင်.အဘွားတွင်သားသမီးကိုးဦးထွန်းကားရာ ကျွန်တော်.အမေသည် နံပါတ်(၂)ဖြစ်ပြီး ယခုအခါ အဆိုပြိုင်ပွဲများတွင်ဒိုင်လုပ်နေသော ခင်မြတ်မွန်(ဟာမိုနီ)မှာ နံပါတ်(၉) သမီးဖြစ်ပါသည် ။ထို.ကြောင်. ခင်မြတ်မွန်နှင်.ကျွန်တော်မှာတူအရီးတော်ပါသည် ။ကျွန်တော်သည်သူ.တူအရင်းဖြစ်ပါသည် ။ ဤသည်မှာစကားစပ်၍ပြောပြခြင်းဖြစ်ပါသည် ။
ကျွန်တော်သည် ဖခင်ဘက်မှအဘိုးဦးဝိန်ကိုမမီလိုက် မတွေ.လိုက်ဖူးပါ ။သို.သော်မိခင်ဘက်မှအဘိုးဦးမြမောင်ကို သေသေချာချာသိမီလိုက်ပါသည် ။အဘိုးသည်ကျွန်တော်ကိုအလွန်ချစ်ပါသည် ။ ကျွန်တော်သည် ၀က်သားဆီပြန်ဟင်းကိုအလွန်ကြိုက်မှန်းသိသဖြင်. အမေရန်ကုန်လာလည်လျင်အဘိုးသည် ဈေးသို.သွားကာဝက်သားကောင်းကောင်းဝယ်ပြီးသူကိုယ်တိုင်ချက်ကာ လေးဆင်.ချိုင်.နှင်.ထည်.ပြီးကျွန်တော် စားရန် တကူးတကပြည်မြို.သို.ပို.ပေးတတ်ပါသည် ။ ကျွန်တော်သည် အဘိုးပေးလိုက်သော ၀က်သားဟင်းများကို မည်သူ.မှမကျွေးပဲတစ်ယောက်တည်းမောင်ပိုင်စီးထားရာ အိမ်သားများသည် ထိုဝက်သားဟင်းကို စားလိုပါက ကျွန်တော်.အလစ်တွင်ခိုးစားရပါသည် ။ စန္ဒယားတီးခြင်းအပြင်အဘိုးဝါသနာပါသည်မှာ ဟင်းချက်ခြင်းနှင်.ဘောလုံးပွဲကြည်.ခြင်းဖြစ်ပါသည် ။ အောင်ဆန်းကွင်းတွင်ကျင်းပသောတိုင်းနှင်.ပြည်နယ်ဘောလုံးပွဲများသို.အဘိုးသည် အမြဲသွားရောက်ကြည်.ရှုပြီး တစ်ခါတရံလည်းလောင်းတတ်ပါသည် ။တစ်နေ.တွင် ပဲခူးတိုင်းနှင်. တနင်္သာရီတိုင်းအသင်းတို.ဗိုလ်လုပွဲကန်ကြရာ အဘိုးသည်ပြည်သားဖြစ်သဖြင်.ပဲခူးတိုင်းဘက်က
ပါသမျှငွေအကုန်လောင်းရာ ပြွဲပီးသော် ပဲခူးအသင်းရှုံးသဖြင်.
လောင်းကြေးကုန်ရုံမျှမက နိုင်လျင်တီးလိုက်မဟဲ.ဟု
ဝင်.ကြွားစွာယူလာခဲ.သောရကွင်းကြီးကို လွယ်အိတ်ထဲမှာထည်.၍ခပ်လျှိုလျှိုပြန်လာရပေသည် ။အိမ်ရောက်သောကျွန်တော်.အဘွားကလခထုတ်ရက်ပိုက်ဆံမအပ်သဖြင်.မေး၏ ။
“ ကိုမြမောင် လခတွေရော “
“ ကုန်ပြီ ပြောင်ပြီ ..ဘောလုံးပွဲလောင်းလိုက်ပြီ ..”
“ ကုန်ရင် မစားကြနဲ. ဘာမှမချက်ဘူး အငတ်နေကြ “ ဟုအဘွားကစိတ်ဆိုးပြီးပြောသည်
။ နောက်နေ.တွင်တော.အဘိုးသည် စန္ဒယားတီးသင်ချင်သော သူများကိုအိမ်တွင်လိုက်သင်ပေးရာမှရသောပိုက်ဆံများကိုအဘွားအားအပ်ပြီးချော.ပါသည် ။အဘိုးသည် အရက်သေစာသောက်စားခြင်းမရှိ ။သို.သော် ဆေးပြင်းလိပ်ကိုတော.အလွန်နှစ်သက်သည် ။ ထိုသို.သော အေးအေးလူလူပျော်ပျော်နေတတ်သောအဘိုးသည် အသက် ၆၇နှစ် ခန်.တွင် ဦးနှောက်သွေးကြောပြတ်သောရောဂါဖြင်.ရုတ်တရက်ကွယ်လွန်သွားပါသည် ။အဘိုးဆုံးသည်ဟုပြည်ကိုဖုန်းလာတော.အမေသည်အိမ်မှာမရှိ ဈေးသို.သွားနေပါသည် ။ အိမ်တွင်လူကြီးလူကျယ်လုပ်နေသူမှာ အသက်ရှစ်နှစ်သားပဲရှိသေးသည်.ကျွန်တော်ဖြစ်သည် ။ကျွန်တော်သည်ငယ်သေးသဖြင်. ဤသတင်းသည် မင်္ဂလာသတင်းလား ။အမင်္ဂလာသတင်းလားမသိ ဈေးသွားသောအမေအိမ်ပြန်လာအောင်မစောင်.ဆိုင်းတော.ပဲ ဈေးထဲသို.ပြေးလိုက်လေ၏ ။ဈေးထဲသို.ရောက်၍အမေ.ကိုတွေ.လျင်ပြောသင်.မပြောသင်.မှန်းမသိ အမေရင်ကွဲမည်.သတင်းကိုဤသို.အားရပါးရပြောချလိုက်လေ၏ ။
“ အမေ.ရေ..အမေ.ရေ သိလား ရန်ကုန်ကဖုန်းလာတယ် ဘိုးဘိုးကြီးရယ်ဆုံးပြီဗျ ..”
ကျွန်တော်.စကားဆုံလျင်အမေသည် ဈေးထဲမှာပင်မူးမေ.လဲကျသွားလေသည် ။
* * * * * * * *
ငယ်ဘဝ
ကျွန်တော်သိတတ်စအရွယ်သို.ရောက်လျင် အိမ်၏စီးပွားရေးမှာကျဆင်းနေပေပြီ ။ ကျွန်တော်တို.တွင်ညီအစ်ကိုမောင်နှမ
ခုနစ်ယောက်ရှိရာ နံပါတ်(၁) မာလာဝေ ၊နံပါတ် (၂) နီလာဆွေ ၊ နံပါတ်(၃)
အောင်ကြည်စိုး တို.သည် ရွှေပေါ်မြတင်နေခဲ.ကြရ၏ ။
ထိုစဉ်ကကျွန်တော်.အဘိုးရှိသေးသည် ။ အဘိုးမှာ သူ၏အစ်ကိုများကချမ်းသာသူမျာဖြစ်သည်.အပြင် သူကိုယ်တိုင်လည်းဓါတ်ပုံဆိုင်ဖွင်.၍စီးပွားအရှာတော်သဖြင်. ကျွန်တော်.အစ်မနှစ်ယောက်နှင်.အစ်ကိုကြီးလက်ထက်မှာ အလွန်အဆင်ပြေခြင်းဖြစ်သည် ။ ကျွန်တော်လူမှန်းသိတတ်စအရွယ်တွင်အိမ်၏အခြေအနေမှာအတော်ဆိုးနေ၏ ။ အစ်မကြီး မာလာဝေမှာကျွန်တော်တို.ဘေးအိမ်မှ
ကိုအောင်မင်းနှင်. လိုက်ပြေးသွားသဖြင်. အိမ်တွင် မရှိပါ ။ မကြာမီ
အစ်မနံပါတ် (၂)သည်လည်းအိမ်မှထွက်ခွာကာ အစ်မဖြစ်သူမာလာဝေနှင်.သွားရောက်နေထိုင်သဖြင်.
အိမ်၌မရှိတော.ပါ ။ အိမ်၌ ကျွန်တော်တို.၏ နံပါတ်(၃) ဖြစ်သောအစ်ကို
ကိုအောင်ကြည်စိုးမှာ အကြီးဆုံးဖြစ်နေပါသည် ။
ထိုအချိန်တွင်အဘိုးဦးဝိန်လည်းကွယ်လွန်ခဲ.ပါပြီ။ ဦးဝိန်၏အစ်ကိုများလည်းကွယ်လွန်ခဲ.ပြီဖြစ်ရာ ကျန်သောမျိုးဆက်များနှင်.ကျွန်တော်တို.အိမ်သည်အဆက်အစပ်မရှိလှတော.ပါ ။ ထို.နောက် အဘိုးဦးဝိန်၏ဇနီးဖွားဖွားဒေါ်သိန်းခင်ကွယ်လွန်ပါသည် ။
အဖွားဆုံးသောအခါ ဘိုးဘွားပိုင်ပစ္စည်းများကိုအမွေခွဲရန် ကျွန်တော်.အဖေ၏အစ်မဖြစ်သူ ဒေါ်မြရှင်နှင်. အဖေ၏ညီဖြစ်သူ ဦးတာတို.ရောက်လာပါသည် ။ ကျန်ခဲ.သည်မှာအတွင်းပစ္စည်းအချို. ၊ ကျွန်တော်တို.ယခုနေသော ဆံတော်ရပ် မြောက်စောင်းတန်းလမ်းမကြီးမှအိမ်တစ်လုံး
၊ ပြည်မြို.စစ်ကဲလမ်းမှ ခုနစ်ခန်းတွဲ အိမ်တန်းလျားတို.ဖြစ်ပါသည် ။ အဖေသည်
ရှည်ရှည်ဝေးဝေးပြောမနေပေ ။ယခုလက်ရှိအိမ်ကိုရလျင်တော်ပြီ မမတို.
အတာတို.ကျန်တာတွေယူလိုက်တော.ဟုပြောသဖြင်. လက်ရှိနေထိုင်သောအိမ်တစ်လုံးတွင်ဆက်နေရခြင်းမှလွဲ၍ ကျွန်တော်တို.တွင်ဘာမှဟုတ်ဟုတ်ငြားငြားမရလိုက်ပါ ။ အံတီမမြရှင်နှင်.ဦးလေးဦးတာတို.မှ အိမ်ခန်းတွဲရော လက်ဝတ်ရတနာအချို.ကိုပါခွဲယူရသဖြင်.အဖေ.ထက်ပိုရပါသည် ။သို.သော် သူတို.မောင်နှမခြင်းကြေနပ်၍ခွဲဝေကြခြင်းအတွက်အမေသည် ဘာတစ်ခွန်းမှဝင်မပြောပါ ။
အဖေသည် ဓါတ်ပုံဆိုင်ကိုဖြုတ်၍သတင်းထောက်တစ်ယောက်အဖြစ် သာ မိုးလင်းမှမိုးချုပ်အပြင်ထွက်နေတာများပါသည် ။ အိမ်တွင်လူကြီးမှာကိုအောင်ကြည်စိုး
နှင်.အစ်မမသီတာတို.သာဖြစ်ပါသည် ။ကိုအောင်ကြည်စိုးမှာအသက် ၂၀ ခန်.မသီတာမှာ
အသက် ၁၄ နှစ်ခန်. ၊အောင်အောင်သည် အသက် ၁၂ နှစ်ခန်. ၊ကျွန်တော်သည်
၁၀နှစ်ခန်. ရှိမည်ထင်ပါသည် ။အမေသည်တစ်ဖက်တစ်လမ်းမှဝင်ငွေရစေရန် စစ်ကဲလမ်းနှင်လမ်းမတော်လမ်းထောင်.တွင် ဆီချက်ခေါက်ဆွဲဆိုင်ထွက်၍ရောင်းပါသည် ။ မနက်မိုးလင်းလျင်အမေသည်ဈေးခြင်းတောင်းကြီးနှစ်လုံးကို ဆိုက္ကားနှင်.တင်၍ ခေါက်ဆွဲဆိုင်ရှိရာသို.တစ်ယောက်တည်းထွက်သွားပါသည်။အမေ.တွင်ကူဖော်လောင်ဖက်ဟူ၍မရှိပါ ။စားပွဲထိုးအလုပ်သမားဟူ၍လဲမရှိပါ ။ဆိုင်ခင်းတော.လဲအမေ။ ဆိုင်သိမ်းတော.လည်းအမေ၊ဈေးရောင်းတော.လည်းအမေ၊စားပွဲထိုးလည်းအမေ၊
ချက်ပြုတ်တော.လည်းအမေပင်ဖြစ်ရာ အမေသည် အတော်အလုပ်လုပ်နိုင်သော
အမျိုးသမီးတစ်ယောက်ဖြစ်သည် ။ ယခုအခါပြန်တွေးကြည်.သောအခါ
အမေ.ကိုအလွန်သနားမိပါသည် ။ထိုစဉ်ကတော.အမေအိမ်မှထွက်သွားသည်နှင်. ကလေးပီပီ ကစားရန်ပဲအာရုံရောက်နေပါသည် ။အမေသည်သားသမီးများ ထမင်းစားရန်ထမင်းတစ်အိုးချက်ထားခဲ.ပြီးဟင်းကိုမူ ဆိုင်မှဝယ်စားရန်ပိုက်ဆံပေးခဲ.ပါသည် ။ တစ်ယောက်လျင်ငါးမူးနှန်းပေးခဲ.ပါသည်။ငါးမူးဆိုသည်မှာတစ်ကျပ်၏ထက်ဝက်ဖြစ်ပြီး ထိုပိုက်ဆံဖြင်. ခရမ်းသီးနှပ်တစ်လုံး (သို.မဟုတ် )ဘဲဥချဉ်ရည်ဟင်းတစ်ခြမ်းရပါသည် ။ တကယ်ဆိုလျင်ထိုပိုက်ဆံမှာကလေးတစ်ယောက်အတွက် အတော်စားလောက်ပါသည် ။သို.သော်မိဘအုပ်ထိမ်းမှုမရှိတော.သောကျွန်တော်တို.ညီအစ်ကိုနှစ်ယောက်သည်
ထိုပိုက်ဆံကို ဟင်းဝယ်မစားပဲ သရေကွင်းပစ်ခြင်း ၊ကျောက်ဒိုးရိုက်ခြင်း
၊ကားဘူးထပ်ခြင်း ၊ ပိုက်ဆံကိုထောင်၍ သံလုံးဖြင်.ပစ်ခြင်း
စသည်များကိုတစ်နေကုန်မရိုးအောင်ဆော.ပစ်သည်ဖြစ်ရာ ဟင်းကောင်းကျွေးကောင်းနှင်.စားရသည်.နေ.လည်းရှိ ဖြစ်သလိုရှိသမျှနှင်.စားရသည်.နေ.လည်းရှိ၏ ။ အမေကတော.ထိုအဖြစ်အပျက်ကိုမသိပေ ။ သူပိုက်ဆံဝေခြမ်းပေးခဲ.သည်ကိုကျွန်တော်တို.မှန်မှန်စားရသည်ဟုပင်ထင်နေလေသည် ။
အစ်ကိုကြီးကိုသတ်ရန်ကြံကြခြင်း
ထိုစဉ်က အိမ်တွင် အဖေအမေမရှိသောအခါ အကြီးဆုံးမှာအစ်ကိုကြီးအောင်ကြည်စိုးသာဖြစ်သည် ။ သူ.ကိုမောင်နှမအငယ်သုံးယောက်ဖြစ်သော
မသီတာ ၊အောင်အောင်နှင်.ကျွန်တော် တို.သည် ဖိန်.ဖိန်.တုန်အောင်ကြောက်ရလေ၏
။သူသည် ကျွန်တော်တို.ကို စိတ်မထင်လျင်မထင်သလို နားရင်းအုပ်ခြင်း ၊
ဝါးခြမ်းပြားဖြင်.ရိုက်ခြင်း၊ ရေတိုင်ကီထဲသို.ပစ်ချခြင်း
စသည်ဖြင်.မိဘကွယ်ရာတွင်နှိပ်စက်တတ်သည်ဖြစ်ရာ ကျွန်တော်တို.ကိုဗိုလ်ကျစိုးမိုးနေသော အစ်ကိုကို ကျွန်တော်တို.အလွန်မုန်းကြလေ၏ ။ တစ်နေ.တွင်ကျွန်တော်တို.မောင်နှမသုံးယောက်သည် တိုင်ပင်ဆွေးနွေးကြလေကုန်၏ ။ ကျွန်တော်တို.က သူ.ကို ကိုကိုဟုခေါ်၏ ။ အစ်မဖြစ်သူမသီတာကဤသို.စတင်နှီးနှောသည် ။
“ ငါတို. ဒီလိုတော.နေလို.မဖြစ်ဘူး ကိုကိုဟာငါတို.ကိုအင်မတန်အနိုင်ကျင်.တယ် “
“ ဟုတ်တယ်ငါလဲ မခံချင်လို.နေ.တိုင်း အလေးတွေမနေတာပဲ ကြီးလာလို.အရွယ်တူတာနဲ.ပြန်ချမယ် “ ဟုအောင်အောင်ကသူ၏သံဓိဌာန်ကိုမြွက်ဟ၏ ။
“ ကောင်းတယ် နင်တို.နှစ်ယောက်လုပ်တာကို ဘာပဲဖြစ်ဖြစ်ငါလဲပါမယ် ၊
ဒီလိုလုပ်ပါလား ကြီးတဲ.အထိစောင်.မနေနဲ.အခုပဲ ဥာဏ်ထုတ်ပြီး
သတ်ပစ်လိုက်ပါလား “
ဟုကျွန်တော်ပိစီကွေး အသေးဆုံးလေးကအကြံပေးသည် ။
“ ဟုတ်တယ် အဲဒိအကြံကောင်းတယ် “ ဟုမသီတာက ၀မ်းသာအားရထောက်ခံသည် ။
“ အဲဒါဆိုဘယ်လိုလုပ်ကြမလဲ “ ဟုအောင်အောင်ကမေးသည် ။
“ အဆိပ်ခပ်ရင်ကောင်းမယ်ထင်တယ် ငါကထမင်းပြင်ကျွေးရတာဆိုတော. လုပ်ရတာလွယ်တယ် “ ဟုမသီတာက နည်းစနစ်ကိုညွှန်ပြ၏ ။
“ အဆိပ်က ဘယ်ကရမလဲ”
“အေးဟ “
ဆင်ပြောင် ကြီးအမြီးကျမှတစ်ဆိုသလို ကျွန်တော်တို.၏ စီမံကိန်းသည်
လက်တွေ.အသုံးချရမည်. အဓိကကုန်ကြမ်းပြတ်လပ်လျက်ရှိ၏ ။
ယခုအခါပြန်တွေးကြည်.လျင်ရယ်စရာဖြစ်သော်လည်း ကလေးအရွယ်စဉ်းစားဥာဏ်မရှိမီထိုအချိန်တွင် ကျွန်တော်တို.လက်ထဲတွင် အဆိပ်သာတကယ်ရှိခဲ.ပါကလုပ်ကြံမှုမှာတကယ်ဖြစ်ကောင်းဖြစ်ခဲ.နိုင်ပေမည် ။ အဆိပ်ပြသနာကို မသီတာက ကလေးသာသာဥာဏ်ဖြင်.အကြံပေးသည်မှာ
“ ငါကြားဖူးတာကတော. တောက်တဲ.ချေးစားရင် သေတတ်တယ်တဲ. ၊ တောက်တဲ.ချေးဟာ
အဆိပ် တဲ.ဟ ၊အဲဒိတော. ညီညီနဲ.အောင်အောင် ၊ နင်တို.နှစ်ယောက်က
ရပ်ကွက်ထဲမှာတောက်တဲ.ချေးရအောင် လိုက်ရှာကြ ၊ ရလာရင် ကျွေးဖို.ကငါတာဝန်ယူတယ် “
“ ကောင်းတယ် ၊ကောင်းတယ် “
ဤသို.ဖြင်.နောက်နေ.တွင်ကျွန်တော်နှင်.အစ်ကိုဖြစ်သူ အောင်အောင်သည် သစ်ပင်တကာသစ်ပင်ရှိသမျှ ၊သစ်ခေါင်းမကျန် ၊ သစ်ပင်ခွဆုံမရှောင် တောက်တဲ.ချေးများတွေ.မလားဆိုလိုက်ရှာရာ ကံဆိုးပါကမြွေနှင်.တွေ.ပြီး ငယ်ငယ်ရွယ်ရွယ်နှင်.ကိစ္စချောနိုင်လေသည်
။ယခုမူ ကျွန်တော်တို.ရော သေကံမပါ ၊ကျွန်တော်.အစ်ကိုကြီးလဲ
အဆိပ်ဖြင်.လုပ်ကြံခံရမည်. ဇာတာပါမလာရကား ကျွန်တော်တို.သဲကြီးမဲကြီးရှာဖွေနေသော တောက်တဲချေးကိုရှာမတွေ.ပဲ စီမံကိန်းကြီးလေထဲမှာအငွေ.ပျံကွယ်ပျောက်သွား၏ ။ ကျွန်တော်တို.၏လုပ်ကြံသတ်ဖြတ်မှုစီမံကိန်းကိုလည်း အစ်ကိုကြီးသည် တစ်စွန်းတစ်စ ကြားသိသွားသည်ထင်သည် ။ ကျွန်တော်တို.ကို ထိုအခါမှစကာ ယခင်လိုသိပ်ပြီးအနိုင်မကျင်.တော.ပေ ။
သရ၀ဏ်(ပြည်)
( ဆက်ရန် )
0 comments:
Post a Comment