Monday, September 1, 2014

ပြည်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ပြည်သူ့ထံပန်ကြားချက် ပြည့်သဲမောင်(ပြည်)

Leave a Comment


ပြည်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ပြည်သူ့ထံပန်ကြားချက်
ပြည့်သဲမောင်(ပြည်)


ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပြည်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဓါတ်အားလိုင်းများကြံ့ခိုင်ရေး ၊ ဓါတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်သော သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို အပတ်စဉ် စနေ ၊ တနင်္ဂနွေရက်
များကို ဦးစားပေးလျှက် ဆောင်ရွက်ပေးလျှက်ရှိပါသည်။ ယခင်က သွယ်တန်းထား
သော ACSR (70) mm2 ကြိုးများအစား တောင့်တင်းခိုင်မာသော ACSR (95)mm2 ကြိုးများဖြင့် အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိရာတွင် လျှပ်စစ်ဝန်ထမ်များ အန္တရာယ်ကင်းရှင်းရေးအတွက် နံနက် (၉:၀၀) နာရီမှ ညနေ
(၄: ၀၀) နာရီအထိ ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများကို ခေတ္တပိတ်၍ ဆောင်
ရွက်ပေး လျှက်ရှိပါသည်။


သို့ပါသောကြောင့် အများပြည်သူများအနေဖြင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး
အပေါ် နားလည်၊ စိတ်ရှည်သည်းခံပြီး လုပ်ငန်းများအောင်မြင်ရေးအတွက် ၀ိုင်းဝန်း
ကူညီပေးကြပါရန် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ရုံးကိုယ်စား မြို့နယ်လျှပ်စစ်အင်
ဂျင်နီယာ ကိုကျော်စွာလင်းမှ ပြည်သူများအား မေတ္တာရပ်ခံ အပ်ပါကြောင်းပြောကြား
ခဲ့သည်။

ထို့အပြင် လမ်းဘေးဓါတ်တိုင်များပျက်စီးယိုယွင်းပြီး အများပြည်သူများ အန္တရာယ်
ရှိနိုင်သည့်အတွက် တိုင်များပြုပြင်ခြင်း ၊ အသစ်လဲခြင်းလုပ်ငန်းများကိုလည်း အခါအားလျှော်စွာ ဆောင်ရွက်လျှက်ရှိနေကြောင်း ၄င်းမှ ဆက်လက်ပြောကြားခဲ့သည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page