Thursday, September 25, 2014

၁၉၈၂ခုနှစ်နိုင်ငံသားဖြစ်ခွင့် ဥပဒအညီဆောင်ရွက်ပါက ဘင်္ဂလီ နိုင်ငံသားဖြစ်ခွင့်သဘောတူသည်ဟု ဦးဝီရသူမိန့်ကြား

Leave a Comment

သီဟလွင်- ပြည်(မြစ်မခ)

လွန်ခဲ့သောရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်တွင် ဘဂါင်္လီတစ်ချို့အား နိုင်ငံသားဖြစ်ခွင့်ပေးခြင်းနှင့်ပတ်သက်၍ ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်ပါက သဘောတူသည်ဖြစ်သော်လည်း နိုင်ငံသားဖြစ်ခွင့်မရှိသူများကိုလည်း နိုင်ငံထဲတွင်ထားခွင့်မရှိဟု မ.ဘ.သ ဗဟိုဦးဆောင်ဆရာတော် ဦးဝီရသူက စက်တင်ဘာ (၂၃)ရက်နေ့က မိန့်ကြားသည်။

“ဦးဇင်းတို့က ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေကိုထောက်ခံထားတယ်၊ အဲဒီဥပဒေနဲ့အညီဆောင်ရွက်မယ်ဆိုရင် သဘောတူတယ် ဒါပေမယ့် အဲဒီဥပဒေနဲ့အညီဆောင်ရွက်မယ်ဆိုရင် နိုင်ငံသားဖြစ်ခွင့်ရှိတဲ့သူတွေကို နိုင်ငံသား ဖြစ်ခွင့်ပေးဖို့လိုသလို နိုင်ငံသားဖြစ်ခွင့်မရှိတဲ့သူတွေကိုလည်းပဲ နိုင်ငံထဲမှာထားခွင့်မရှိပါဘူး အဲဒီအတွက်လည်း အစိုးရအနေနဲ့အလုပ်လုပ်ဖို့လည်းလိုတယ်”ဟု ဆရာတော်က မိန့်သည်။



ရခိုင်ပြည်နယ် မြေပုံမြို့တွင် စက်တင်ဘာ ၂၂ ရက်နေ့က မြေပုံမြို့နယ် တောင်ပေါ်စခန်းရှိ ဘဂါင်္လီဦးရေ တစ်ထောင်ကျော်ရှိသည့်အနက် ဘင်္ဂါလီ ၄၀အား မြန်မာနိုင်ငံသားအဖြစ် နိုင်ငံသားစိစစ်ရေးကဒ်များ ထုတ်ပေးခဲ့သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးဘာသာ သာသနာ စောင့်စောက်ရေးအဖွဲ့(မ.ဘ.သ)အနေဖြင့် မျိုးစောင့် ဥပဒေမပေါ်ပေါက်မချင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“မျိုးစောင့်ဥပဒေတွေမပေါ်ပေါက်မခြင်း လှုပ်ရှားမှုတွေကတော့အမြဲရှိနေမှာပဲ လက်မှတ်တွေလည်း သူဟာနဲ့သူထိုးပြီးလာပို့နေကြတာလည်းရှိတယ်၊ အဲဒါတွေလည်းစုထားတယ် တကယ်လို့လိုအပ်ရင် ထပ်တင်မယ်”ဟု ဦးဝီရသူက မိန့်သည်။

ပဲခူးတိုင်းအနောက်ပိုင်းပေါင်းတလည်မြို့တွင် စက်တင်ဘာလ(၂၃)ရက်နေ့ကလည်း အမျိုးစောင့်ဥပဒေဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ပြီး ဦးဝီရသူနှင့် မကွေးဆရာတော်ဦးပါမောက္ခတို့မှ ဟောပြောခြင်းများ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ဘင်္ဂါလီ(၄၀)ကို နိုင်ငံသားပြုခွင့်နှင့်ပတ်သက်၍ ဘင်္ဂလီအချို့က ၀မ်းသာ လျက်ရှိသည်ဟု သတင်းဖော်ပြချက်များအရ သိရှိရသည်။

Shwe Myitmakha Media Group

0 comments:

Post a Comment

Facebook Like Page