ကျားနှစ်ကောင် အရက်ချက်စက်ရုံရှိ ဖွဲဂိုဒေါင် ဖွဲပုံအပူလွန်ကဲပြီး မီးခိုးအူထွက်ကာ
ဖွဲများမီးလောင်ကျွမ်း
ပြည့်သဲမောင်(ပြည်)
၂၀၁၄ စက်တင်ဘာလ(၉)ရက်နေ့ မနက်(၁)နာရီအချိန်ခန့် ပြည်မြို့နယ်၊ အမှတ် (၃)နယ်မြေရဲစခန်းမြောက် (၃)ဖာလုံခန့်ပြည်သာယာရပ်ကွက်၊ တာဂွရပ်၊ ဘိုးဘွား
ရိပ်သာလမ်းတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ စခန်းမှူးရဲအုပ်စိုးလှိုင်ဦး
နှင့် အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးရာ ကျားနှစ်ေ
ကာင် အရက်ချက်စက်ရုံရှိ ဖွဲဂိုဒေါင် ( သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ )(အလျား၁၉ ပေ၊အနံ
၃၂ပေ၊ အမြင့် ၈ပေ ) အတွင်းရှိ ဖွဲပုံသည် အပူလွန်ကဲပြီး မီးခိုးအူထွက်ကာ ဖွဲများ
မီးလောင်ကျွမ်း သွားခဲ့၍ ( ၁၀၀၀၀ိ/- )ကျပ်ခန့် ဆုံးရှူံးသွားပြီး ၀၂၁၅အချိန်မီးငြိမ်းသွား
ခဲ့ရာ အခြားကူးစက်လောင်ကျွမ်းမှု မရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့အတည်ပြုချက်အရ
သိရသည်။
ထို့ကြောင့် မီးပေါ့ဆစွာ သုံးစွဲသူ အောင်ကိုကို၊ (၂၉)နှစ်၊ (ဘ)ဦးအောင်နိုင်ဝင်း၊ ဗမာ
/ဗုဒ္ဓ၊ မန်နေဂျာ၊ ကျားနှစ် ကောင်အရက်ချက်စက်ရုံဝန်း နေသူအား အရေးယူပေးပါရန်
ခရိုင်မီးသတ်ဦးစီး ဦးဝင်းညွန့်မှတရားလိုပြုလုပ်တိုင်တန်းချက်အရ အမှတ် (၃)နယ်မြေ ရဲစခန်း (ပ)၁၉၉/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုရေးဖွင့်ရှိကာ ဒုရဲအုပ်ဟိန်းဝဏ္ဏမှ စစ်ဆေးပြီး အမြန်တရားစွဲ တင်ပို့ နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။
မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)
0 comments:
Post a Comment