Tuesday, September 9, 2014

မိတ်ဆွေကောင်း ရေကူးကန်တွင်အမျိုးသားတစ်ဦး ရေနစ် သေဆုံးကြောင်းသိရှိရ ပြည့်သဲမောင်(ပြည်)

Leave a Comment


မိတ်ဆွေကောင်း ရေကူးကန်တွင်အမျိုးသားတစ်ဦး ရေနစ် သေဆုံးကြောင်းသိရှိရ
ပြည့်သဲမောင်(ပြည်)
၂၀၁၄ စက်တင်ဘာလ(၈)ရက်နေ့ ညနေ(၅း၃၀) အချိန်ပြည်မြို့နယ်၊ အမှတ် (၃)
နယ်မြေရဲစခန်း အနောက်မြောက်( ၁.၅ )မိုင် ခန့် ပြည်ဆေးရုံကြီးတွင်အမျိုးသား
တစ်ဦး ရေနစ်သေဆုံး၍ ရောက်ရှိလာ ကြောင်း အကြောင်းကြားချက်အရ စခန်းမှူး
ရဲအုပ်စိုးလှိုင်ဦးနှင့် အဖွဲ့သည် သက်သေများနှင့် အတူသွား ရောက်စစ်ဆေးရာေ
ကျာ်စွာဦး၊ (၂၂)နှစ်၊ (ဘ)ဦးထွတ်၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်း၊ နဂါးလိမ်လမ်း၊ ဆံတော်ရပ် ကွက်၊ ပြည်မြို့နေသူသည် ပြည်သာယာရပ်ကွက်ရှိ မိတ်ဆွေကောင်း ရေကူးကန်တွင်
ရေကူး ရာမှ ရေနစ် သေဆုံးကြောင်းသိရှိ ရပြီး၎င်း၏ နှာခေါင်းအတွင်းမှ အမြှပ်နှင့် အရေကြည်များထွက်လျက် လက်ဖ၀ါး၊ ခြေဖ၀ါးတို့တွင် ပဲကြီးရေတွန့်ကာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ သေးဆုံးနေသည်ကို တွေ့ရှိရ သည် ဟုရဲတပ်ဖွဲ့မှစစ်ဆေးချက်ထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ ကျော်စွာဦးသည် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/ မဟုတ် စုံစမ်း စစ်ဆေးပေးပါရန် ဒုရဲအုပ်ဟိန်းဝဏ္ဏမှ ပြည်အမှတ် (၃)နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် ( ၁၁/ ၂၀၁၄ )ဖြင့် ရေးဖွင့်ထားရှိပြီး ရဲအုပ်စိုးလှိုင်ဦး ကစစ်ဆေးဆောင်ရွက် လျက်ရှိပါကြောင်းသတင်းရရှိသည်။
 

မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။

သတင်း ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page