ပြည် ၉.၉.၂၀၁၄
ပြည်မြို့ အောင်ဆန်း ပြည်သာယာရပ်ကွက် ဘိုးဘွားရိပ်သာလမ်းအတွင်းရှိ ဦးတင်ဦး (ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် နေ) ပိုင်ဆိုင်သော ကျားနှစ်ကောင်အရက်ချက်စက်ရုံတွင် ၉.၉.၂၀၁၄ရက်နေ့ ည အချိန် ၁၄း၀၀ နာရီဝန်းကျင်ခန့်မှာ ၁၉×၃၂×၃၀ပေရှိ့သော သွတ်မိုး၊ သွတ်ကာ၊ သွတ်ခင်းဖြင့်ြ ပုလုပ်ထားသော စပါးခွန် ဖွဲများထဲ့ထားရာအခန်း သည်အရက်ချက်လုပ်ရာတွင် အပူပေးသည့် ဗွိုင်လာအိုး မီးထိုးစဉ် အပူလွန်ကဲ၍ မီးထိုး ရန်အသုံပြုသည့် စပါးခွန်ချရာလမ်းကြောင်းမှ မီးကူဆက်လောင်ကျွမ်းခဲ့သည်၊ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ တစ်သောင်းကျပ်ဝန်ကျင်သာရှိခဲ့ပြီး သန္ဒေ မီးသတ်မှ မီးသတ်ယာဉ်(၄)စီး၊ တပ်ဖွဲ့ဝင် (၁၆)ဦး၊ အရန်မီးသတ်မှ မီးသတ်ယာဉ်(၇)စီး တပ်ဖွဲ့ဝင် (၇၅)ဦး၊ ရဲတပ်ဖွဲ့ဝင် (၁၀)ဦး၊ ပြည်သူ (၅၀)ဦးခန့်ဝိုင်းဝန်းငြိမ်းသတ် ရာ (၁၄း၁၂) နာရီမှာ မီးသတင်းရပြီး (၁၄း၁၅) နာရီမှာ စတင်ငြိမ်းသတ်ပြီး (၁၄း၃၅) နာရီမှာ မီး လုံးဝငြိမ်းသတ်နိုင်ခဲ့သည်။ အဆိုပါမီးလောင်မှုကြောင့် အမှတ်(၃)ရဲစခန်းမှ အရက်ချက် စက်ရုံ မန်နေဂျာ ကိုအောင်ကိုကိုအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၂၈၅) အရ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။
ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့
တပ်ရင်းရုံး၊
ပြည်မြို့ အောင်ဆန်း ပြည်သာယာရပ်ကွက် ဘိုးဘွားရိပ်သာလမ်းအတွင်းရှိ ဦးတင်ဦး (ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်
ပြည်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့
တပ်ရင်းရုံး၊
0 comments:
Post a Comment