Monday, September 1, 2014

သရေခေတ္တရာရှေးဟောင်းဇုံအတွင်းက လယ်မြေတွေထဲမှာ အိမ်ဆောက်နေထိုင်သူတွေကို နေရာရွေ့ပြောင်းပေးဖို့အတွက် မြေစာရင်းဦးစီးဋ္ဌာနက အမိန့်တခုထုပ်ပြန်လိုက်ပါတယ်။

Leave a Comment






သရေခေတ္တရာရှေးဟောင်းဇုံအတွင်းက လယ်မြေတွေထဲမှာ အိမ်ဆောက်နေထိုင်သူတွေကို နေရာရွေ့ပြောင်းပေးဖို့အတွက် မြေစာရင်းဦးစီးဋ္ဌာနက အမိန့်တခုထုပ်ပြန်လိုက်ပါတယ်။
*************************************************************************************

သရေခေတ္တရာ ပျူ မြို့ဟောင်း ရွှေတခါးကွပ်သစ် အပိုင်း(၂)နဲ့ အတွင်းက လယ်ယာမြေတွေပေါ်မှာ ဆောက်လုပ်နေထိုင်နေတဲ့အိမ်(၂၃)လုံးကို မြို့နယ်မြေစာရင်းဦးစီးမှုးရုံးက လယ်ယာမြေတွေကို အခြားနည်းဖြင့် တရားမ၀င်အသုံးပြုလုပ်နေထိုင် သည်ဟု သတ်မှတ်ပြီး အဲဒီနေရာတွေက ဖယ်ပေးဖို့အတွက် ပထမအကြိမ် နို့တစ်စါ ထုပ်ပြီး ကျူးကျော်အိမ်တွေကို လာရာက်ကပ်ပြီး နျင်ထုပ်လိုက်ပါတယ်။ျ
ကမ္ဘာ့ရှေးဟောင်းအမွေအနစ်အဖြစ်သတ်မှတ်ထားခြင်းခံရတဲ့ သရေခေတ္တရာ ပျူ မြို့ဟောင်း တည်နေရာကို။ ယူနက်စကိုက Google မြေပုံကနေပြီး ၂၀၁၂ မှာအတည်ပြုထားပြီးတဲ့နောက်မှာ အဲဒီရှေးဟောင်းဇုံ သတ်မှတ်နေရာများအတွင်းမှာ အထက်မြင့်အဆောက်အအုံများဆောက်လုပ်ခြင်းနဲ့ တိုးချဲ့ခြင်းတွေမလုပ်ဖို့တားမြစ်ချက်တွေ ရှိခဲ့ပြီး ဇုံအတွင်းအဓိကကြတဲ့နေရာတွေနဲ့ လယ်ယာမြေတွေပေါ်မှာ အဆောက်အဦးဆောက်လုပ်နေထိုင်ခြင်းတွေကိုလဲပိတ်ပင်တားမြစ်ခဲ့ပါတယ်။
သူ့အနေနဲ့ကတော့ရှိပြီးသားနေသူတွေကိုတော့ ဒီအတိုင်းပဲထားလိုက်ပြီးနောက်ထပ် သာထပ်ပြီးမတိုးချဲ့ဖို့လုပ်စေချင်တယ်။သူ့တို့အနေနဲ့ကလဲ ငွေပေးပြီးဝယ်ယူထားကြသူတွေဖြစ်တယ် ဖယ်ရရွေ့ရမယ်ဆိုရင် သူတို့ ဒုက္ခရောက်ကုန်လိမ့်မယ်လို့ (ရွှေတခါးအုပ်ချုပ်ရေးမှုး ။ဦးတင်ဦး က ပြောပြပါတယ်။
အဲဒီအိမ်တွေကရှေးဟောင်းလက်ရာတွေနဲ့မလွတ်လို့ ဖယ်ဆိုရင်လဲ လူထုက မကျေနပ်လို့ ဆန္ဒထွက်ပြလို့ပြသနာတခုခုဖြစ်ခဲ့ရင်လဲ ယူနက်စကိုက နောက်ဆုပ်သွားရင်လဲ ဒုက္ခပဲ အရင်ကထဲက ဋ္ဌာနဆိုင်ရာတွေ နဲ့ လူတွေရဲ့အမှားကြောင့် အခုလို မဖြစ်သင့်ပဲ ဖြစ်ခဲ့တာတွေ ဖြစ်ရတာဖြစ်တယ်၊အားလုံးကိုတော့ထိမ်းထိမ်းသိမ်းသိမ်း လုပ်မှဖြစ်မယ်လို့ မှော်ဇာဒေသခံ တယောက်က ရှင်းပြပါတယ်
သြဂုတ်လ(၂၃)ရက်နေ့ကပထမဆုံး နို့တစ် စာလာပို့တာ နောက်ဆုံးစာလာပို့ရင် အပြီးသတ်ဖယ်ပေးရမယ်တဲ့ ဒီအနားကအကုန်လုံးကိုဖယ်ခိုင်းတာမဟုတ်ဖူးသူတို့(၄)အိမ်လောက်ကိုပဲဖယ်ခိုင်းနတာဖြစ်တယ်လို့ ဒေသခံတယောက်ကပြပါတယ်။
ပြည်မြိုနယ်မြေစာရင်းဦးစီးမှုးက သူတို့ကလယ်ယာမြေတွေကို အခြားနည်းနဲ့တရားမ၀င်အသုံးပြုနေတာကြောင့် ရွေ့ပြောင်းခိုင်းတာလို့ ဖုန်းဖြင့်ဖြေကြားပေးခဲ့ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းရပ်ဝန်းနှင့် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် တွင်တည်ရှိခဲ့တဲ့ ဟန်လင်း ၊သရေခေတ္တရာနဲ့ ဗိဿနိုးမြို့ဟောင်းတို့အားကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို) က ကမ္ဘအမွေအနှစ်စာရင်းဝင်(World Heritage List) အဖြစ် ဇွန်လ(၂၂)ရက်နေ့ကကာတာနိုင်ငံဒိုဟာမြို့တွင်ကျင်းပသော (၃၈)ကြိမ်မြောက် ကမ္ဘာအမွေအနှစ်အစည်းဝေးတွင်သတ်မှတ်လိုက်ကြောင်း မကြေငြာခင်ကထဲက ကောင်းကင်မြေပုံ Google Map ဖြင့် ရှေးဟောင်းဇုံအတွင်းက သတ်မှတ်နေရာတွေအားလုံးကို (၂၀၁၂)ခုနှစ်ကထဲက မှတ်တန်းတင် ဓါတ်ပုံရိုက်ထားပြီးဖြစ်ပြီး နောက်ထပ်တိုးချဲ့ တာတွေ ကိုပါ စီစစ်ပြီးမှ လက်ခံဖို့ကိုလဲ သတ်မှတ်ပေးပြီးဖြစ်ပါတယ်
အဲဒီခုနှစ်ကထဲက ကန့်သတ်နေမြေတွေ ကို မကျူးကျော်ဖို့သတ်မှတ်ပြီးသားဖြစ်ပေမဲ့ လယ်ယာမြေတွေထဲမှာ အိမ်တွေဆောက်ပြီးနေထိုင်လာမှုတွေနဲ့၊ နောက်ထပ်(လန) (၃၉)လျှောက်ပြီး ရရှိလာသူတွေ ကအခုလိုအိမ်တွေ ဆောက်ပြီးနေထိုင်လာကြတာတွေကြောင့် အိမ် ခန့်မှန်းချေ(၄၀၀)လောက်ဖြစ်လာပြီး အခုလိုပြသနာတွေဖြစ်နေရတာဖြစ်ပြီး၊ ယူနက်စကိုအနေနဲ့ကလဲ အခုလိုမျိုး မလိုလားအပ်တဲ့ ဒေသခံတွေနဲ့ပြသနာတွေဖြစ်ပွားလာခဲ့ရင် လုပ်ငန်းတွေ ရပ်တံ့၊နောက်ဆုပ်သွားမှာတွေ ရှိတာကြောင့်ဒေသခံတွေကဆိုးရိမ် နေကြပါတယ်။

ကိုမင်းညို(DVB)

0 comments:

Post a Comment

Facebook Like Page