Thursday, June 15, 2017

မှားရင်ခံ မှန်ရင်ကံပေါ့

Leave a Comment

မှားရင်ခံ မှန်ရင်ကံပေါ့

အင်းမ  ဇွန်လ(၁၅)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ သဲကုန်းမြို့နယ်၊ ကြို့ပင်သာ
ကျေးရွာအုပ်စု၊ ၀က်ပုတ်တာဆုံအနီး ရန်ကုန်-ပြည်
ကားလမ်း မိုင်တိုင်အမှတ်(၁၄၈/၆) နှင့် (၁၄၈/၇)အ
ကြားတွင် ဇွန်လ(၁၄)ရက်နေ့ နေ့လည်(၂)နာရီ(၃၀)
အချိန်ခန့် ဆိုင်ကယ်နှင့် ပြည်-မိုးညို ပြေးဆွဲနေသော
ပျူမင်းသားတို့ တိုက်မှုဖြစ်ပွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ ပြည်ဘက်သို့ ဦးဝင်းဇော်
(၄၆)နှစ်၊ (ဘ)ဦးဟန်စိန်၊ ကျဘမ်းလုပ်၊ အေးမြသီ
တာရပ်၊ ကြို့ပင်သာကျေးရွာအုပ်စု၊ သဲကုန်းမြို့န
ယ်နေသူသည်၊ ၃၀ယ/…….Hensin Wave 110အ
နက်ရောင်ဆိုင်ကယ်အား မောင်းနှင်ပြီး ရှေ့မှမောင်း
နှင်နေသောကားအား ကျော်တက်စဉ် တစ်ဖက်ယာဉ်
ကြောအတွင်း ရောက်ရှိသွားပြီး မျက်နှာချင်းဆိုင်မှေ
မာင်ကြည်(၃၁)နှစ်၊ (ဘ)ဦးဝင်းအောင်၊ သခင်လှရှိန်
ရပ်ကွက်၊ မိုးညိုမြို့နယ်နေသူလမ်းမှန်အတိုင်းလာေ
သာ ယာဉ်အမှတ် YGN 5B-…..Mini Bus အဖြူရောင်
(ပြည်-မိုးညို၊ပျူမင်းသား)ကားအား  အရှိန်မထိန်းနိုင်
ပဲ ၀င်ရောက်တိုက်မိသဖြင့်ခဲ့ကြောင်းသိရ၏။

ထိုသို့ ကားအားဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးဝင်းဇော်
တွင် ယာဘက်မျက်ခုံးဖူးရောင်ဒဏ်ရာ၊ ယာဘက်မျက
လုံးညိုမဲဒဏ်ရာ၊ နှာခေါင်းမှ သွေးထွက်ဒဏ်ရာများရရှိ
ခဲ့သဖြင့် ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ဆေးကု
သမှုခံယူခဲ့ရကြောင်း။

ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်မောင်းနှင်
သူ ဦးဝင်းဇော် အား အရေးယူပေးပါရန် ရဲဒုတပ်ကြပ်ေ
အာင်သန်းဝင်း မှ တရားလိုပြုလုပ်တန်းချက်အရ အင်း
မရဲစခန်း ယာဉ်(ပ)၂၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၃၈ အရ အမှုရေးဖွင့်ဆောင်ရွက်ထားရှိကာ အမှုအား ရဲအုပ် ကျော်ဇင်ဦးမှ လက်ခံစစ်ဆေးပြီးလျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်သတင်း

ဓါတ်ပုံ-အင်းမဦးလေးကြီး



0 comments:

Post a Comment

Facebook Like Page