Friday, October 24, 2014

လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့၏(၁၅)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန် အလှူတော်မင်္ဂလာကျင်းပ ပြည့်သဲမောင် (ပြည်)

Leave a Comment


လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပဲခူးတိုင်းဒေသကြီး
(အနောက်ပိုင်း) ပြည်မြို့၏(၁၅)ကြိမ်မြောက် စုပေါင်းမဟာ
ဘုံကထိန် အလှူတော်မင်္ဂလာကျင်းပ
ပြည့်သဲမောင် (ပြည်)
လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ
နှင့်ဇနီးအားအမှူးထား၍ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ရှိတိုင်းလျှပ်စစ်အင်
ဂျင်နီယာရုံး၊ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးများ
မြို့လျှပ်စစ်မှူးရုံးများနှင့်ဓါတ်အားခွဲရုံများရှိ ၀န်ထမ်းမိသားစုတို့မှပြည်မြို့ ဇောတိ
ကာရုံ ပရိယတ္တိစာသင်တိုက်တွင် (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အား စီကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

စုပေါင်းမဟာဘုံကထိန် ပသေသာပင်များအား အောက်တိုဘာ(၂၄)ရက်
နေ့ နေ့လည်(၃)အချိန်တွင် ကားများဖြင့်မြို့တွင်းသို့လှည့်လည်ကျပြီး
အောက်တိုဘာ(၂၅)ရက်နေ့ နံနက်(၉)နာရီတွင် ပုရိမ၀ါမှထမြောက်တော်
မှုကြကုန်သော သံဃာတော်အရှင်သူမြတ်တို့အားကထိန်လျာသင်္ကန်းဆက်
ကပ်လှူဒါန်းမည်ဖြစ်ပါသည်။

ထို့ကြောင့်လှူဒါန်းမှုအစုစုတို့အားဗုဒ္ဓဘာသာတို့၏ထုံးနှလုံးမှုကာ နတ်လူ
သာဓုခေါ်ဆိုနိုင်ပါရန်နှင့်အလှူတော်မင်္ဂလာအားနံနက်(၁၀)နာရီမှ(၁၂)နာရီ
အထိ ဇောတိကာရု့ ပရိယတ္တိစာသင်တိုက် ရွှေတံခါးရပ်ကွက် အပိုင်း(၂)တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့်တရားတော်နာနှင့်မုန့်သုံးဆောင်ရန်ကြွရောက်
နိုင်ပါကြောင်းသိရပါသည်။

မှတ်ချက်။ ။၎င်းသတင်းစာမူသည်ဗုဒ္ဓဘာသာတို့ထုံးနှလုံးမူ၍မြန်မာလူမျိုး
တို့၏ယာဉ်ကျေးမူထုံးတန်းအစဉ်အလာအား ဖော်ပြသည့်အနေ
ဖြင့်ရေးသားဖော်ပြခြင်းဖြစ်ပြီး ၄င်းသတင်းစာမူအတွက်ငွေကြေး
တစ်ပြားတခြပ်မျှယူထားခြင်းမရှိကြောင်း အသိပေးအပ်ပါသည်။

သတင်းနှင့်ဓါတ်ပုံ  ပြည့်သဲမောင်(ပြည်)




0 comments:

Post a Comment

Facebook Like Page