Thursday, September 25, 2014

တယ်လီနော၏ မိုဘိုင်းဖုန်း ခေါ်ဆိုခကို တစ်မိနစ် ၂၅ ကျပ် သတ်မှတ်

Leave a Comment
တယ်လီနောသည် ၎င်း၏ မိုဘိုင်းဖုန်းလိုင်း ပြောဆိုခကို တစ်မိနစ်လျှင် ၂၅ ကျပ်ဟု သတ်မှတ်ထားပြီး အဆိုပါဈေးနှုန်းမှာ အခြားသော အော်ပရေတာများ ပိုင်ဆိုင်သော မိုဘိုင်းဖုန်းလိုင်းများကိုမဆို ခေါ်ဆိုသည့် ဈေးနှုန်းဖြစ်သည်။

တယ်လီနောမြန်မာ၏ မိုဘိုင်းဆင်းမ်ကတ်များသည်
ပြည်တွင်းသာမက ပြည်ပသို့လည်း အသံခေါ်ဆိုမှု အရန်သင့် ပြုလုပ်နိုင်ပြီး လက်ရှိအချိန်၌ ပြည်ပနိုင်ငံ ၅ နိုင်ငံကို အသံခေါ်ဆိုမှု ပြုလုပ်နိုင်ရန် ချိတ်ဆက်ထားသည်ဟု သိရသည်။ ခေါ်ဆိုနိုင်သော နိုင်ငံ ၅ နိုင်ငံ၏ အမည်များနှင့် ပြည်ပခေါ်ဆိုမှု နှုန်းထားများကို လာမည့် စက်တင်ဘာလ ၂၇ ရက်တွင် ကြေညာပေးမည်ဖြစ်သည်။

အလားတူ တယ်လီနောသည် ၎င်း၏ မိုဘိုင်းဖုန်း SMS စနစ်ကို တစ်စောင်လျှင် ၁၅ ကျပ်နှုန်း ကောက်ခံမည်ဟု သိရသည်။ တယ်လီနောဆင်းမ်ကတ် အသုံးပြုရန်အတွက် ငွေဖြည့်ကတ်ကို သာမန် ကြိုတင်ငွေဖြည့်ကတ်များအပြင် အီလက်ထရွန်နစ် ငွေဖြည့်ကတ်များနှင့်လည်း အသုံးပြုနိုင်ရန် စီစဉ်သွားမည်ဖြစ်သည်။

Internet Journal

0 comments:

Post a Comment

Facebook Like Page