ခလေး အဖေမရှိချိန်မှာ အိမ်ထောင်စုဇယားမှာအသက်ကိုပြင်ပြီး အသက်မပြည့်သေးတဲ့ခလေးငယ်ကို စစ်တပ်ထဲကိုထည့်လိုက်ခြင်း။
************************************************************************
ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ် လှည်းကူးအုပ်စု၊တောင်မောက်ကျေးရွာ က ခလေးငယ်တယောက် ကို သူ့အဖေ အိမ်မှာမရှိ စဉ်တွင် အိမ်ထောင်စုဇယားကို ကော်ရရှင် ပန် နဲ့ ခလေးမွေးနေ့ သက္ကရာဇ်ကိုပြင်ပြီး စစ်တပ်ထဲကို ထည့် ရန် ခေါ်ယူသွားခဲ့ပြီး နောက် အဖေလုပ်သူ ယောက်လာ ပြီးနောက် သူ့ခလေးကို ပြန်ခေါ်ပေးဖို့ ပြော ရာ ငွေ(၃)သိန်းပေးမှ ပြန်ခေါ် ပေးမယ်လို့ လာခေါ်သူ ကပြောတာကြောင့် ခလေးရဲ့မိဘတွေ အခက်တွေ့နေရတာဖြစ်ပါတယ်။ ခလေးနာမယ်က မောင်ဖိုးကျော်ဖြစ်ပြီး(၁၃၅၉)ခု နယုန်လဆန်း မွေးဖြစ်ပြီး အခု(၁၃၇၆)ခုနှစ်နဲ့ တွက်ကြည့်ရင် အသက်က(၁၇)နှစ် ပဲရှိပြီး ခေါ်ယူသွားတာ (၁)လနီးပါးရှိပြီး ကျိုင်းတုံ တပ်တွင်ရောက်နေတယ်လို့ ခေါ်ယူသွားသူထံက သိရပါတယ်။ အဲဒီလှည်းကူးအုပ်စု၊တောင်မောက်ရွာကအခုတခေါက် ကို စစ်သားအသစ်(၉)ယောက်ခန့် စုဆောင်းမိခဲ့ရြ့ပီး မောင်ဖိုးကျော်လို မျိုး အသက်မပြည့်သူ(၃)ယောက်လောက်ပါတယ်လို့လဲ သိရပါတယ်။အဲဒီ မောင်မောက်ရွာက စစ်တပ်အငြိမ်းစားတပ်ကြပ်ကြီး ဦးသိန်းထွန်း ကတဆင့် အခုလို စစ်သားသစ်တွေကို စုဆောင်းပေးနေကြသူတယောက်ဖြစ်ပြီး လိုက်ချင်သူ ပတ်ဝန်းကျင်ရွာတွေက လူတွေကို စုဆောင်းပေးနေကြသူတယောက်ဖြစ်ပြီး သူ့ရဲ့သား ဗိုလ်ကြီးတယောက်ဖြစ်သူ ကျိုင်းတုံတပ်က ဗိုလ်ကြီးသက်နောင်ထွန်း က အဲဒီတပ်သားသစ်တွေကို လာခေါ်လေ့ရှိတယ်လို့ ဦးသန်းထွန်းက ဖုံးနဲ့ဖြေကြားထားပါတယ်
ပေးပို့ထားသူ...... ဒေါ်ကြည်ထွေး(ခလေးမိခင်) /ဦးတင်ငြိမ်း(ခလေးဖခင်)
ပြည်သတင်းလူငယ်
0 comments:
Post a Comment