Monday, August 25, 2014

အင်းမရဲစန်း အမှုစစ်ရဲအရာရှိမှ မသင်္ကာတရားခံများအား တရားရုံးသို့တင်ပို့ရန်ထိန်ချန်ထားသဖြင့်(၂)နှစ်နီးပါးကြာမြင့်လာသော လူသတ်မှူတရားခံအားအမြန်ဆုံး ပြန်လည်စစ်ဆေး တရားခွင်သို့ တင်ပို့ပေးပါရန်တိုင်ကြားခြင်း။

Leave a Comment



အင်းမရဲစခန်း အမှုစစ်ရဲအရာရှိမှ မသင်္ကာတရားခံများအား
တရားရုံးသို့တင်ပို့ရန်ထိန်ချန်ထားသဖြင့်(၂)နှစ်နီးပါးကြာမြင့်လာသော လူသတ်မှူတရားခံအားအမြန်ဆုံး ပြန်လည်စစ်ဆေး တရားခွင်သို့ တင်ပို့ပေး

ပါရန်တိုင်ကြားခြင်း။

အထက်ပါ အကြောင်းအရာကိစ္စနှင့် ပတ်သတ်၍ (၃-၁၂-၂၀၁၂)ရက်နေ့ည
(၁၀း၀၀)နာရီကျော် အချိန် ဂွေးကုန်းအုပ်စု၊ ပန်းပဲကုန်ရွာမှအပြန် အင်ကြင်း
ပင်ကုန်းရွာ နှင့် ဂွေးကုန်းအုပ်စု၊ ပန်းပဲကုန်းရွာကြားတွင် အသတ်ခံရသည့်အမှု
နှင့် ပတ်သတ်၍ အင်းမရဲစခန်း ပုဒ်မ-၃၀၂ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ထားရှိမှု
အပေါ် အမှုစစ်ရဲအရာရှိ၏ အမှုအပေါ်စိတ်ဝင်စားမှုအားနည်းခြင်း၊ ရဲလုပ်ထုံးလုပ်
နည်း လုပ်ငန်းစဉ်ကို မကျွမ်းကျင်ဘဲ အရာရှိဖြစ်လာခြင်း၊ အမှုနှင့်ပတ်သတ်သော
မသင်္ကာတရားခံများကို ခေါ်ယူစစ်ဆေးရန် တရားရုံးသို့ မတင်ပို့ခြင်း၊အမှုနှင့်ပတ်
သတ်သောပုဒ်မတွေကို လျော့ပေါ့ရေးဖွင့်ခြင်း တို့ကြောင့် ယနေ့ထိအောင် လူသတ်
မှုတရားခံများအား ဖော်ထုတ်နိုင်ခြင်းမရှိခဲ့ပါ။

ထို့ပြင် သေဆုံးသူ၏ဖခင်ဖြစ်သူ ကျွန်တော် ဦးသန်းအောင်မှအမှုနှင့်ပတ်သတ်ပြီး
တရားခံဖမ်းဆီးရမိရေးအတွက် “သူတို့ ရဲတပ်ဖွဲ့ရဲ့ မှုခင်းကျဆင်းရေးဟောပြောပွဲများ
တွင် အမြဲပြောလေ့ရှိသော ရဲနှင့်ပြည်သူလက်တွဲကူ မှုခင်းဟူသမျှ ဖော်ထုတ်ကြ”
ဟူသော ဆောင်ပုဒ်ကို ပြောင်းပြန်လှန်ကာ အမှုနှင့်ပတ်သတ်ပြီး ကြားသိရသည့်
သတင်းများကို ပေးသော သေဆုံးသူ၏ဖခင်ကိုတောင် “အစအဆုံး ခင်ဗျားသိနေရင် သတ်တဲ့အထဲမှာခင်ဗျားလည်းပါမှာဘဲ၊ ခင်ဗျားကို ဘယ်သူပြောသလဲ၊ ပြောတဲ့လူ
လည်း ပါမှာဘဲ”လို့ ပြောတဲ့ ပုခုံးပေါ်တွင် နှစ်ပွင့်တင်ထားတဲ့ရဲအရာရှိမျိုး ရဲတပ်ဖွဲ့တွင်
ရှိနေသ၍ “တရားဥပဒေစိုးမိုးရေးဆိုသည်မှာ ဘယ်စာသားကိုဆိုသလဲ၊ တရားဥပဒေ
အထက်မှာ မည်သူမှမရှိစေရ ဆိုသည့်စာသားသည်ဘယ်စာသားကိုဆိုသလဲလို့ မေး
လိုက်ချင်ပါတယ်၊ ဒီပုံစံ ဒီအတိုင်းသာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကဆက်သွားနေမယ်ဆိုရင်
ပြည်သူယုံကြည်ရသော၊ ပြည်သူအားကိုးရသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုတာ(လုံးဝ)
လုံးဝဖြစ်မလာနိုင်ဘူး” လို့ ကျွန်တော် ရဲရဲကြီးပြောရဲတယ်၊ တရားမစွဲမှီ ဖဲဝိုင်းတွင်
ပါသော ပေါက်ကြီး၊ ဖိုးဇော်၊ ကိုမျိုး၊ ကိုဦး တို့မှ ၀ိုင်းဝန်းသတ်ဖြတ်သည်ဟုယူဆသ
ဖြင့်မသင်္ကာတရားခံအဖြစ် စစ်ဆေးပေးပါရန် အမှုစစ်စခန်းမှူး မြင့်အောင်ကို ကျွန်
တော်ပြောခဲ့ပါသည်။ ဒါပေမဲ့လည်း မသင်္ကာတရားခံ(၄)ဦးကို စစ်ဆေးမပေးသည့်အ
ပြင် ခင်ဗျားကိုဘယ်သူပြောသလဲ၊ ပြောတဲ့သူလည်း လူသတ်တရားခံ ထဲမှာပါမှာဘဲလို့
ပြောပြီးတဲ့အချိန်ကစပြီးသတင်းပေးသူများမှာကျွန်တော်တို့အား လုံးဝသတင်းမပေးတော့
ပါ။ ဖဲဝိုင်းတွင်ပါသောလူများမှာလည်း အစစ်ခံပြီး နောက်တစ်နေ့တွင် တစ်နေရာဆီသို့
ခရီးထွက်၍ အစဖျောက် ခဲ့ကြပါသည်။အမှုစစ် စခန်းမှူးမြင့်အောင်က အမှုနှင့်လုံးဝစပ်
ဆက်မှုမရှိသော ကျွန်တော်၏ သားဖြစ်သူနှင့် လွန်ခဲ့သော(၁၀)နှစ်လောက်က ရန်ဖြစ်ခဲ့
ဖူးသောအောင်မြင့်စိန် ဆိုသူအား ရိုက်နှက်စစ်ဆေးခဲ့သဖြင့် အောင်မြင့်စိန်မှ ၄င်းသတ်
ပါသည်ဟုစခန်းတွင်ပြောဆိုခဲ့သဖြင့် ပြည်ခရိုင်တရားရုံးမှ ဆက်လက်စစ်ဆေးပြီးလူသ
တ်မှုနှင့် ပတ်သတ်သည့်အထောက်အထားခိုင်လုံမှုမရှိသဖြင့် အောင်မြင့်စိန်အား တရားေ
သ လွှတ်ပေးခဲ့ပါသည်။

အမှန်တကယ်အမှုနှင့်ပတ်သတ်သော မသင်္ကာတရားခံအဖြစ် စစ်ဆေးရမည့် သူများကို
လည်း ခေါ်ယူစစ်ဆေးခြင်း၊ တရားရုံးသို့တင်ပို့ခြင်းမရှိဘဲထိန်ချန်၍ထားကာသက်သေအ
ဖြစ်သာထည့်ထားသည့်အတွက် ဒုတိယခရိုင်တရားသူကြီးက၄င်းအမှုတွင် ပေါက်ကြီး၊
ဖိုးဇော်၊ ကိုမျိုး၊ ကိုဦး တို့(၄)ဦးအား မသင်္ကာတရားခံအဖြစ်ထည့်ရန် ရဲတပ်ဖွဲ့အမှုစစ် စခန်းမှူးမြင့်အောင်၏တရားရုံးသို့တင်ပြသောအမှုတွဲတွင် သက်သေများအဖြစ်သာ ထည့်သွင်းထားသည့်အတွက်ကြောင့် ၄င်းတို့တရားရုံးမှ တရားလိုပြုလုပ် အမှုဖွင့်တိုင်
တန်းထားသော သေဆုံးသူ၏ဖခင်ကျွန်တော်၏ စွပ်စွဲချက်အား တရားရုံးက ရဲတပ်ဖွဲ့သို့
ပြန်လည်စစ်ဆေးရန် ပေးပို့မရသည့်အတွက် ရဲတပ်ဖွဲ့အမှုစစ်ကသာ မသင်္ကာတရားခံ
အဖြစ် ၄င်း(၄)ဦးအား ပေးပို့မှသာ စစ်ဆေးရမည်ဖြစ်ကြောင်းဒုတိယခရိုင်တရားသူကြီး
က ပြောခဲ့ပါသည်။

ထို့ကြောင့် “တရားဥပဒေစိုးမိုးရေးဆိုသည်မှာ ဘယ်စာသားကိုခေါ်သနည်း၊တရား
ဥပဒေအထက်မှာ မည်သူမှ မရှိစေရ ဆိုသည့်စာသားသည် ဘယ်စာသားကိုဆိုတာ
လဲလို့ မေးလိုက်ချင်ပါတယ်၊ ဒီပုံစံ ဒီအတိုင်းသာ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကဆက်သွားနေ
မယ်ဆိုရင် ပြည်သူယုံကြည်ရသော၊ ပြည်သူအားကိုးရသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုတာ
(လုံးဝ) လုံးဝဖြစ်မလာနိုင်ဘူး” လို့ ကျွန်တော် ရဲရဲကြီး ပြောရဲတယ်၊ ကျွန်တော့ဘက်က
လည်း ကျွန်တော့်၏ သားတစ်ယောက်လုံး အသက်ဆုံးရှုံးရသည့်အတွက် ကျွန်တော်၏
သားကိုသတ်သွားတဲ့ တရားခံတွေမမိမချင်း ယခုလိုပဲဆက်လက်တိုင်ကြားသွားမှာပါ၊
အမှုစစ်အနေဖြင့် မသင်္ကာတရားခံများအား အမြန်ဆုံးဖမ်းဆီးစစ်ဆေးခြင်း၊ တရားရုံးသို့
တင်ပို့ ခြင်းများ ဆောင်ရွက်ပေးပါရန် တိုင်ကြားခြင်းဖြစ်ပါသည်။

ကျွန်တော်တိုင်ကြားခြင်းသည်အမျိုးသားလွှတ်တော်ဥက္ကဌများ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ
များ၊ပြည်ထဲရေးဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲရေးချုပ်၊ နိုင်ငံတော်ဥပဒေအရာရှိချုပ် တို့မှအမှုမှန်ပေါ်ပေါက်ရေး
အတွက် ဆောင်ရွက်ပေးမည်ဟု ကျွန်တော်ယုံကြည်ပါသဖြင့် တိုင်ကြားခြင်းဖြစ်ပါသည်။

၎င်းကောင်းတိုင်စာနှင့်ပက်သက်၍အပြည့်အ၀ တာဝန်ယူပါကြောင်း တရားလို ကျနော်
ဦးသန်းအောင်မှကတိပြုပါသည်။

ဦးသန်းအောင်
၇/သကန(နိုင်)၀၃၉၁၆၉
အင်ကြင်းပင်ကုန်းရွှာ
ဂွေးကုန်းအုပ်စု

0 comments:

Post a Comment

Facebook Like Page