Sunday, August 3, 2014

ဘုန်းကြီးတစ်ပါးကပ္ပိယတစ် ယောက်နဲ့ဝက်သားတစ်တုံး.............မင်းယွန်း(ခေတ္တရာ)

Leave a Comment
ဘုန်းကြီးတစ်ပါးကပ္ပိယတစ် ယောက်နဲ့ဝက်သားတစ်တုံး

တခါတုန်းက အလွန်ဝေးလံခေါင်သီတဲ့ ကျေးရွာလေးတစ်ရွာမှာ ဘုန်းတော် ကြီးတစ်ပါး သီတင်းသုံးနေသတဲ့။ အဲဒီကျောင်းမှာ လက်တိုလက်တောင်းခိုင်းဖို့နဲ့ အဖေါ်အဖြစ် ရွာလယ်ပိုင်းက ရေခဲဆိုတဲ့လူကို ကပ္ပိယအဖြစ်ခေါ် ထားတယ်။အဲဒီ ရေခဲဆိုတဲ့လူက ကွမ်းလေး တမြုံ့မြုံ့နဲ့. ခိုင်းတာကို မညီးမငြု လုပ်တတ်ပေမယ့် သူလိုချင်တဲ့အရာတစ်ခုကိုတော့ မဖြစ်မနေရအောင် ယူတတ်တဲ့ အကျင့်တစ်ခုတော့ရှိတယ်။
ဝေးလံခေါင်ဖျားတဲ့ ကျေးရွာလေး တွေရဲ့ ဓလေ့အတိုင်း ဆွမ်းကွမ်း ကတော့ ရှားတာပေါ့။ဒါပေမယ့် ဆရာတော်ကတော့ ဒီရွာလေးက လူတွေကို သံယောဇဉ်ဖြစ်နေတာ ကြောင့် မစွန့်ခွာရက်ပဲဖြစ်နေတယ်။
ရွာကလူတွေကလည်း ဟင်းစား လေးတွေ တွေ့တိုင်း ဆွမ်းအုပ် အတွက်ပဲ ဦူစားပေးတာပါ။
ဒီလိုနဲ့တနေ့မှာ
ကျောင်းကို ရွာထဲက ပို့တဲ့ဆွမ်းချိုင့် တစ်ချိုင့် ရောက်လာတယ်။ ဆရာတော်ကထုံးစံအတိုင်းပဲ
ကပ္ပိယကို ဆွမ်းချိုင့်လှယ်ုပြီး ယူခိုင်းတာပေါ့။ကပ္ပိယဆွမ်းချိုင့် လှယ်နေရင်း မထင်မှတ်ပဲ ဆရာတော်က ဆွမ်းချိုင့်ထဲက. ၀က်သားတုံးတစ်တုံးကို မြင်လိုက်တယ်။
ဆရာတော် အတော်လေး ကျေနပ် သွားတယ်။ရှားရှားပါးပါး ဒီနေ့တော့ ၀က်သားဆွမ်းဟင်းနဲ့ ဘုန်းပေးရ ချေသေးရဲ့ပေါ့။
ဒီအချိန်မှာပဲ ဆွမ်းချိုင့်လှယ်တဲ့ ကပ္ပိယရေခဲကလည်း ဆွမ်းချိုင့် ထဲမှာ ၀က်သားတစ်တုံး ပါမှန်း သိတာပေါ့။
ဘုန်းကြီးက ၀က်သားတုံးပါလို့ ပျော်နေချိန်မှာ ကပ္ပိယရေခဲကတော့ မပျော်နိုင်ဘူး ဖြစ်နေတယ်။ဘာကြောင့်လည်း ဆိုတော့ ၀က်သားက တစ်တုံးထဲလေ။ဘုန်းကြီးက အရင် ဆွမ်းဘုန်းပေးရမှာမဟုတ်လား။ ဘုန်းကြီးဆွမ်းဘုန်းပေးပြီရင် သူ့အတွက် ၀က်သားဟင်းက မျှော်လင့်ချက်မရှိတော့ဘူး။ တခါတရံမှရတတ်တဲ့ ဒီဝက်သား ဟင်းကို သူလည်း လက်လွှတ်မခံ နှိုင်ဘူးဖြစ်နေတယ်။
ဒါပေမယ့်
သူ့ရဲ့လက်ရှိ အနေအထားက ကပ္ပိယလေ
ဘုန်ူးကြီးဆွမ်းဘုန်ပေးပြီးမှ သူ့အလှည့်ရောက်မှာဆိုတော့ သူ့ခမျာ မျော်လင့်ချက်မဲ့နေတာပေါ့။
ဒါပေမယ့် သူ့ရဲ့စရိုက်အတိုင်း မရ ရအောင်ယူမယ်ဆိုပြီး ခရိုနီကြံ ကြံတော့တာပေါ့။
ပရိတ်သတ်ကြီးရေ
ဒီလို ကပ္ပိယကြီးကြံလိုက်တော့ ဒီဝက်သားတုံးကို ကပ္ပိယကြီးပဲ စားရသတဲ့။ဘုန်းတော်ကြီး ခမျာမှာလည်း ဘာမှ မျပြာသာပဲ ကျေကျေနပ်နပ်ကြီးခွင့်ပြုရသတဲ့။
ဒီနေရာမှာ ပရတ်သတ်ကြီး ခတ္တရပ်ပြီး ကပ္ပိယကြီး ဘယ်လိုများ ရအောင်စားလိုက်သလဲုဆိုတာ
အရင်ဆုံး မိမိဘာသာစဉ်းစား ကြည့်ပြီးမှ ဆက်ဖတ်ကြည့်ပါလာူး။့ှု့
ဆက်ပါမည်။
ဘုန်းတော်ကြီး ဆွမ်းဘုန်းပေးချိန် ကျတော့ ဘုန်းတော်ကြီးမျှော်လင့် သလို ၀က်သားဟင်းကပါမလာဘူး ဖြစ်နေတယ်။ပထမပိုင်းတော့ ဆရာတော်ကြီးလည်း လာချပေးနိုး ပေုးးနဲ့ပေါ့။ ဒါပေမယ့် ဆွမ်ူးဘုန်းပေးလို့ တ၀က်လောက် ကြာတဲ့အထိလာချမပေျးတာ့ ဆရာတော် သည်းမခံနိုင်တော့ဘူး။
အဲါဒါနဲ့ ကပ္ပိယရေခုဲုကို ခေါ်မေးကြည့်တော့မှ ဆရာတော်ခမျာ ဘယ်သူ့ကို အပြစ်တင်ရမှန်းမသ်အောင် ဖြစ်သွားရတော့တယ။်
သူတို့မေးဖြေက
ဟဲ့ ရေခဲ
ဘုရား
မနက်က ပို့လိုက်တဲ့ ဆွမ်းအုပ်မှာ ၀က်သားဆွမ်းဟင်းပါတာ ငါ အသေအချာမြင်လိုက်သကွဲ့။
မှန်လှပါ။ပါကြောင်းပါဘုရား။
အေး ငါဆွမ်းဘုန်းပေးတော့ အဲဒီ ၀က်သား ဆွမ်းဟင်း ပါမလာပါလားကွဲ့။
မှန်လှပါ။ရှားရှားပါးပါး ရလာတဲ့ဆွမ်းဟင်းမို့ တပည့်တော် မြတ်စွာဘုရားကို ဆွမ်းတော်တင်ထားပါတယ် ဘုရား။
ဟေ့။

မင်းယွန်း(ခေတ္တရာ)

0 comments:

Post a Comment

Facebook Like Page