Sunday, August 31, 2014

ပန်းတောင်းမြို့ကမြစ်ကမ်းပါးပြိုကျမှုကိုအန္တရယ်ကအရမ်းကိုဆိုးဝါးလာပြီး၊အနားကရပ်ကွပ်နဲ့၊တံတားပါ ကမ်းပါးပြိုထဲကိုပါသွားတော့မဲ့အခြေအနေကို ရောက်နေပြီဖြစ်တာကြောင့် ဒေသခံတွေ အရမ်းစိုးရိမ်နေကြပါတယ်။

Leave a Comment
ပန်းတောင်းမြို့ကမြစ်ကမ်းပါးပြိုကျမှုကိုအန္တရယ်ကအရမ်းကိုဆိုးဝါးလာပြီး၊အနားကရပ်ကွပ်နဲ့၊တံတားပါ ကမ်းပါးပြိုထဲကိုပါသွားတော့မဲ့အခြေအနေကို ရောက်နေပြီဖြစ်တာကြောင့် ဒေသခံတွေ အရမ်းစိုးရိမ်နေကြပါတယ်။
အဲဒီကမ်းပါးပြိုကျမှုဟာ ၂၀၁၂-ခုနှစ်ကထဲကစဖြစ်နေခဲ့ပြီး(၂၀၁၃)ခုနှစ်ထဲမှာအခြေအနေက ပိုဆိုးလာခဲ့ပြီး အခုနှစ်ထဲမှာပန်းတောင်း-ဥသျှစ်ပင်ကားလမ်းနဲ့ ကမ်းပါးပြိုတဲ့နေရာကဆိုရင်(၁)ပေကျော်လောက်ပဲဝေးတော့တဲ့အခြေအနေမှာရှိပြီး၊ကမ်းပါးပြိုကျတဲ့နေရာနဲ့ ဒီဒုတ်ချောင်းတံတားကလဲ အရမ်းနီးကပ်နေတာကြောင့် ၊တံတားပါ ကမ်းပါးပြိုထဲမှာပါသွားတောပမဲ့အခြေအနေမှာရှိနေပြီး ဖြတ်သွားတဲ့ကားတွေ၊ဆိုင်ကယ်တွေ၊ပါ အန္တရယ်ရှိတဲ့အနေအထားမှာရောက်နေပါတယ်။
လူကြီးတွေတော့ခဏခဏလာကြည့်ကြပြီးဘာမှတော့လုပ်ပေးခဲ့တာမရှိဘူး၊အဓိက ကတော့ အဲဒီကျောက်ဆုပ်တဲ့မော်တော်တွေကြောင့်ဖြစ်တာ ကမ်းပါးကို ကျောက်စီနံရံတခုတော့လုပ်ပေးစေချင်တယ် လို့ဒေသခံတယောက်ကရှင်းပြပါတယ်
လောလောဆယ်တော့ကမ်းပါးပြိုထဲမှာအိမ်ကပါသွားလို့ ဒီသစ်တောဝင်းထဲမှာခဏ နေခိုင်းထားတာ အခုတော့ ပြောင်းခိုင်းနေပြီ၊သူတို့ရုံးဆောက်မလို့တဲ့ သူတို့ပြောင်းခိုင်းတဲ့နေရာက အလုပ်လုပ်စားဖို့အဆင်မပြေဘူးလို့ ကမ်းပါးပြိုတဲ့အထဲမှာအိမ်ပါသွားတဲ့ဒေသခံ ဒေါ်မိချို(ကမ်းပါးပြိုကျတဲ့အထဲမှာအိမ်ပါသွားသူ)ကအခုလိုရှင်းပြပါတယ် ပထမကမ်းပါးတွေပြိုတယ်ပြိုတော့ နိုင်ငံတော်ကိုစာ အကြိမ် ကြိမ်တင်တယ် နောက်တော့အိမ်တွေပါ ပါလာတော့ ကယ်ဆယ်ရေးကိစ္စတွေလုပ်တယ်၊ အိမ်တွေကိုရွေ့ပြောင်းရတယ်။သူတို့ကတော့ဘတ်ဂျက်မကျသေးလို့ ဘတ်ဂျက်မကျသေးလို့ဆိုတာနဲ့ အခုလိုအရမ်းစိုးသွားရတာဖြစ်တယ်လို့ စည်သာရပ်ကွပ်(စည်သာရက်ကွပ်အုပ်ချုပ်ရေးမှုး) ။ဦးအုံးကျော်ကအခုလိုရှင်းပြပါတယ်။
၂၀၁၂-ခုနှစ်ကထဲက၊ပန်းတောင်းမြို့၊စည်သာရပ်ကွပ် ကနေစပြီးကမ်းပါးစတင်ပြိုလာခဲ့ရာ အိမ်တွေပါ ပါလာခဲ့ပြီး ပန်းတောင်းမြို့ကတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နဲ့ နိုင်ငံတော်အကြီးအကဲများကို အကြိမ်ကြိမ်စာတင်ခဲ့ပေမဲ့ အခုနှစ်(၂၀၁၄)ကြမှ လာပြီး ရေတောင်မွှေးဆိုပြီး၊ ၀ါးတွေ၊ချုံတွေ၊နဲ့သဲအိပ်တွေ ကိုပီနံကြိုးတွေ နဲ့ချည်ပြီး ရေထဲကိုလာချပြီးလုပ်တယ်သဲအိပ်တွေချတယ်၊ငွေတွေသာအများကြီးကုန်သွားပြီး ကမ်းပါးပြိုတာက မရပ်ဖူး၊၊ အဲဒီကမ်းပါးပြို နဲ့ တံတားအတွက်ကို နိုင်ငံတော်ကသိန်း(၄၇၀၀)ကို တိုင်းဒေသကြီးဘတ်ဂျက် အဖြစ်ချပေးခဲ့ပြီး၊ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနနဲ့ မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာနတို့က လုပ်ဆောင်သွားတာဖြစ်ပြီး ကုပ္မဏီတခုကိုလုပ်ပိုင်ခွင့်ပေးထားတယ်လို့လဲ စည်သာအုပ်ချုပ်ရေးမှုးကရှင်းပြပါတယ်။
လောလောဆယ်တော့ ကမ်းပါးပြိုတဲ့အိမ်တွေ နဲ့ စိတ်မချရတဲ့အိမ် (၃၀)လောက်ကိုအခုနှစ်-မေလ တုံးက နေရာရွေ့ပြောင်းပေးထားခဲ့ရပြီး၊အချို့အိမ်တွေကို သစ်တောဝင်းထဲမှာ ခဏယာယီ နေခိုင်းထားရပါတယ်။

မင်းညို(DVB)



0 comments:

Post a Comment

Facebook Like Page