Sunday, August 3, 2014
ဆရာစံ ၏တပည့်အရင်းချာဖြစ်ပြီး ဂဠုန်တပ်သားအဖွဲ့ဝင်တစ်ဦး၏သမီးဖြစ်သူ မွေးကတည်းက ဆေးရုံဆေးခန်းမသွားဖူးသေးတဲ့ အသက်(၁၀၀)ကျော်အဖွားအို ပြည်မြို့နယ် အတွင်းတွေ့ရှိခဲ့
ဆရာစံ ၏တပည့်အရင်းချာဖြစ်ပြီး ဂဠုန်တပ်သားအဖွဲ့ဝင်တစ်ဦး၏သမီးဖြစ်သူ မွေးကတည်းက ဆေးရုံဆေးခန်းမသွားဖူးသေးတဲ့ အသက်(၁၀၀)ကျော်အဖွားအို ပြည်မြို့နယ် အတွင်းတွေ့ရှိခဲ့
************************************************************************
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့နယ်အတွင်း ကြူဝတ်အုပ်စု သံပုရာခုံကျေးရွာတွင်ယခုလက်ရှိ အသက်(၁၀၁)နှစ် ရာကျော်အဖွားအိုတစ်ယောက်ရှိနေကြောင်းသိရသည်။
အဆိုပါရာကျော်အဖွားကို ၁၂၇၅ ခုနှစ် ပြာ်သိုလပြည့်ကျော်(၉)ရက် သောကြာနေ့တွင် အဖ။ ။ဦးညီပု...အမိ။ ။ဒေါ်အေးမြ တို့မှ ပြည်မြို့နယ် ၀က်ထီးကန်တိုက်နယ် ၀ါရုံဆိပ်ကျေးရွာတွင် မွေးဖွားခဲ့
တာဖြစ်ပြီး မွေးချင်း(၄)ဦးအနက် အကြီးဆုံးဖြစ်ပါတယ်။ မွေးချင်းများမှာ ၁။ ။ဒေါ်သန်းတင်....၂။ ။ဦးမောင်ကြီး...၃။ ။ဦးညီလေးငယ်...၄။ ။ဦးလှသိန်း တို့ကို မွေးဖွားသန့်ဇင်ခဲ့တာဖြစ်ပြီး အဖဖြစ်သူ
ဦးညီပုဆိုသူမှာ ဆရာစံ ၏တပည့်အရင်းချာဖြစ်ပြီး ဂဠုန်တပ်သားအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။ အဆိုပါ ရာကျော်အဖွားအိုတို့မိသားစုသည် ၀က်ထီးကန်တိုက်နယ် ၀ါရုံဆိပ်ကျေးရွာ မှ ၁၃၇၉ ခုနှစ်
တန်ခူးလ နွေရာသီမှာ ကြူဝတ်အုပ်စု သံပုရာခုံကျေးရွာသို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။ ရာကျော်အဖွားအိုသည် ယခု ကျွန်တော်တို့သွားရောက်လေ့လာကြည့်ရှု့ချိန်အထိ မိမိကိုယ်ကိုယ်အားကိုး၍
ထမင်းဟင်းချက်စားခြင်း၊အ၀တ်လျှော်ခြင်း၊ဈေးသွားခြင်း၊၀ါတွင်းအချိန်၌ နေအိမ်နှင့် ရွာဘုန်းကြီးကျောင်းသို့ မိုင်ဝက်ခန့် ခြေလျှင်သွားလာသီလဆောက်တည်မပျက်ရှိနေသည်။ ရာကျော်အဖွား
သည် နားကောင်းလျှက်ရှိသည်။မှတ်ညာဏ်ကောင်းလျှက်ရှိသည်။မျက်လုံးအားလည်းကောင်းည်။ တချို့စာအသေးလေးတွေကိုပင် ကောင်းစွာဖတ်နိုင်နေသည်။ထို့ကြောင့်အဖွားအိုအား ပြည်သတင်းမှ
သွားရောက်မေးမြန်းကြည့်ရာမှာတော့ ရာကျော်အဖွားက အခုလိုပြန်လည်ဖြေကြားခဲ့သည်......
နားကောင်းတယ် မျက်စိလည်းကောင်းတယ် သွားနိုင်လာနိုင်တယ် သွားကတော့နည်းနည်ကျိုးနေပြီပေါ့ အဖွားက အသီးအရွက်စားတာများတယ် အမဲသားဆိုရင်ငယ်ငယ်ကတည်းကမစားဘူး နွားနို့လည်း
မသောက်ဘူး အမဲသားနဲ့ပက်သတ်တာအကုန်ရှောင်တယ် အခုချိန်ထိ မွေးကတည်းက ဆေးရုံဆေးခန်းမသွားဖူးသေးဘူး စိတ်ကတော့ဟိုးတုန်းကလို သွားလို့ရပေမယ့် ကိုယ်မပါတော့ဘူးပေါ့...
အားရင် ပုတီးစိပ်တယ် တရားအားထုတ်တယ်..အဖွားက အိမ်ကိစ္စအားလုံးကိုယ့်ဘာသာလုပ်တယ် ဒိနေ့မိုးအရမ်းရွာတော့ ကျောင်းကိုတောင်မသွားဖြစ်ဘူး အိမ်က လေဒီယိုလေထဲကပဲ သီလဆောက်တည်
လိုက်ရတယ်...ထမင်းကတော့ ပုံမှန်(၃)ကြိမ်စာတယ် ဗိုက်အရမ်းစားတဲ့နေ့တွေဆိုရင်တော့ (၄)ကြိမ်လောက်ထိစားပါတယ် ခုချိန်ထိ ခေါင်းမှုးခေါင်းကိုက်လုံးဝမရှိသေးဘူး ရေလည်းကိုယ်တိုင်ကျိုးနိုင်ပါတယ်
ဘာ့ကြောင့်ဒိအသက်ရှည်တယ်တော့မသိဘူး ဘုရားပေးတဲ့အသက်ပေါ့ အသက်ရွယ် ယိုယွင်း......အိုမင်းကထိုင်းမှိုင်းသဖြင့်.....သေမင်း၏နယ်ပိုင်းသို့.....ခုန်ဆိုင်း၍လာခြ့ရပြန်ပြီပေါ့....အဲလိုဖြစ်နေတယ်လေ
တရားသဘောတွေပေါ့....ငယ်စဉ်ကအဖြစ်ပျက်ဆိုရင် တခုတော့ပြောပြမယ် အဖွားရဲ့အဖေက ဆရာစံရဲ့ တပည့်ပါ ဂဠုန်တပ်သားပေါ့ သားတို့ကြားဖူးမှကြားဖူးလိမ့်မယ် အဖွား(၁၄)နှစ်အရွယ်လောက်ကဖြစ်
မယ်ထင်တယ် နှစ်တွေအရမ်းကြာခဲ့ပြီ...အိမ်ကိုကုလားတပ်ခေါ်မလား ခေါင်းပေါင်းကြီးတွေနဲ့ တပ်ကလူတွေ အဖွားတို့အိမ်ကိုခဏခဏလာလာအ၀ိုင်းခံရတယ် ဆရာစံရဲ့ တပည့် ဂဠုန်တပ်သားအဖွားတို့အဖေ
ဦးညီပု ရှိလားလာလာမေးတယ်ခဏခဏပါပဲ အဖေက ရျောင်နေတာ တခါမှ ဖမ်းမမိပါဘူး နောက်ပိုင်း အောင်လံမြို့နယ် သဗ္ဘူလအရှေ့ဘက် လှံတင်ရွာအနီးမှာ ရှိတဲ့ တောကြီးမှာ ကုလားတပ်နဲ့တိုက်ပွဲဖြစ်ပြီး
အဖေ့ဒဏ်ရာရခဲ့ပြီး အဖမ်းခံလိုက်ရတယ် ဖမ်းပြီးသရက်မြို့မှာအမှုတင်ပြီးအချုပ်ချထားတယ် ပြီးတော့ သရက်ကနေ ကချင်ပြည်နယ် ကသာထောင်ကြီးမှာ ထောင်ချခံလိုက်ရတယ် အဲချိန်အဖေ့အသက်က(၄၀-
၅၀)လောက်ရှိမယ်အဲထောင်မှာ ထောင်ကျနေတုန်း ဂျပန်တွေထောင်ကို ဗုံးကျဲတော့ ထောင်ပေါက်ပြီး လူသေအလောင်းတွေနင်းပြီးအဖေတို့လွတ်သွားခဲ့တယ် နောက်ဆုံးတော့ ဒီရွာလေးမှာပဲ အဖေအသက်(၉၅)
နှစ်အရွယ်မှာဆုံးသွားခဲ့တယ်...ဟုရာကျော်အဖွားကပြန် ပြည်သတင်းအား ပြည်လည်ပြောပြခဲ့သည်....။
အဆိုပါရာကျော်အဖွားတွင် သား(၃)ဦးမွေးဖွားခဲ့ရာ သားအကြီးဆုံးဖြစ်သူ ဦးလှရွှေ အသက်(၇၁) နှစ်ကပြည်သတင်းအားယခုလိုပြန်လည်ဖြေကြားခဲ့.....
အမေက ကျန်းမာရေးအရမ်းကောင်းတယ် အိမ်ကိစ္စတွေလည်း သူဘာသာသူလုပ်တယ် သွားနိုင်လာနိုင် စားနိုင်သောက်နိုင် လုပ်နိုင်ကိုင်နိုင်ပေါ့ဆရာလေးရယ်..
အခုအမေကို ကျွန်တော်တို့အိမ်နောက်ဖွေးဘက်မှာ အိမ်တလုံးသီးသန့်ထားပေးပါတယ် သူကအေးဆေးနေရတာကြိုက်တယ် ထမင်းဟင်းကအစအားလုံးပဲ သူပါသာ
သူချက်ပြုပ်စားသောက်တယ် သူ့ဘေးမှာ လေဒီယိုနဲ့ တောင်ဝှေးတစ်ချောင်းပဲရှိတယ်....ကျန်းမာရေးကောင်းတယ် သူကဆေးဆိုလို့ မန္တလေးမြို့က ဦးတင်မြင့် လျှက်ဆားပဲ
မှီဝဲတယ်.....ဆေးရုံဆေးခန်းသွားရဖို့နေနေသာသာ တခါမှ ခေါင်းမှုးခေါင်းကိုက်တောင်မဖြစ်ဖူးဘူး.....အခုပြီးခဲ့တဲ့ ၂၄.၁.၂၀၁၄.......ပြာသိုလပြည့်ကျော်(၉)ရက်နေ့က ပတ္တမြားရတု အသက်(၁၀၀)ပြည့်လို့
နေအိမ်မှာပဲ သံဃာတွေပင့် ဆွမ်းလှုဒါန်းတယ် ပရိတ်သတ်တွေ ကြွေးမွေးဧည့်ခံတယ် အသက်(၁၀၀)ပြည့် မွေးနေ့ဂုဏ်ပြုပွဲပဲဆိုပါတော့.......ဟုပြန်လည်ဖြေကြားခဲ့သည်။.....
သတင်း နှင့် ဓါတ်ပုံ.............
ပြည်သတင်းလူငယ်
0 comments:
Post a Comment