Thursday, August 21, 2014

ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် သြဂုတ်လ(၁၄)ရက်နေ့ကရှားရှားပါးပါးသုံးမွှာပူးမွေးမွေးသည့်ဖြစ်စဉ်ဖြစ်ခုဖြစ်ပွားခဲ့.........သီဟလွင် ပြည် မြစ်မခ

Leave a Comment
သီဟလွင် ပြည် မြစ်မခ
ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် သြဂုတ်လ(၁၄)ရက်နေ့ကရှားရှားပါးပါးသုံးမွှာပူးမွေးမွေးသည့်ဖြစ်စဉ်ဖြစ်ခုဖြစ်ပွားခဲ့ပြီးယခု (၈)ရက်ကြာသည့်အထိကလေးများနှင့်မိခင်ပါ ကျန်းမာစွာရှိနေကြောင်းသိရှိရသည်။
ပြည်မြို့နယ် ကန်ကလေးကျေးရွာမှ ပြည်ဆေးရုံကြီးသို့ လာရောက်မွေးဖွားခြင်းဖြစ်ပြီးသုံးယောက်မွေးဖွားခဲ့ဖြစ်ခြင်းဖြစ်ကာမွေးသည့်သုံးယောက်လုံးမှာလည်းယောကျာင်္းလေးများသာဖြစ်ကြောင်းသိရှိရသည်။
“ဒါမျိုးကရှုားရှားပါးဖြစ်စဉ်ပါ ဒီဆေးရုံကြီးအနေနဲ့ ကျွန်တော်တာဝန်ထမ်းဆောင်နေတဲ့ (၂)နှစ်တာကာလအတွင်းမှာတော့ ဒါပထမဆုံးမွေးတာပါ ဒီလိုမျိုးဖြစ်မွေးရတဲ့အကြောင်းအရင်းက မျိုးရိုးကြောင့်လည်းဖြစ်နိုင်သလိုကံတရားကြောင့်လည်းဖြစ်နိုင်ပါတယ် ” ဟု ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဖြစ်သူဦးတင့်ရွှန်းကပြောသည်။
မိခင်အတွက် ပထမဦးဆုံအကြိမ်းသားဦးအဖြစ် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါ်တင်မာဝေမှ သုံးယောက်စလုံးအားတစ်မိနစ်စီခြား၍ ခွဲစိတ်မွေးဖွားပေးခဲ့ခြင်းဖြစ်ပြီးပထမဆုံးသားမှာ ၅ပေါင်၈အောင်စ၊ဒုတိယသားမှာ ၄ပေါင်၈အောင်စနှင့်နောက်ဆုံးသားမှာ ၃ပေါင်၆အောင်စရှိကြောင်းသိရှိရသည်။
“အမ်ထရာဆောင်းရိုက်တုန်းက နှစ်ပွားပူးပဲတွေ့တာသုံးမွှာပူးမွေးမယ်လို့မထင်ဘူးသုံးမွှာပူးမွေးလာတော့လည်းပျော်ရတာပေါ့ ဆေးရုံက ၀န်ထမ်းတွေလည်း အထူးအဆန်းဖြစ်နေတော့ အားလုံးကဂရုစိုက်ကြပါတယ်”ဟုသုံးမွှာပူးကလေးများ၏မိခင်ဖြစ်သူ ဒေါ်စန်းစန်းဝင်းကပြောသည်။
သုံးမွှာပူးမွေးသည့်အတွက် အဆိုပါမိခင်အားဆေးရုံအုပ်ကြီးအပါအ၀င် မိခင်နှင့်ကလေးစသည့် အဖွဲ့အစည်းထောက်ပံ့ကြေးများပေးအပ်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီးတွင်  ၂၀၁၂မှ ၂၀၁၄ သြဂုတ်ထိလာရောက်ကုသသောလူနာများအနက် မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာသူများမှာပထမအများဆုံးနေရာတွင်ရှိနေပြီးကလေးမွေးသောမွေးလူနာများမှာဒုတိယလိုက်နေကြောင်းနှင့် ၀မ်းပျက်ဝန်းလျောနှင့်မြွေကိုက်လူနာများမှာတတိယနှင့်စတုတ္ထနေရာတွင်ရှိနေထာကြောင်းသိရှိရသည်။

နောက်ဆက်တွဲနေဖြင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  လက်အောက်ခံ လူမှုဝန်ထမ်းဦးစီးဌာနမှ အဆိုပါကလေးငယ်များအတွက် ထောက်ပံကြေးအလှူငွေ ငါးသိန်းကျပ်အား ဆေးရုံရှိမိဘများထံလာရောက်ပေးအပ်ခဲ့ကြောင်းသိရသည်။
“ကျမတို့ဦးစီးဌာက သုံးမွှာနဲ့အထက်ဆိုရင် ထောက်ပံ့ကြေး ငါးသိန်းပေးပါတယ် ကျမတာဝန်ထမ်းဆောင်နေတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ပဲခူးတိုင်းအနောက်ပိုင်းအနေနဲ့ ဒါဟာ ငါးပူးမြောက်ပါ ”ဟု လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးမှုး ဒေါ်သန်းဌေးကပြောသည်။
လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း ယခုသုံးမွှာပူးအပါအ၀င် ပြည် နတ္တလင်း ကြို့ပင်ကောက် သာယာဝတီ စသည့်မြို့နယ်များတွင် သုံးမွှာပူး မွေးသည့်ဖြစ်စဉ် ငါးခါအထိရှိခဲ့ကြောင်းသိရှိရသည်။

သီဟလွင်(မြစ်မခ)



0 comments:

Post a Comment

Facebook Like Page