Thursday, July 31, 2014

သဲကုန်းမြို့ရှိသိမ်းဆည်းခံလယ်များပေါ်တွင်ပုဒ်မ၁၄၅အမိန့်ထုတ်ပြန်ထားမှုကြောင့်ဒေသခံများအခက်ကြုံနေ

Leave a Comment
သဲကုန်းမြို့ရှိသိမ်းဆည်းခံလယ်များပေါ်တွင်ပုဒ်မ၁၄၅အမိန့်ထုတ်ပြန်ထားမှုကြောင့်ဒေသခံများအခက်ကြုံနေ

ပဲခူးတိုင်းဒေသကြိး၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊အောင်ကုန်းကျေးရွာရှိ သိမ်းယူထားသောလယ်မြေများ ပေါ်တွင် ယခုလက်ရှိလုပ်ကိုင်နေသော သမ(၃)၀န်ထမ်းများနှင့်ဒေသခံများ ထိပ်တိုက်တိုးသည့်ဖြစ်စဉ်များ ဖြစ်ပေါ်မည်ကိုစိုးရိမ်သည့် အကြောင်းပြချက်ဖြင့် သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးမှ ၂၂-၇-၂၀၁၄ ရက်နေ့ နေ့စွဲဖြင့် ပုဒ်မ ၁၄၅ အမိန့်စာ ကိုထုတ်ပြန်ပြီး ၄င်းနယ်မြေပေါ်သို့ သဲကုန်းမြို့မှရဲတပ်ဖွဲ့ဝင်များအား လုံခြုံရေး ချထားသဖြင့် ဒေသခံများ ဖါးရှာငါးရှာရန်အတွက် အခက်အခဲကြုံနေရ၍ အဆိုပါပုဒ်မ ၁၄၅အား ပြန်လည် ရုတ်သိမ်းပေးရန် ဒေသခံတောင်သူများနှင့်ဗကသ ကျောင်းသားများက ၂၆-၇-၂၀၁၄ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူစခန်းချရာနေရာသို့သွားရောက် တောင်းဆိုခဲ့ကြကြောင်းသတင်းရရှိပါသည်။

အဆိုပါကျေးရွာတွင် လယ်ယာမြေပြဿနာနှင့်ပါတ်သက်၍ သပိတ်စခန်းဖွင့်လှစ်၍ဆန္ဒထုတ်ဖေါ်ခြင်း လမ်းလျှောက်ဆန္ဒထုတ်ဖေါ်တောင်းဆိုခြင်းများ၊ထွန်တုံးတိုက်ပွဲဆင်နွှဲ၍တောင်းဆိုခဲ့ခြင်းများ ပြုလုပ်ခြင်းများကြောင့် ပုဒ်မ၅၀၅(ခ)များ၊ပိုင်နက်ကျူးလွန်မှုနှင့်တရားဆွဲဆိုခြင်း၊ပုဒ်မ(၁၈)ဖြင့်တရားဆွဲဆိုခံထား ရခြင်းများလည်းရှိခဲ့ကြောင်းသိရသည်။

ဲကျွန်တော်တို့ လက်ရှိဒီဒေသမှာ ပုဒ်မ၁၄၅ ကိုသူတို့တွေကထုတ်ထားတယ်ပေါ့။ဒီဒေသက လူတွေက ဆိုးသွမ်းနေတဲ့လူတွေလည်း မဟုတ်ဘူး။ပြီးတော့ဒီမှာရှိတဲ့ ၀န်ထမ်းတွေနဲ့ကလည်း ရွာသားတွေနဲ့က ဘာပြဿနာမှ ဖြစ်တာမဟုတ်ဘူး။အဲဒါကြောင့်ကျွန်တော်တို့က ဒီပုဒ်မ ၁၄၅ ကိုရုတ်သိမ်းပေးပါလို့ တောင်းဆိုရတာပါ။အခုလက်ရှိမှာ ကျွန်တော်တို့ ကျေးရွာသားတွေ ရှာဖွေစားသောက်နေရတဲ့ ဖားရှာ၊ကြွက်ထိုး ငါးရှဥ့်ဖမ်း စတဲ့အလုပ်တွေကိုလုပ်ကိုင်တဲ့အခါမှာ ဒီနေရာတွေကိုပဲဖြတ်သွားရတာ။အခုတော့ ဒီနေရာကို ကျူးကျော်ရင် ပိုင်နကကျူးလွန်မှုတွေနဲ့ တရားဆွဲမယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့ ကြောက်လန့်ပြီး မသွားရဲမလာရဲနဲ့ အခက်တွေ့နေရတာပေါ့။ဲဟုဒေသခံ ဦးမြင့်အောင်မှပြောသည်။

ကျွန်တော်တို့လာရတဲ့အကြောင်းကတော့ ထုတ်ပြန်ထားတဲ့ပုဒ်မ၁၄၅ ဟာ ဒေသတွင်းမတည်ငြိမ်မှုတွေဖြစ် ပေါ်လာတဲ့အခြေအနေကျမှထုတ်ပြန်ရတာပါ။အခုဒီမှာက ဒေသတွင်း မတည်ငြိမ်မှုတွေလည်းမဖြစ်ဘူး။ ဒေသတွင်းမှာလည်းဆိုးဆိုးရွားရွားဘာပြဿနာမှမရှိဘူး။အဲဒါကြောင့် ဒီပုဒ်မထုတ်ပြန်တာ လုံးဝမတရားဘူးလို့ ကျွန်တော့်အနေနဲ့ မြင်တယ်။အဲဒါကြောင့် လာပြီးတော့အတိအလင်းကန့်ကွက်တာပါ။ ဟု ဗကသကျောင်းသား

ကိုမင်းဇော်မှပြောသည်။

အဲဒီ ပုဒ်မ၁၄၅ ဟာ တရားသူကြီးကသာ ထုတ်ပြန်ရတာဖြစ်တယ်။အခုက မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်တာဆိုတော့ မှားနေတယ်။တရားမ၀င်ဘူး ဟုဖမ်းဆီးခံထားရသော အောင်ကုန်းလယ်သမားများ

ဘက်မှရှေ့နေလိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးမှဆိုသည်။


မင်းယွန်း(ခေတ္တရာ)

0 comments:

Post a Comment

Facebook Like Page