Thursday, July 31, 2014

ချောင်းရေတက်ပြီးရေလမ်းကြောင်းပြောင်းသွားသဖြင့် လယ်ဧက ၆၀ ကျော်ရေနစ်ပျက်စီး

Leave a Comment
ချောင်းရေတက်ပြီးရေလမ်းကြောင်းပြောင်းသွားသဖြင့် လယ်ဧက ၆၀ ကျော်ရေနစ်ပျက်စီး

ယခုရက်ပိုင်းအတွင်း ပဲခူးတိုင်းသေကြီး၊ပြည်ခရိုင်ရှိဒေသတော်တော်များများမှာ မိုးများအဆက်မပြတ် ရွာသွန်းနေမှုများကြောင့် ချောင်းရေလျှံမှုများဖြစ်ပွားခဲ့ရာ ဇူလိုင်လ(၂၂)ရက်နေ့ညပိုင်းက ရွာသွန်းသောမိုး ကြောင့် ပြည်ခရိုင်၊သဲကုန်းမြို့အနီးရှိ သဲကုန်းကြိးချောင်းမှာ ရေများလျှံတက်လာပြီး အမျိုးသားတစ်ဦး မျောပါသေဆုံးခြင်း၊ဇူလိုင်လ(၂၃)ရက်နေ့တွင် ပြည်-သဲကုန်းကားလမ်းပေါ်ရှိတံတား(၂)စင်းမှာ ကျိုးပျက်ခဲ့ခြင်းများ အပြင် အဆိုပါ လျှံတက်လာသော ချောင်းရေများမှာ ရေလမ်းကြောင်းပြောင်းပြီး လယ်ကွက်များအတွင်းသို့ ဖြတ်သန်းစီးဆင်းမှုကြောင့် လယ်ဧက(၆၀)ကျော်မှာပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ရကြောင်း သတင်းရရှိသည်။

ပျက်စီးသွားသောတံတားများမှာ ယခင်ရေလမ်းကြောင်းဟောင်းအပြင် ပိုမိုရေစီးစေရန်အတွက် တံတားဘေးဖက်(၂)ဖက်တွင် ရေထွက်လမ်း(၂)ခုကို လမ်းတံတားဌာနမှ ပြုလုပ်လိုက်သည့်အတွက် ချောင်းရေ လမ်းကြောင်းမှာ ယခုကဲ့သို့ပြောင်းလဲသွားရကြောင်း ယခုရေကြီးနစ်မြုပ်မှုမှာ ဇူလိုင်လအတွင်း ဒုတိယအကြိမ်ရေကြီးမှုဖြစ်ပြီး အမြန်ဖြေရှင်းပေးရန် သက်ဆိုင်ရာသို့ တင်ပြထားသော်လည်း လာရောက်ဆောင်ရွက်ပေးခြင်းမရှိသေးကြောင်းနှင့် ယခုရေကိုပြန်ကျရန်တစ်ပါတ်ခန့်စောင့် ရမည် ဖြစ်ပြီး မိုးဆက်လက်ရွာသွန်းနေပါက ပြန်လည်စိုက်ပျိုး၇န်မဖြစ်နှိုင်သေးကြောင်းဒေသခံလယ်သမားများမှ ပြောသည်။

“အဲဒီရေလမ်းဖေါက်တုန်းက လယ်တွေထဲကိုရေ၀င်နှိုင်တယ်လို့ လယ်သမားတွေကပြောပါတယ်။ဒါပေမယ့် ဘာမှမဖြစ်နှိုင်ပါဘူးဆိုပြီးလုပ်သွားတာ။အခုတော့လယ်တွေလည်းပျက်စိးကုန်ပြီ။ပြန်စိုက်ရင်လည်း အရင်လိုဖြစ် မှာစိုးရတယ်။အခုတော့ပျိုးထောင်ထားတဲ့ပျိုးပင်တွေလည်း အကုန်ရေထဲပါသွားပြီ။လယ်သမားတွေ နှစ်ခါစိုက်ဖြစ်ကုန်ပြီ။ချောင်းက နဂိုနေရာဟောင်းကပျောက်သွားပြီး လယ်တွေထဲကနေစီးနေတယ်။ ချောင်းအဟောင်းကို ပြန်မတူးရင်တော့ လယ်တွေပျောက်သွားနိုင်တယ်။”ဟုရွာထောင်ကုန်းကျေးရွာမှ လယ်ဧက ၄ ဧကနစ်မြုပ်ဆုံးရှုံးခဲ့ရသူ ဦးတင်ဆွေကပြောသည်။

မင်းယွန်း(ခေတ္တရာ)

0 comments:

Post a Comment

Facebook Like Page