Thursday, July 31, 2014

လူမပြောင်း မူမပြောင်း ရှေ.သို.ချီမည်.လမ်းကြောင်း သရ၀ဏ်(ပြည်)

Leave a Comment
လူမပြောင်း မူမပြောင်း ရှေ.သို.ချီမည်.လမ်းကြောင်း
သရ၀ဏ်(ပြည်)

ကျွန်တော်တို.မြို.တွင် ဘော်လီဘောအသင်းတစ်သင်းရှိသည် ။ အသင်းခေါင်းဆောင်မှာကိုမှုန်ကြီးဖြစ်သည် ။ ကိုမှုန်ကြီးဘော်လီဘော အသင်းခေါင်းဆောင်ဖြစ်လာပုံမှာ ပြည်နယ်နှင်.တိုင်းပြိုင်ပွဲ များသို.သွားရောက် ယှဉ်ပြိုင်တိုင်းအသင်းအတွက် ခရီးစားရိတ် ၊တည်းခိုခ ၊ ကုန်ကျစားရိတ်အ၀၀ကို စိုက်ထုတ်လေသဖြင်. ဘောလီဘောအရည်အချင်း ဘာမှဟုတ်ဟုတ်ငြားငြားမရှိသော်လည်း အသပြာတန်ခိုးကြောင်. ခေါင်းဆောင်တက်ဖြစ်နေခြင်းဖြစ်သည် ။ သူတို.အသင်းသည် နှစ်စဉ်နှစ်တိုင်း ပဲခူးသို.သွားရောက်ယှဉ်ပြိုင်သော်လည်း တစ်ခါမှ နိုင်ပွဲမရ ပဲအမြဲတမ်းလိုလို ရှုံးနိမ်.ပြီးသာအရှက်တကွဲပြန်လာရစမြဲဖြစ်သည် ။ ဒီနှစ်ရှုံးသဖြင်.နောက်နှစ်မပြိုင်တော.ဘူးဟုမြို.သူမြို.သားများကထင်သော်လည်း အချိန်တန်သောအခါ ကိုမှုန်ကြီးတို.ဘော်လီဘောအသင်းမှာ ရှေ.သို.ထွက်လာစမြဲဖြစ်သည် ။ ကိုမှုန်ကြီးသည် အသင်းအတွက်လူရွေးတိုင်း အခြားသူများကိုအလှည်.ကျရွေးလေ.ရှိသော်လည်း အသင်းခေါင်းဆောင်နေရာကိုမူ သူမှတပါးမည်သူ.ကိုမျှလွှဲအပ်ခြင်းမပြုပေ ။ လူရွေးသူမှာလည်းသူပဲဖြစ်သဖြင်. သူ.စိတ်ကြိုက်ကစားသမားများ ၊ သူနှင်. ပလဲနံပသင်.သူများ ၊ သူ.ကိုဖားနိုင်သူများသာပြိုင်ပွဲသို.ခေါ် သွားလေ.ရှိသည် ။ ပြိုင်ပွဲနီးလာတိုင်းကိုမှုန်ကြီးသည်လူရွေးချယ်ရေးနှင်.ပါတ်သက်၍ ဤကဲ.သို.ပြောဆိုလေ.ရှိသည် ။
“ ငါတို. အသင်းအမြဲတမ်းရှုံးနေတာ ရပ်တန်.ဖို. ဒီနှစ်တော.လူရွေးတဲ.နေရာမှာ သေသေချာချာဂရုစိုက်ပြီး ရွေးမှဖြစ်တော.မယ်ဟေ. ၊ အဲဒိတော.ကွာ ငါရယ် …. ကြည်မြင်.ရယ် ၊စိုးအောင်ရယ် ..မောင်တိုးရယ် …”
ထိုနှစ်ကမအောင်မြင်သောအခါ နောက်တစ်နှစ်တွင် ကိုမှုန်ကြီးသည်ဤသို.ပြောပြန်သည
“ ဒီနှစ်တော. လူကောင်းတွေပဲရွေးမှဖြစ်တော.မယ် ၊ပြိုင်ဘက်တွေက လွယ်တာမဟုတ်ဘူး ၊ အဲဒီတော.ကွာ ငါရယ် … ၊ ဇော်ကြီးရယ် ၊ ဂျာဂျားရယ် ၊ အောင်မြင်.ရယ် ၊အောင်ဆန်းမင်းရယ် …..”
နောက်တစ်နှစ်လည်းမအောင်မြင် ။ထိုအခါ လူရွေးပြန်သည် ။ထုံးစံအတိုင်း ငါရယ် ဟုအစချီသည် ။ သူဤသို.လူရွေးသည်ကိုမည်သူမျှမအံ.သြ ။ အောင်မြင်မှာလည်းမဟုတ် သည်ကို အားလုံးကသိနေသည် ။ မြို.မှာတော. အသင်းအဖွဲ.တွေ မှာလူရွေးကြလျင် ကိုမှုန်ကြီး၏လက်သုံးစကားဖြစ်သော ”အဲဒိတော.ငါရယ်“ဟူသောစကားကိုရယ်ပွဲဖွဲ.ကြသည် ။ အချို.ကလည်း ငါရယ်ဟု ပါးစပ်ကထုတ်မပြောသော်လည်း ကိုမှုန်ကြီး၏ပေါ်လစီကိုလက်တွေ.လိုက်နာကျင်.သုံးကြသည် ။ ဒီနှစ်ငါဥက္ကဌ ၊ နောက်နှစ်လဲ ငါပဲဥက္ကဌ ၊ နောက်လာမည်.ကာလများအတွက်မူ ငါ.ကိုပင် ငါက ရည်မှန်းထားသည် ။
ယခုအခါမြန်မာနိုင်ငံမှာလည်း ကိုမှုန်ကြီး လုပ်ပေါက်မျိုးကခေတ်စားနေသည် ။ ၁၉၆၂ ခု မတ်လတွင် ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီဟု တက်ကြွစရာနာမည်ပေးထားသည် စစ်အစိုးရတက်လာသည် ။ အရင်းရှင်စနစ် ဘာစနစ်ညာစနစ်ကို ငြီးငွေ.စိတ်ပျက်နေသော ပြည်သူလူထုကို မျက်လှည်.ပြပုံမှားရိုက်သည်.အနေဖြင်. မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဟူသော နိုင်ငံရေးလမ်းစဉ်ဖြင်. စကားလုံးအကြီးကြီးသုံးကာ ဆွဲဆောင်ခဲ.သည် ။ လူနှင်.ရုပ်ပါတ်ဝန်းကျင်၏အညမညသဘောတရား ဘာညာဖြင်. စကားကြီးစကားကျယ်တွေသုံးကာ ၀ါဒမှိုင်းတိုက်ခဲ.သည် ။ တကယ်တော. ဗိုလ်ချုပ်နေ၀င်းသည် ဆိုရှယ်လစ်ဝါဒကိုရော ၊ကွန်မြူနစ်ဝါဒကိုရော ယုံကြည်သူမဟုတ် ။ အာဏာသည် သေနတ်ပြောင်းဝမှလာသည်(Political power grows out of the barrel of a gun.) ဟူသော မော်စီတုန်း၏ အာဏာရှင်ဝါဒကိုသာယုံကြည်သူဖြစ်သည် ။ ထိုယုံကြည်ချက်ဖြင်. တိုင်းပြည်ကို စစ်ဘိနပ်အောက်သို.သွင်းကာ ၁၉၆၂ မှ ၁၉၈၈ အထိ ၂၆ နှစ်လုံးလုံးအုပ်ချုပ်ခဲ.ပါသည် ။ ထို ၂၆ နှစ်တာကာလအတွင်းတရုတ်ကုလားကိုအပြုတ်တိုက်မည်. အမျိုးသားရေးဝါဒီ လိုလို ၊ ဆိုရှယ်လစ်စနစ်ဖြင်. လောကနိဗ္ဖာန်ဘုံသို.ချီတက်တော.မလို ၊ တိုင်းပြည်ချောက်ထဲကျရန်လက်နှစ်လုံးပဲလိုတော.သဖြင်.ကယ်တင်ခဲ.သလိုလို ဖြင်. စစ်အာဏာရှင်ဝါဒကိုသာထူထောင်ခဲ.ပါသည် ။ ဦးနေ၀င်းဘုန်းမီးနေလတောက်ပခဲ.စဉ်အတွင်း နိုင်ငံပိုင်ကျောက်မျက်ရတနာများရောင်းချခြင်းမှာ ကိုယ်ပိုင်ပစ္စည်းကိုရောင်းဝယ်သည်.ပုံစံဖြစ်နေပါသည် ။ ကမ္ဘာ.ဘဏ်တွင်မြန်မာငွေများခိုင်မာစေရန်ရွှေချောင်းများအာမခံတင်ထားသည်ကို အရင်းရှင်ကို အားမပေးဟုဆိုကာ ပြန်လည်ထုတ်ယူခဲ.ပါသည် ။ ထိုရွှေချောင်းများဘယ်နေရာရောက်သွားသလဲ ယခုအထိတိကျသောအဖြေမပေါ်တော.ပေ ။ ဆွဇ်ဇာလန်ဘဏ်တွင်နိုင်ငံခြားငွေစာရင်းဖွင်.လှစ်ထားသည်ဟုလည်းပြောကြပါသည် ။တချိန်ကချမ်းသာခဲ.သော မြန်မာနိုင်ငံကတော. တဖြည်းဖြည်း ဆင်းရဲမွဲတေလာကာ ကမ္ဘာ.ဖွံ.ဖြိုးမှုအနိမ်.ဆုံး ( LDC ) နိုင်ငံအဖြစ်သတ်မှတ်ခံလိုက်ရပါတော.သည် ။ကြာကြာဝါးမှခါးမှန်းသိသော ပြည်သူများက တတိုင်းတပြည်လုံး ၁၉၈၈ တွင် တော်လှန်ခဲ.ကြရာ ဦးနေ၀င်းနှင်.တကွ ၆၂ အာဏာရှင်စနစ်နိဂုံးချုပ်ခဲ.ပါသည် ။
ထို.နောက် ၁၈.၉.၁၉၈၈ တွင် လူသစ်တက်လာပါသည် ။ ထိုလူသစ်မှာကျွန်တော်တို.ပြည်သူများမျှော်လင်.ခဲ.သောလူသစ်တော.မဟုတ် ။ အစိမ်းရောင်ယူနီဖောင်းဝတ်ထားသော ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သည် ။ နောက်တက်တဲ.မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ ၊ ပထမဘုန်းကြီးကခေါင်းတစ်ချက်ခေါက်ပြီး နောက်ဘုန်းကြီးကနှစ်ချက်ခေါက်သည်ဟုဆိုရမလို နောက်တက်လာသူသည်လည်းစစ်အာဏာရှင်ဖြစ်ပြီး ဗိုလ်ချုပ်နေ၀င်းထက်ကဲကာ သူ.ကိုယ်သူ ဗိုလ်ချုပ်မှူးကြီးစောမောင်ဟု အမည်သညာခေါ်တွင်စေခဲ.သည် ။ ဗိုလ်ချုပ်မှူးကြီးစောမောင်သည် ၁၉၉၀ ရွေးကောက်ပွဲကိုလွတ်လပ်၍တရားမျှတစွာကျင်းပပေးပြီး ရွေးကောက်ပွဲပြီးလျှင် တပ်မတော်သည် စစ်တပ်းလျားသို.ပြန်မည် ၊ အခြေခံဥပဒေကို ရွေးကောက်ပွဲအနိုင်ရပါတီကရေးဆွဲရမည် ၊ တပ်မတော်သည် အခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ခြင်းဖြင်.သမိုင်းတရားခံအဖြစ်မခံနိုင်ဟု ပြတ်သားရဲဝံ.စွာကြေငြာခဲ.သည် ။ ထိုစစ်ဗိုလ်ချုပ်ကြီး သည်လည်း သူ၏မှတ်ချက်စကားကိုလက်မခံနိုင်သူ တစ်စု၏လက်ချက်ဖြင်.အငြိမ်းစားယူရကာ နောက်ထပ် စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးတစ်ယောက် တက်လာခဲ.ပြန်၏ ။ ထိုမှတစ်ဖန် ကျောင်းသား ၊ ပြည်သူ ၊ ရဟန်းရှင်လူ များ အစဉ်တစိုက် အုံကြွတောင်းဆိုမှုများကြောင်. မပြောင်းလျင်မဖြစ်တော.သောကြောင်. ၂၀၀၈အခြေခံဥပဒေကို နာဂစ်မုန်တိုင်းကြားမှ ဇွတ်အတည်ပြုကာ ဒီမိုကရေစီယောင်ယောင် စစ်အစိုးရယောင်ယောင်ခေတ်သို.ရောက်လာပေ၏ ။ တကယ်တမ်းသုံးသပ်ကြည်.သောအခါ သမ္မတသည်လည်း စစ်တပ်မှ ပုဂ္ဂိုလ်ပင်ဖြစ်သည် ။ ပြည်သူ.လွှတ်တော်ဥက္ကဌမှာလည်းစစ်တပ်မှ ပုဂ္ဂိုလ်သာဖြစ်သည် ။ အမျိုးသားလွှတ်တော်ဥက္ကဌမှာလည်း စစ်တပ်မှထွက်လာသူဖြစ်သည် ။ ကာကွယ်ရေးဝန်ကြီးသည်လည်းအရပ်သားမဟုတ် ၊ ပြည်ထဲရေးဝန်ကြီးသည်လည်းအရပ်သားမဟုတ် ၊ ကာကွယ်ရေးဦးစီးချုပ်မှာ ပြည်ထဲရေးဝန်ကြီးနှင်.ကာကွယ်ရေးဝန်ကြီး တို.ထက်အဆင်.မြင်.သောတပ်မတော်မှ ဗိုလ်ချုပ်မှူးကြီးဖြစ်နေသည် ။ ရွေးကောက်ပွဲကော်မ၇ှင်ဥက္ကမှာလည်းတပ်မှထွက်လာသောဗိုလ်ချုပ်တစ်ယောက်ဖြစ်နေသည် ။ လွှတ်တော်ထဲမှာလည်း စစ်သားတွေရှိနေသည် ။ တိုင်းဒေသကြီးအစိုးရအဖွဲ.ထဲမှာလည်း စစ်ဗိုလ်ချုပ်တွေပါနေသည် ။ပြည်နယ်အစိုးရအဖွဲ.ထဲတွင်လည်းစစ်သားများပါနေသည် ။ ပြည်နယ်လွှတ်တော် ၊တိုင်းဒေသကြီးလွှတ်တော်မှာလည်းတပ်မတော်သားများပါသည် ။
ယခင်ကစစ်အစိုးရသည် ယခုအခါတွင်လည်း ဒီမိုကရေစီဟုပြောသည်.တိုင် စစ်အစိုးရဟုသာပြောရမလိုဖြစ်နေသည် ။ ၁၉၆၂ ခုနှစ်မှစကာတိုင်းပြည်ကိုတာဝန်ယူအုပ်ချုပ်လာခဲ.သော စစ်တပ်မျိုးဆက်သည် ယနေ.အချိန်အထိ တိုင်းပြည်ကို အုပ်ချုပ်နေဆဲပင်ရှိသေးသည် ။ ပြည်သူလူထုသည် ထိုအခြေအနေကိုငြီးငွေ.နေပါပြီ ။ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေမည်.မည်သည်.ပုံစံကိုမျှပြည်သူလူထုကမလိုလားတော.ပါ ။ ထိုအချက်ကို ၁၉၉၀ ရွေးကောက်ပွဲတွင်တစ်ချက် ၊၂၀၀ရ သံဃာအရေးအခင်း (ရွှေဝါရောင်တော်လှန်ရေး)တွင်တစ်ချက် ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်တစ်ချက် ၊ ၂၀၁၄ ဖွဲ.စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးလှုပ်ရှားမှုတွင်တစ်ချက် ပါဝင်ပြသခဲ.ပြီးဖြစ်ပါသည် ။ ထပ်မံ၍ ရှင်းအောင်ပြောပါရစေ ။ မြန်မာပြည်သူလူထုအများစုသည် စစ်အာဏာရှင်စနစ်ကိုအလိုမရှိပါ ။ စစ်အာဏာရှင်တို.၏အဆွယ်အပွား ပါတီများကို မနှစ်သက်ပါ ။စစ်တပ်နှင်.စစ်တပ်အသိုင်းအ၀ိုင်းသည် ၁၉၆၂ ခုနှစ်မှစကာ ယနေ.အချိန်အထိ အာဏာကိုလက်မလွတ်စတမ်းနည်းအမျိုးမျိုးနှင်.ချုပ်ကိုင်လာခဲ.သည်ဖြစ်ရာ တိုင်းပြည်သည် တိုးတက်သလား မတိုးတက်ဘူးလား ၊ ပြည်သူတွေ ဆင်းရဲသလားချမ်းသာသလားဆိုတာ ဝေးဝေးသွားမကြည်.ပါနှင်. ဈေးထဲမှာပင်အိမ်ရှင်မများကိုမေးကြည်.လျှင်အဖြေသိနိုင်ပါသည် ။ အိမ်နီးချင်းနိုင်ငံများ၏ တစ်ဦးချင်းဝင်ငွေ ၊ လုပ်အားခ ၊ ပညာသင်ကြားနိုင်မှု ၊ နိုင်ငံ၏ ဥစ္စာဓန ၊ အခြေခံအဆောက်အဦ ၊ တို.ကို နှိုင်းယှဉ်ကြည်.လျှင်သိနိုင်ပါသည် ။ တိုင်းပြည်ကိုအရပ်သားပညာတတ်အစိုးရကအုပ်ချုပ်ပါမှ ကမ္ဘာ.အလည်တွင် ရင်ဘောင်တန်းကာ တိုးတက်မှုအသီးအပွင်.များမြင်ရပေမည် ။ သေနတ်ကိုင်ထားသောလူများအုပ်ချုပ်သည်ထက် Lap Top ကိုင်ထားသော ကွန်ပျူတာကိုင်ထားသော အရပ်သားပညာရှင်များအုပ်ချုပ်တာက တိုးတက်မှုလမ်းကြောင်းပေါ်သို.ရောက်နိုင်ကြောင်း လီကွမ်ယုနှင်. ပညာတတ်အရပ်သားများအုပ်ချုပ်ခဲ.သော စင်္ကာပူက သက်သေပြနေပါသည် ။ ဗိုလ်ချုပ်ကြီးများသည် တိုင်းပြည်ကိုငြိမ်ဝပ်ပိပြားအောင် တော.လုပ်နိုင်ပါလိမ်.မည် ၊ သို.သော် တိုးတက်ချမ်းသာအောင်တော.မလုပ်နိုင်ကြောင်း မြန်မာ ၊မြောက်ကိုရီးယား ၊ အီရတ် ၊ကျူးဘား၊လစ်ဗျား၊နိုင်ဂျီးရီးယားတို.က သက်သေပြနေပါသည် ။ မြန်မာနိုင်ငံကိုနှစ်ပေါင်းများစွာအုပ်ချုပ်လာသောတပ်မတော်မျိုးဆက်တစ်ခုသည် စိတ်ကောင်းစေတနာကောင်းဖြင်. ဒီမိုကရေစီ သဘောကိုလည်းလက်ခံသည်.အနေနှင်. ပြည်သူလူထုကရွေးချယ်တင်မြှောက်သော အရပ်သားအစိုးရ တစ်ရပ်ကို ၂၀၁၅ တွင်ရွေးချယ်ခွင်.ပေးတော.မလားဟု တိုင်းသူပြည်သားများက မဲပေးရန်အားခဲနေကြပါသည် ။ လက်ရှိ တပ်မတော်ခေါင်းဆောင် (ဟောင်း) ၊ လက်ရှိတပ်မတော်ခေါင်းဆောင်(သစ်)တို.သည် ပြည်သူလူထုကရွေးချယ်မည်.အရပ်သားခေါင်းဆောင်တစ်ယောက်ကို လက်သင်.ခံခြင်းဖြင်. မြန်မာနိုင်ငံ၏အလှည်.အပြောင်းကို လွတ်လွတ်လပ်လပ်ပုံဖော်ခွင်.ပေးကြစေချင်ပါသည် ။သို.သော် ၁၉၆၂ အာဏာရှင်မျိုးဆက်သည် ၅၂ နှစ်ကြာခဲ.ပြီဖြစ်သော်လည်း အပြောင်းအလဲကိုမလိုလားသေးမှန်း စိတ်မကောင်းစွာတွေ.နေရပါသည် ။
၂၀၁၅ ရွေးကောက်ပွဲ၏ အောင်မြင်နိုင်စွမ်းကို တစိမ်.စိမ်.တွေးကြောက်လာသော အာဏာရပါတီ နှင်.ထိပ်တန်းခေါင်းဆောင်များသည်ယခုထက်တိုင်တရားမရနိုင်သေးပဲ အာဏာကိုဆက်ကိုင်ထားရန်ခြေလှမ်းပြင်လာသည်ကိုစိတ်မကောင်းစွာတွေ.နေရပါသည် ။ ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင်.ပါတ်သက်သောအဆို ၊ အနိမ်.ဆုံးလုပ်ခလစာသတ်မှတ်ရေးအဆို ၊တပ်မတော်မှသိမ်းထာသောလယ်ယာမြေများပြန်လည်ပေးအပ်ရေးအဆို ၊လွှတ်တော်အမတ်များကိုတာဝန်မှပြန်လည်ရုပ်သိမ်းနိုင်သောဥပဒေပြဌာန်းရေးအဆို ၊ အစိုးရနှင်.လွှတ်တော်အမတ်များ၏ပိုင်ဆိုင်မှုဥစ္စာဓနများဖော်ထုတ်ကြေငြာရေးအဆို၊ဖက်ဒရယ်ပြည်ထောင်စုဖွဲ.စည်းရေးအဆိုများနှင်.ပါတ်သက်လျင် နှေးကွေးလေးလံစွာဆောင်ရွက်လေ.ရှိသော လွှတ်တော်ကြီးသည် ၂၀၀၈ဖွဲ.စည်းပုံအခြေခံဥပဒေ ရွေးကောက်တင်မြှောက်ခြင်းအခန်းကဏ္ဍတွင်မပါဝင်သော အချိုးကျကိုယ်စားပြုစနစ် ( PR စနစ် ) ဖြင်.ပြောင်းလဲကျင်.သုံးရေးအဆို တင်သွင်းရာတွင်မူ သူမတူအောင်ဂျက်လေယာဉ်နှုန်းဖြင်. ရှေ.သို.ချီတက်နေတာတွေ.ရပေသည် ။ ထိုမြှုပ်ကွက်၏ နောက်ကွယ်တွင် ၂၀၁၅ ရွေးကောက်ပွဲတွင် N.L.D ပါတီ မဲအများစုရကာ အစိုးရဖွဲ.ဖြစ်သွားမည်ကိုတားဆီးလိုသော ဆန္ဒကအဓိကနေရာမှပါနေကြောင်း ထမင်းစားသူမှန်သမျှစဉ်းစား၍ရနေကြပေသည် ။
အာဏာရှိသူများသာ ရိုးသားခဲ.ကြပါက ထိုအချိုးကျကိုယ်စားပြုဟူသောစနစ်ကို ၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲအများစုဖြင်. ကြံ.ခိုင်ရေးပါတီမှမဲဆန္ဒနယ်အတော်များမျာတွင်နိုင်ခဲ.စဉ်က ကျင်.သုံးဖို.အဘယ်.ကြောင်.တစ်ခွန်းမှမဟပဲ ယခုမှကယောင်ကတန်းဖြင်. ဖုတ်ပူမီးတိုက်ပွဲထုတ်လာသနည်း ။
ရှုံးတော.မည်မှန်းသိ၍ ကစားပွဲတွင် စည်းမျဉ်းကိုပြင်ခြင်းလော ။ စာမေးပွဲတွင် အမှတ် ၄၀ ရမှာမသေချာတော.သောအခါမှ အောင်မှတ်မှာ ၁၀ မှတ်ရလဲအောင်သည်ဟုပြင်ဆင်သတ်မှတ်ခိုင်းခြင်းကား ကိုယ်.အရည်အချင်းကိုကိုယ်ဖော်ပြရာရောက်နေပေ၏ ။ အမှန်စင်စစ် ကိုယ်.တုန်းက ရဲရဲကြီးအလှည်.ယူခဲ.သလို အရပ်သားများအာဏာရလာမှာကိုလည်း ရဲရဲကြီး အလှည်.ပေးသင်.ပါသည် ။ စစ်တပ်ကိုယုံလျင် လူတွေကစစ်တပ်ကိုမဲပေးမည် ၊ ကြံခိုင်ရေးပါတီကိုယံလျင် လူတွေကကြံခိုင်ရေးကိုမဲပေးမည် ၊ N.L.D ကိုယုံလျင် N.L.D ကိုမဲပေးမည် ၊ ရခိုင်ပါတီကိုယုံလျင်ရခိုင်ပါတီကိုမဲပေးမည် ၊ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ.ချုပ်ကိုယုံလျင် ရှမ်းကိုမဲပေးမည် ။ သူ.မဲဆန္ဒနယ်မြေတွင် သူ.ကိုယ်စားလှယ် ကို သူ.ပြည်သူတွေကရွေးချယ်ခြင်းစနစ်ဟောင်းသည် ဘာမှအပြစ်ဆိုဖွယ်ရာကြီးကြီးမားမားးမရှိ ၊ လူကြိုက်နည်း၍ရှုံးရသူတစ်ယောက်ပြုတ်ကျန်နေခြင်းသည် ဘာမှ ၀မ်းနည်းနေစရာမလို ။ PR စနစ်အရဆိုလျင် အမတ်လောင်း ကိုရွေးကောက်ခွင်.မရပဲ ပါတီကိုသာရွေးချယ်ခွင်.ရတော.မည် ။တစ်ဖန်ပါတီကမှ မဲအချိုးအစားရရှိမှုကိုမူတည်၍ လွှတ်တော်တက်မည်.ကိုယ်စားလှယ်ရွေးပေးရမည်ဖြစ်ရာ လူတော်များကိုတိုက်ရိုက်ရွေးခွင်.နည်းသွားမည်ဖြစ်သည် ။ ကိုယ်.မဲဆန္ဒနယ်ကိုကိုယ်စားပြုသည်.အမတ်ကဘယ်သူမှန်းပင်မသိရသဖြင်.တာဝန်ခံမှု တာဝန်ယူမှု နည်းသွားမည်းစနစ် ၊ မည်သူ.အဖေခေါ်ရမှန်းမသိသည်.စနစ်ဖြစ်ပေလိမ်.မည် ။ နဂိုကတည်းကမှလွှတ်တော်တွင်တပ်မတော်မှ ၂၅ ရာခိုင်နှုန်းနေရာယူထားပြီးဖြစ်ရာ ကျန်သော ၇၅ ရာခိုင်နှုန်းအတွက်သာပြုလုပ်မည်..ရွေးကောက်ပွဲတွင် ထပ်မံ၍ ရာခိုင်နှုန်းစနစ်ဖြင်.ခွဲခြမ်းစိတ်ဖြာနေဦးမည်ဆိုပါက အားကောင်းသောအစိုးရတစ်ရပ်ဖြစ်ပေါ်မလာတော.ပဲ ညွန်.ပေါင်းအစိုးရဖြစ်ပေါ်လာပေမည် ။ထိုအခါ အစိုး၇အဖွဲ.ထဲတွင် တစ်ဖွဲ.ကိုတစ်ဖွဲ.ကန်.လန်.တိုက်နေကြတာနှင်. နောက်ထပ် (၅ ) နှစ် တိုင်းပြည်မှာရေစုန်မျောပေဦးမည် ။
အံ.သြစရာကောင်းသည်မှာ အမျိုးသားလွှတ်တော်တွင် PR စနစ်ကိုကျင်.သုံးရေးအဆို ကို NDF ပါတီမှဒေါ်ခင်ဝိုင်းကြည်ကစတင်အဆိုတင်သွင်းစဉ်က တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ၊ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင်းအတူ ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အားလုံး က တညီတညွတ်တည်းကန်.ကွက်မဲပေးခဲ.ကြသည် ကိုတွေ.ခဲ.ရသည် ။ PR ရွေးကောက်ပွဲစနစ်ကိုထောက်ခံသူမှာ ကြံ.ခိုင်ရေးပါတီဝင်များးနှင်. N.D.F ပါတီဝင်များ သာ ရှိခဲ.သည် ။သို.သော်ထိုအဆိုကိုပင်ဇူလိုင်လ ၂၄ ရက်နေ.တွင်ကျင်းပသောပြည်သူ.လွှတ်တော် တွင်မဲခွဲဆုံးဖြတ်ရာ၌ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသည် အမျိုးသားလွှတ်တော်မှာ ဆန္ဒမဲခွဲစဉ်တုန်းကလို ဆန်.ကျင်ကန်.ကွက်မှုမပြုတော. ထောက်ခံမဲပေးခဲ.ကြသည် ။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားးလွှတ်တော်ကိုယ်စားလှယ် များက ကန်.ကွက်မဲပေးခဲ.ကြသည် ။ ကန်.ကွက်မဲ ၄၂ မဲရှိပြီး တိုင်းရင်းသားကိုယ်စားလှယ် (၂၀) ဦးခန်.က PR အဆိုကိုကန်.ကွက်သောအားဖြင်. ထိုနေ.တွင်လွှတ်တော်သို.မလာရောက်ကြောင်းပြောကြားခဲ.ကြသည် ။ ဤနေရာ၌ သဘောထားပြောင်းသွားသောတပ်မတော်သားကိုယ်စားလှယ်များ၏ရပ်တည်မှုမှာ အံ.အားသင်.ဖွယ်ဖြစ်သည် ။ အမျိုးသားလွှတ်တော်မှတပ်မတော်သားများက PR ကိုဆန်.ကျင်သည် ။ ရက်အနည်းငယ်ကြာသောအခါ ပြည်သူ.လွှတ်တော်တွင် တပ်မတော်သားများက PR ကိုထောက်ခံသည် ။ အဘယ်ကြောင်.သူတို.ဘက်ပြောင်းသွားသနည်း ။ တစ်ခုပဲရှိသည် ကြံ.ခိုင်ရေးပါတီခေါင်းဆောင်များနှင်.တပ်မတော်ကာချုပ်တို.လူမသိသူမသိ တွေ.ဆုံညှိနှိုင်းမှုတစ်ခုလုပ်လိုက်သည်.သဘောဖြစ်သည် ။ PR စနစ်ကြောင်.မဲများပြန်.ကျဲသွားလျင် တပ်မတော်မှရွေးချယ်လိုက်သော သမ္မတလောင်းသည် သမ္မတဖြစ်ဖို.လမ်းစများသည်ဟူသော အကြောင်းပြချက်ကတပ်မတော်၏ထောက်ခံချက်ကိုရရှိနိုင်ဖို. မက်လုံးတစ်ခုဖြစ်လာနိုင်ပေသည် ။ ထိုအကြောင်းကြောင်.ပင်တပ်မတော်သည်စိတ်ပြောင်းကာ PR စနစ်ကျင်.သုံးမည်.အဆိုကို ကန်.ကွက်မှုရုပ်သိမ်းခဲ.ခြင်းဖြစ်ဟန်တူပေသည် ။ တပ်မတော်သည် အရပ်သားသမ္မ၏သြဇာကိုနာခံလိုပုံမပေါ်ပေ ။၂၀၀၈ အခြေခံဥပဒေအရ လုပ်ပိုင်ခွင်.လွန်လွန်ကျူးကျူးရထားသောကာကွယ်ရေးဦးစီးချုပ်သည် စစ်ဗိုလ်ချုပ်ဟောင်းမှသမ္မတဖြစ်လာသူ ဦးသိန်စိန်အမိန်.ကိုပင် နာခံသူမဟုတ်ဟု အချို.ကသုံးသပ်နေကြရာ အရပ်သားတစ်ယောက်သမ္မဖြစ်လာမည်ကိုလိုလားမည်မဟုတ်ချေ ။ ထို.ကြောင်.ပင် ကြံခိုင်ရေးနှင်.တပ်မတော် ပုလင်းတူဗူးဆို.ပေါင်းစည်းကာ ပီအာစနစ် တွင်ထောက်ခံလိုက်ခြင်းဖြစ်ဟန်တူပေသည် ။တနည်းအားဖြင်. အရပ်သားအစိုးရတက်လာနိုင်မည်.လမ်းကြောင်းကို ပူးပေါင်းပိတ်ဆို.လိုက်ခြင်းဟုဆိုလျင် ဆိုနိုင်ပါ၏ ။ မြန်မာ.နိုင်ငံရေးတွင် အရပ်သားများကိုအလှည်.မပေးပဲ စစ်ဗိုလ်ချုပ်ဟောင်းများ ၊ စစ်ဗိုလ်ချုပ်လက်ရှိများသာ ကြီးစိုးလွှမ်းမိုးထားရေးမူဝါဒ ၊ တနည်းပြောရလျင် လူမပြောင်း မူမပြောင်း ရှေ.သို.ချီမည်.လမ်းကြောင်းကိုချပြလိုက်ခြင်းဖြစ်သည် ။
တိုင်းပြည်အနာဂါတ်အတွက်လူရွေးသောအခါ အကြိမ်ကြိမ်လူကြိုက်နည်းခဲ.သောအဖွဲ.ကိုတော.အစားထိုးပြောင်းလဲမှကောင်းပေလိမ်.မည် ။ သို.သော်လည်းထိုသို.ပြောင်းလဲမှုသည် နိုင်ငံတော်နှင်.ပြည်သူလူထုအတွက်ဦးတည်ကာပြောင်းလဲမည်လား ၊ကျွန်တော်တို.မြို.မှ ကိုမှုန်ကြီးဘော်လီဘောအသင်းလူရွေးသလို ” ဒီနှစ်တော.ငါရယ်…. “ ဆိုသော ငါမပါဘယ်အခါမှမပြီး စစ်ဝါဒပဲခေါင်းထောင်လာဦးမှာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါကြောင်း
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၅.၈.၂၀၁၄

0 comments:

Post a Comment

Facebook Like Page