Sunday, July 20, 2014

ကျည်ဆန်တွေပြေးလွှားနေဆဲ . . . အာဇာနည်တွေ ထပ်မပေးကြရစေနဲ့

Leave a Comment

ကျည်ဆန်တွေပြေးလွှားနေဆဲ . . . အာဇာနည်တွေ ထပ်မပေးကြရစေနဲ့

**************************************

အပြင်မှာ မိုးက တစိမ့်စိမ့်ရွာနေသလို ဖန်သားပြင်ပေါ်မှာ လည်း မိုးက တစိမ့်စိမ့်စွေနေသည်။ အဖြူအမည်း ပုံရိပ်များက မှိုင်းမှိုင်းပျပျသက်ဝင်လျက်။
 မိုးရေထဲ အရှိန်နှင့်မောင်းလာသော ဂျစ်ကားက ဘရိတ် ကို ဆောင့်နင်း ရပ်လိုက်၍လောမသိ၊အနည်းငယ် ယမ်းခါ သွားသည်။ ကားပေါ်မှ သေနတ်ကိုင် လူတစ်စုသုတ် သုတ် ပျာပျာဆင်းလာကာ အတားအဆီး အစစ်အဆေးတစ်စုံတစ်ရာမရှိသောအဆောက်အအုံထဲ အပြေးအလွှားဝင်သွားကြသည်။
ခေတ္တရပ်နားခြင်းဟု အနက်ရသော Play ခလုတ် ကိုနှိပ်လိုက်ခြင်းကြောင့် လှုပ်ရှားမှုများက ရုတ်တရက် ရပ်တန့် သွားသည်။
မိုးရေစက်များကလည်း လေထဲလမ်းခုလတ်တွင် ရွာကျ ရင်းတန်းလန်း။ အပြေးလှမ်းနေသူတို့သည်လည်း လက်လွှဲ ရင်း၊ခြေလှမ်းရင်း၊ အမိန့်ပေးသည့် ဟန်အမူအယာ တို့ဖြင့် ရပ်တန့်လျက်။
အပြင်မှာတော့ မိုးကတစိမ့်စိမ့်ရွာကျနေဆဲ။ ပြတင်း ပေါက်မှ အပြင်သို့လက်ကို ဆန့်ထားလိုက်တော့ လက်ခုံပေါ် ရေတို့ ရွှဲရွှဲစိုကုန်သည်။
ခဏလေးရပ်ပါဦးဟု သူ့အတိုင်း လည်ပတ်နေသော ကမ္ဘာကြီးကို တောင်းပန်၍မရ။ အသံဗလံများ၊ လှုပ်ရှား သွားလာနေမှု များကိုလည်း ခဏပင်ဖြစ်စေ ရပ်တန့်နေစေ ရန် လက်တွေ့ဘဝများထဲ နှိပ်စရာ ခလုတ်မရှိ။ သို့သော် လှုပ်ရှား နေမှုများ ရပ်တန့်သွားရန်ဆွဲစရာခလုတ်များ တော့ရှိချင်ရှိနေ နိုင်သည်။
ထိုခလုတ်များကို မည်သူတို့ ဆွဲ နိုင်ပါသလဲ။ စီးဆင်းနေ သောမြစ်ကို ဒီတိုင်းရပ်တန့်ပစ်၍မရ၊ သို့သော် ကြီးမားသော ကျောက်စိုင် ကျောက်တုံးများ ပစ်ချပိတ်ဆို့ လိုက်၍တော့ ရနိုင် သည်။ ဆည်တို့ဖြင့် ဆီးကာ၍ ရနိုင်သည်။ ရှင်သန်ပွင့်လန်း နေသော သစ်ပင်၊ ပန်းပွင့်များကို တားဆီး၍ မရ၊ သို့သော် အမြစ်မှနုတ်၍ သတ်ပစ်လိုက် ၍တော့ ရပါလိမ့်မည်။ အပြီး တိုင်ခုတ်ထွင်ရှင်းလင်း၍လည်း ရနိုင်ပါမည်။
ထိုခလုတ်များကို မည်သူတို့ ဆွဲပါသလဲ။ ထိုကျောက်တုံး များကို မည်သူတို့ ပစ်ချပါသလဲ။ အဘယ်သို့သော လက်တို့ သည် အမြစ်မှနေ၍ ရက်ရက်စက်စက်တူး ဆွနုတ် ပစ်နိုင်ပါသလဲ။ ထိုသို့ပြုလုပ်ရန် အမိန့်များကိုရော မည်သူတို့က ပေးပါသနည်း။
ဖန်သားပြင်ပေါ်တွင် လှုပ်ရှားမှုအားလုံး ရပ်တန့်နေဆဲ။ သေနတ်ကိုင်ထားသော လူတစ်စုသည် ရပ်တန့်နေသည်။ အဆောက်အအုံတွင်း အရာအားလုံးရပ်တန့်နေသည်။ အ ကယ်၍ ပြသသည်ဟုအနက်ရသော Play ခလုတ်ကိုထပ်မံ နှိပ်လိုက်ပါက သူတို့ ပြန်လည်လှုပ်ရှားသက်ဝင်လာကြမည် ဖြစ်သည်။
လှေကားတစ်ခုမှနေ၍ သူတို့အပြေးအလွှား တက်ကြ မည်။ စစ်ဖိနပ်သံများကို တဒုန်းဒုန်းကြားရမည်။ ပြီးလျှင်သေနတ်မောင်းကိုပထမဆုံးအကြိမ်ဆွဲလိုက်ကြမည်။ ပြီးလျှင်–အခန်းတံခါးတစ်ခုကို သူတို့ဖွင့်ကြမည်။ ပြီးလျှင် ————————-။
Play ခလုတ်ကို ကျွန်တော်မနှိပ်ချင်။ ပြင်ပသက်ရှိ လောကတွင် ခဏရပ်တန့်ထားနိုင်သည့် Play ခလုတ်မရှိ။ သို့သော် မျက်နှာချင်းဆိုင်မှ တီဗီဖန်သားပြင်ကိုတော့ အမိန့်   ပေးစေခိုင်း၍ ရပါသည်။ ထို့ကြောင့် မနိုင်နိုင်ရာကို ကျွန် တော်ရပ်တန့်ထားခြင်းဖြစ်သည်။
အကယ်၍ Play ခလုတ်ကို ကျွန်တော်ပြန်နှိပ်လိုက်ပါ လျှင်— ။
အခန်းထဲ သေနတ်သံတို့က တဝေါဝေါဆူညံသွားသည်။ ကျည်ထိ၍ လွင့်တက်လာသော သစ်စများ၊ စာရွက်များ၊ ရုတ်တရပ်မတ်တတ်ထရပ်လိုက်သူများ၏ ရင်ဝသို့ အစု လိုက် အပြုံလိုက်ပြေးဝင်သွားသော ကျည်ဆန်များ၊ ဟန့်တားလိုက် သော လက်တစ်ဖက်။တရကြမ်းစီးထွက်လာသောသွေးများ၊ အခန်းလေးထဲ ယမ်းငွေ့များဖြင့်ညစ်ထေး မှိုင်းဝေသွားတော့ မည်။
ကျွန်တော် Play ခလုတ်ကို မနှိပ်မိသေးပါ။ နှိပ်လိုက်လျှင် မည်သို့ဖြစ်တော့မည်။ မည်သည့်မြင်ကွင်းများကို မြင်ရတော့ မည်ကို ကျွန်တော်သိပါ သည်။ ဖြစ်နိုင်မည် ဆိုပါလျှင် ရီမုကွန် ထရိုးပေါ်မှ ရပ်နားခြင်း သို့မဟုတ် ပိတ်သည် ဟူသော ခလုတ် တစ်ခုခုကိုလွန်ခဲ့သော ၆၇ နှစ်ကတည်းက တစ်စုံတစ်  ယောက်ယောက်နှိပ် ခဲ့ဖို့သင့်ပါ သည်။
သို့သော် ခလုတ်ပေါင်းများစွာရှိသည့်အနက်မှ နောက်သို့ လက်ညှိုးကိုကွေးကာ အားယူဆွဲရသော ခလုတ်များကိုသာ လူတို့ရွေးချယ်ခဲ့ကြသည်။ ထို့ကြောင့် မည်သည့် အရာကိုမှ ကျွန်တော်တို့ရပ်တန့်ခွင့်မရခဲ့။ ရပ်တန့်ခြင်းငှာ မစွမ်းနိုင်ခဲ့။ ထိုသို့ဖြင့် ကျည်ဆန်တို့က မရပ်မနားပြေးလွှားခဲ့သည်။ ပြေး လွှားနေကြဆဲ။
ခဏလေးရပ်လိုက်ပါလား။ ခဏလေး ရပ်ပေးပါလား။ မလုပ်ကြပါနဲ့။ မလုပ်ကြပါနဲ့။ ကြောင်းတူသံကွဲ စကား တို့တွင်လည်း ယမ်းနံ့များစွန်းထင်းစွဲကပ်လျက်။ ထိုခလုတ် များ ကိုဆွဲရန် မည်သူတို့က မည်သည့်အတွက်ကြောင့် အမိန့်ပေး စေခိုင်းခဲ့ပါသလဲ။
ဇူလိုင်လသည် မိုးရိပ်မိုးငွေ့မိုးစက်များနှင့်အတူ ကြောက် မက်ဖွယ်အနီရောင်ရက်စွဲတစ်ခုကို ထမ်းထားရသောလဖြစ် သည်။ မြန်မာနိုင်ငံတွင် မည်သည့် လသည်ရော   သွေးစတို့မစွန်း မပေဘဲ ရှိခွင့်ရခဲ့ပါသလဲ။
ကျွန်တော့်လက်ထဲတွင် ရီမုကွန်ထရိုး တစ်ခုရှိသည်။ ကျော်ပစ်ရန်၊ ရပ်တန့်ရန်၊နောက်သို့ပြန်သွားရန်၊ အပြီးပိတ်ပစ် လိုက်ရန် အမိန့်ပေး၍ ဖန်တီးနိုင်သော ရီမုကွန်ထရိုး တစ်ခုရှိသည်။ သို့သော်ထိုရီမုကွန်ထရိုးက တီဗီတစ်လုံးနှင့် စီဒီစက်တစ်ခုအတွက်သာအသုံးဝင်ပါသည်။
၆၇ နှစ်လုံးလုံးဆတ်ဆတ်ခါအသည်းနာခဲ့ရသော ရက်စွဲ တစ်ခုဆီမရောက်စေရန် သို့မဟုတ် ထိုရက်စွဲတစ်ခု ဖြစ်မလာ စေရန် ရပ်တန့်တားဆီး ထားနိုင်သော၊   မေ့ပျောက်ကျော်ပစ် နိုင်သော၊ လုံးဝမရှိခဲ့အောင် ဖန်တီးနိုင်စွမ်းမရှိ။ ကျွန်တော့် လက်ထဲတွင်လက်ညှိုးလေးကွေးရုံဖြင့် အရာရာရပ်တန့်ပစ်နိုင် သော သေနတ်တစ် လက်မရှိ။ကျွန်တော့်ထံတွင်မရှိ။ ကျွန်တော် တို့ ပြည်သူများထံတွင်မရှိ။ ထို့ကြောင့်————-။


၁၉၄၇ ဇူလိုင်လ ၁၉ ရက်မှစ၍ ပြေးလွှားနေသောကျည် ဆန်များသည် လွတ်လပ်ရေးရပြီးချိန်တွင်လည်း တိုင်းရင်း သားပြည်သူတို့ကြား ပြေးလွှားနေဆဲ၊ တိုင်းတစ်ပါး နယ်ချဲ့ရန် ကို ကာကွယ်ခြင်းမဟုတ်သည့်ကိုယ့်ပြည်သူသွေးဖြင့် ကိုယ့်မြေ ကိုယ့်ရေတို့ စွေးစွေးနီခဲ့ခြင်းဖြင့်လည်း ကျည်ဆန်တို့ပြေး လွှားနေဆဲ။
၁၉၈၈ ကာလ သွေးမြေကျခဲ့သည့်သြဂုတ်လ၏ ကျောင်း သားပြည်သူ သမိုင်းတစ္ဆေကလည်း ကျည်သင့်ရာ ဒဏ်ရာ များဖြင့် မကျွတ်မလွတ်ရှိနေဆဲ။  ပြီးတော့ ၂ဝဝ၇ ၂ဝ၁၃ ၂ဝ၁၄ ပြည်တွင်းစစ်ဆီမှ သေနတ်သံများ။ သွေးချင်းသားချင်းတို့၏ သွေးသည်လည်းအနီ ရောင်ပင်ဖြစ်သည်။
 အာဇာနည်ဆိုသည်မှာ အများကောင်းကျိုး အတွက် မိမိ၏ ဆံခြည်မျှင်တစ်ပင်မှစကာမိသားစု၊ ဘဝနှင့် အသက်ကို မငဲ့တမ်းပေးဆပ်စွန့်လွှတ်နိုင်စွမ်း ရှိသူများကိုခေါ် ပါသည်ဟု မည်သည့်အဘိဓာန်စာအုပ်များကိုမှ လှန်မကြည့်ဘဲ ကျွန်တော် ကတော့ ရိုးရိုးလေးပင်ဖွင့်ဆိုချင်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း နှင့် ကျဆုံးလေပြီးသောေ ခါင်းဆောင်ကြီးများသည် အသက် ပေးခဲ့ရ၍ အာဇာနည်ဖြစ်ခြင်းမဟုတ်။ တိုင်းပြည်နှင့် လူမျိုး အတွက်ဟု စတင်စဉ်းစားခဲ့သည့်အချိန်ကတည်းက အာဇာ နည်များဖြစ် ခဲ့ပြီး ဖြစ်သည်။
မည်သူမှထင်မှတ်မထားသော ယုတ်မာသည့်လုပ်ကြံမှု ကြောင့် အသက်ပေးခဲ့ရစေကာမူ အကယ်၍ ထိုဇူလိုင် ၁၉ မရှိခဲ့၊ မဖြစ်ခဲ့ပါလျှင်လည်း အာဇာနည်ကြီးများအဖြစ် ကျွန် တော်တို့ပြည်သူက အမြဲဦးညွှတ်နေမည်ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူတို့သည် ယနေ့ထိအရှိန်မ သေပြေးလွှားနေမည့် ကျည်ဆန်များကိုအသက်သွင်းမည့် ခလုတ်များကိုမဆွဲခဲ့၍ ဖြစ်သည်။
ထို့ကြောင့် ကျွန်တော်တို့က အာဇာနည်များကိုချစ်သည်။ အာဇာနည်များနှင့်ပတ်သက်သည့် မည်သည့်အရာကိုမှ ကျွန် တော်တို့မကြောက်၊ တန်ဖိုးထားချစ်ခင်သည်။ မလို၍ ဖယ်ရှား ရမည့်အရာများလည်း တစ်ခုမှမရှိ။ သို့သော် အာဇာနည်နေ့ ဟူသောတိုင်းပြည်အဝှမ်းမျက်ရည်လွှမ်းခဲ့ရသော ဆုံးရှုံးမှုကြီး ကိုပင် ပလ္လင်ပေါ်မှ ဖယ်ချခံရဖူး သည်။ ဝမ်းနည်းခြင်းအထိမ်း အမှတ်ဖြစ်သော ဥသြသံတို့သည်လည်း ပိတ်ပင်တားမြစ်ခံရဖူး သည်။
မြင်ရသောကျည်ဆန်များကိုရှောင်ရှားဖို့ လွယ်ကောင်း လွယ်နိုင်သေးသော်လည်း မမြင်ရသော ကျည်ဆန်များကိုတော့ ရှောင်နိုင်ဖို့မလွယ်။ သူတို့ကပြေးလွှားနေသည်။   ပြေးလွှားနေ ဆဲ။ တိုင်းကားပြည်ရွာမြိုနယ်ကျေးရွာ အနှံ့ပြေးလွှားနေဆဲ။ ပြည်သူတို့၏ ဆန္ဒနှင့်နှလုံးသည်းပွတ်များ၏ အနီးမှ ဖြတ်သန်း ပြေးလွှားနေဆဲ။ အများေ ကာင်းကျိုးအတွက် စွန့်လွှတ်အနစ်နာ ခံပေးဆပ်နေကြသည့် အာဇာနည်များစွာ ကျွန်တော်တို့ဆီမှာ ရှိနေပါသေးသည်။ အသက်ကိုသာပေးဆပ်လိုက်ရပြီး မည် သည့်ခေတ် စနစ်ကိုမှ အမြစ်မှတူးဖြိုပြောင်းလဲမပစ်နိုင်ခဲ့ဘဲ ဤ အသွင်ပြောင်းခေတ်ပေါ်မှာပင် နောက်ထပ်အာဇာနည်များကို ကျွန်တော်တို့ ထပ်အဆုံးရှုံးခံ၍မဖြစ်တော့။ မည်သူ တစ်ဦးတစ် ယောက်ကိုမှ ကျွန်တော်တို့ နောက်ထပ်မပေးနိုင်တော့ပါ။ ၁၉ ဇူလိုင်ကဲ့သို့နေ့မျိုးကျွန်တော်တို့မြေပေါ်တွင် နောက်ထပ်မ ရှိစေရ။
ကျွန်တော်တို့လက်ထဲတွင် အရာရာကို ရပ်တန့်ပစ်နိုင် သော ရီမုကွန်ထရိုးများမရှိ။ အရာရာကို ပြိုလဲသွားစေနိုင်သော လက်ညှိုးကွေးဆွဲနိုင် သည့်သေနတ်များ မရှိ။သို့သော် ကျွန်တော် တို့တွင် အာဇာနည်နေ့တစ်ခုရှိသည်။
ထိုနေ့သည် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို လွမ်းဆွတ်တသ နေရုံဖြင့် ပြီးဆုံးသွားရမည့်နေ့မဟုတ်။ ထိုနေ့သည် ကျွန်တော် တို့ ပိုင်နေသေးသော။    မျှော်လင့်ချက်အဖြစ်ရှိနေဆဲဖြစ် သောသက်ရှိအာဇာနည်များကို အဓမ္မတရားအောက် မကျဆုံး အဆုံးရှုံးမခံရေးအတွက် ကိုယ်စွမ်းရှိသမျှ ကာကွယ်သွားကြရ မည်ဟု ညီညွတ်သောနေ့လည်းဖြစ်ပါသည်။
ကျွန်တော်တို့ လက်ထဲတွင် အရာရာကိုရပ်တန့်ပစ်နိုင် သော ရီမုကွန်ထရိုးများမရှိ။ အရာရာကို ပြိုလဲသွားစေနိုင်သော လက်ညှိုးကွေးဆွဲနိုင်သည့် သေနတ်များမရှိ။ သို့သော်ကျွန်တော် တို့လက်ထဲတွင် တစ်ခုတည်းသောခွန်အားကတော့ ရှိနေပါ သေးသည်။ ထိုအရာကား ‘ပြည်သူ’ ———။
တစ်ခုသော ဇူလိုင်တွင် ကျွန်တော်ကဗျာတစ်ပုဒ်ရေးခဲ့ဖူးသည်။ ကဗျာအမည်က ‘၁၉/၇’
အသုဘတောင်
ဘေတူတူ တူဘေဘေနဲ့ ချွဲပြီးဝင်လာတဲ့ နှဲသံလေးလေးနဲ့ မျက်ရည်ဝေတတ်တဲ့ရွှေ
ခေတ်ကြီး ဒီလောက်အုတ်အော်သောင်းတင်း
ဆူညံနေတာတောင်မှ
ဥသြသံမပါရင် မနာတတ်ကြတော့သလိုလို
သီချင်းကိုပိတ်
နားကြပ်တွေဖြုတ်
ကွန်ပျူတာကို အခုရပ်
သိမ်ဖြူလမ်းမှာ သေနတ်သံတွေ ကြားလား ———
ကြားလား————————
——————ကြား————လား
ဘာရွာစားမှမလိုဘူး
နားပါးရင် သမိုင်းကိုကြားမယ်
မင်းနှလုံးသားမှာ
ကိုလက်စထရောတွေ များမနေဘူးဆိုရင်ပေါ့ ——–

 popularmyanmar.......................

0 comments:

Post a Comment

Facebook Like Page