Sunday, July 20, 2014

ပြည်မြို့တွင် အာဇာနည်နေ့အခမ်းအနား တားမြစ်ထားသည့်နေရာတွင် ပြုလုပ် ပြည့်သဲမောင်(ပြည်) စံတော်ချိန်နေ့စဉ်

Leave a Comment



ပြည်မြို့တွင် အာဇာနည်နေ့အခမ်းအနား တားမြစ်ထားသည့်နေရာတွင် ပြုလုပ်

ပြည့်သဲမောင်(ပြည်) စံတော်ချိန်နေ့စဉ်

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် အာဇာနည်နေ့၌ နိုင်ငံရေး လူမှုရေးအဖွဲ့ အစည်းအသီးသီးက ဒေသံသရအမိန့်အရတားမြစ်ထားသည့် မြင်းစီးကျောက်ရုပ်
တွင်သာ လွမ်းသူ့ပန်းခွေချ အလေးပြုခြင်း ခဲ့ကြသည်။

ခေတ္တရာမြို့သစ် မီတာ(၄၀၀)အားကစားကွင်းတွင်သာ ပန်းခွေချအလေးပြုခြင်း အခမ်းအနားပြုလုပ်ရန် နှင့် မြို့လယ်ဗိုလ်ချုပ်ကျောက်ရုပ်တွင်ပန်းခွေချအလေးပြုခြင်း
ပြုလုပ်ပါက ပုဒ်မ(၁၈၈) ဖြင့် အရေးယူမည်ဖြစ်ကြောင်း ပြည်မြို့နယ် အုပ်ချုပ်ရေးအာ
ဏာပိုင်များက ထုတ်ပြန်ထားသည်။

ထိုနေ့မနက်(၉)နာရီအချိန်က ပြည်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကာ အင်အား(၄၀၀)ကျော် ၊ (၈၈)မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းမှအင်အား(၅၀)ခန့်
သည်ဗိုလ်ချုပ်ကျောက်ရုပ်သို့ချီတက်လွမ်းစုပန်းခွေချအလေးပြုခဲ့ကြသည်။

"မနှစ်က ပန်းခွေချပြီးပြန်တာနဲ့ စည်ပင်သာယာက အမှိုက်ကားနဲ့ လာသယ်သွားတာ။ ဒါမျိုးတွေပြန်သိနေတဲ့အခါကျတော့ စိတ်မကောင်းဘူးပေါ့နော်။ ဒီနှစ်ကျတော့ ဗိုလ်ချုပ်ေ
ကျာက်ရုပ်မှာ ဂါရ၀ပြုပြီး ရုံးမှာဘဲတစ်နေကုန်အောင် ပန်းခွေထားမယ်"ဟုပြည်မြို့နယ်NLDသတင်းနှင့် ပြန်ကြားရေး တာဝန်ခံကိုကျော်ကျော်ဥာဏ်ဝင်းကပြောသည်။

ထို့နောက် လွှတ်တော်ပြင်ပနိုင်ငံရေးသမားများအဖွဲ့ ၊ အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့် တင်သူများအဖွဲ့ ၊ ပြည်ခရိုင်ပြည်သူပြည်သားများအဖွဲ့ ၊ အနောက်လခုပ္ပင် ပြည်သူလူထုများ အဖွဲ့
 တို့ကလည်း ဗိုလ်ချုပ်ကျေးရုပ်သို့ချီတက် လွမ်းသူ့ပန်းခွေချအလေးပြုခဲ့ပြီး သတ်မှတ်ထားသည့်
 နေရာသို့ မသွားပေ။

"ခုတက်လာတဲ့ အုပ်ချုပ်ရေးပိုင်းတွေကလည်း တာဝန်ရှိရဲ့သားနဲ့ တာဝန်မယူရဲလို့ ပန်းခွေချခွင့်ပိတ်ပင်ထားတယ်။ ပြည်သူတွေက သူတို့ကိုအာဏာ ဖီဆန်မလားဆိုပြီး ကြောက်နေကြတယ်"ဟုဦးဆောင်ချီတက်သူကိုဝင်းလှိုင်ကဆိုသည်။
ထို့အပြင် ပြည်ခရိုင် နိုင်ငံရေးအကျဉ်းသားများအဖွဲ့ဆရာကြီးသခင်ကိုယ်တော်မှိုင်း
ငြိမ်းချမ်းရေးအဖွဲ့ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးပေါင်းစုံအဖွဲ့ ၊ လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP) ၊ မိုးမေတ္တာ နာရေးကူညီမှုအသင်း ၊ လက်တွဲကူမယ်ပြည်လူငယ် စသည့်အဖွဲ့များ မှလည်း အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံး
ခဲ့သည့် ၁၀နာရီ၃၇မိနစ် အချိန်ကိုက် ဗိုလ်ချုပ်ကျောက်ရုပ် အရောက်ချီတက်ခဲ့ကြပြီး ပန်းခွေချအလေးပြုခြင်းကို စုပေါင်းပြုလုပ်ခဲ့ကြသည်။

" သတ်မှတ်တဲ့နေရာက အာဏာပိုင်သတ်မှတ်တာ။ ဒါကကျနော်တို့နှလုံးသားထဲကနေရာ။ အားလုံးကဒီအချိန်ဒီနေရာကိုဘဲသွားကြရမယ်" ဟုလည်းမိုးမေတ္တာနာရေးကူညီမှုအသင်း
အတွင်းရေးမှူး ဦးညီညီအောင်ကပြောသည်။

ယခင်နှစ်က ထိုနေရာတွင် ကြယ်ပုံသဏ္ဍန်ပန်းခွေချထားသူ ကိုသိန်းမင်းစိုး ကို ပုဒ်မ(၁၈၈)ဖြင့် ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် တရားလိုလုပ် တရားဆွဲဆိုခဲ့ပြီး ယခုနှစ် ဗိုလ်ချုပ်ကျောက်ရုပ်တွင် ပန်းခွေပေါင်း(၃၀)နီးပါးကိုအဖွဲ့အစည်းအသီးသီးကချထားခဲ့သည်။

မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး
စာမူနှင့်ပတ်သက် လာမည့်ကိစ္စအဝဝကိုယ်ဖြေရှင်းသွား
မည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်။


သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) စံတော်ချိန်နေ့စဉ်
စာမူအား နေ့စဉ်သတင်းစာကိုပေးပို့ရပါသဖြင့် ယခုမှဖော်ပြရခြင်းဖြစ်ပါသည် ခင်ဗျာ။

0 comments:

Post a Comment

Facebook Like Page