Monday, May 6, 2013

ပြည်မြို့ရှိ ၁၅၀၀ တန်ဖုန်းနှင့် ၂ သိန်းဖုန်း အရောင်းအ၀ယ် ဈေးနှုန်းများ

Leave a Comment


၆.၅.၂၀၁၃ ရက်နေ့ ပြည်မြို့ရှိ ၁၅၀၀ တန်ဖုန်းနှင့် ၂ သိန်းဖုန်း အရောင်းအ၀ယ်ဖြစ်နေသည့် ဈေးနှုန်းအချို့ကို စုံစမ်းသိရသလောက် ဖော်ပြပေးလိုက်ပါတယ်။
၂ သိန်း GSM (စာရွက်စာတန်း အပြည့်အစုံ) ကို ၁၆၅၀၀၀ (တစ်သိန်းခြောက်သောင်းငါးထောင်) ၊ ၂ သိန်း GSM (ငွေသွင်းစနစ်ဖြင့် ၀ယ်ယူထားသော) ကို ၁၄၅၀၀၀ (တစ်သိန်းလေးသောင်းငါးထောင်) ၊ ၁၅၀၀ တန် CDMA 800 ကို ၄၅၀၀၀ (လေးသောင်းငါးထောင်) ခန့် အရောင်းအ၀ယ် ဖြစ်နေကြောင်း ဒီနေ့ ညနေ အရောင်းအ၀ယ်လုပ်နေသူများထံမှ စုံစမ်းသိရှိခဲ့ရပါသည်။

အချို့ ပေါက်ဈေး မသိလို့ ငွေသွင်းစနစ်ဖြင့် ၀ယ်ယူထားသူများ ၁၂၀၀၀၀/ ၁၃၀၀၀၀ ပေးသဖြင့် မြတ်ပြီဟု ယူဆကာ ပြန်လည်ရောင်းချမှုများရှိနေကြောင်း အရောင်းအ၀ယ်လုပ်ကိုင်သူများထံမှ ကြားသိခဲ့ရပါတယ်.


သတင်းများပေးပို့လိုပါက pyaynew@gmail.com သို့ ပေးပို့နိုင်ပါသည်။


0 comments:

Post a Comment

Facebook Like Page