Tuesday, July 30, 2013

သရေခေတ္တရာ ပြည်ကြီးကို စတင်တည်ထောင်ခဲ့သော (ဒွတ္တပေါင်) မင်းကြီး ၏ ကောင်းမှူ့တော်စေတီ(၉)ဆူတည်ထားခဲ့သော စေတီတော်များထဲမှ

Leave a Comment



ယခုတင်ပြမှာကတော့ သရေခေတ္တရာ ပြည်ကြီးကို စတင်တည်ထောင်ခဲ့သော (ဒွတ္တပေါင်)
မင်းကြီး ၏ ကောင်းမှူ့တော်စေတီ(၉)ဆူတည်ထားခဲ့သော စေတီတော်များထဲမှ သရေခေတ္တရာ
 ပျူခေတ်(အေဒီ.၄.ရာစု မှ.၉.ရာစု အတွင်း) တည်ထားကိုးကွယ်တော်မူခဲ့သော စေတီတော်ထဲမှ
(ဘုရားမာ) ဟုယနေ့ခေတ်အခေါ် စေတီတော်တစ်ဆူ၏ သမိုင်းအကျဉ်းလေးပါပဲ .......

အဆိုပါ ဒွတ္တပေါင်မင်းကြီး တည်ထားကိုးကွယ်တော်မှူခဲ့သော ဘုရားမာ စေတီတော်မြတ်ကြီးကို
သရေခေတ္တရာပျူခေတ် (အေဒီ.၄.ရာစု မှ ၉.ရာစုအတွင်း) ၌ တည်ထားခဲ့သောစေတီတော်ကြီး
တစ်ဆူဖြစ်ပါတယ်။ ဘုရားကြီး စေတီတော်ကြီး နှင့် ပုံသဏ္ဍာန်တူညီပြီး ခေတ်ပြိုင်ဖြစ်ပါသည်။
သရေခေတ္တရာပြည်ကြီးအား စတင်တည်ထောင်ခဲ့သော ဒွတ္တပေါင် မင်းကြီးသည် ကောင်းမှူ့တော်
စေတီ(၉)ဆူအား တည်ထားခဲ့ရာတွင် ဤဘုရားမာစေတီတော်ကြီးလည်း တစ်ဆူအပါဝင်ဖြစ်ကြောင်း
 ဘုရားရှင်၏ (လက်သည်းတော်။ခြေသည်းတော် များနှင့် ညှပ်ရိုးတော်) တို့အား ဌာပနာထားကြောင်း
 တချိန်က (သရိုင်မာ)ဟု ဘွဲ့တော်ထင်ရှားခဲ့ကြောင်း မြန်မာရာဇ၀င်ကျမ်းများတွင် ဖော်ပြထားခဲ့ကြောင်း
သိရှိခဲ့ရပါတယ်။ နောင်အခုတွင် (ဘုရားမာ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါသည်။ ရှေးဟောင်းသုတေသန
။အမျိုးသားပြတိုက် နှင့် စာကြည့်တိုက်ဦးစီးဌာန မှ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်လျှက်ရှိသည့်
မြန်မာ့ယဉ်ကျေးမှူ့ အမွေအနှစ်တစ်ခုဖြစ်ပါကြောင်း အဆိုပါ ဘုရားမာ စေတီတော်မြတ်ကြီးသည်။
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် မှော်ဇာတိုက်နယ် တွင်းဗျဉ်းအုပ်စု ကုန်းရိုးကျေးရွာအနီး ပြည် မှ
ပေါင်းတလည် မြို့ လမ်းမကြီး (၀ဲ ဘက်) တွင် တည်ထားလျှက်ရှိပါကြောင်း။
                                                           ပြည်သတင်း ကိုယ်တိုင် တင်ပြအပ်ပါသည်။


0 comments:

Post a Comment

Facebook Like Page