Wednesday, June 4, 2014

ပြည်မြို့ န၀ဒေးသကြားစက်ပိုင် လုပ်သမားကြို /ပို့ယာဉ် စက်ချို့ယွင်း လမ်းဘေးထိုးကျရာမှ ၀န်ထမ်း၂၅ဦးဒဏ်ရာရ

Leave a Comment

ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ တွင် ဇွန်လ ၃ရက်က န၀ဒေးသကြားစက် ၀န်ထမ်းများကို အကြိုအပို့လုပ်သည့်ကား သည်စက်ချို့ယွင်းကာ လမ်းဘေးထိုးကျရာမှ သကြားစက်ဝန်ထမ်း (၂၅)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒဏ်ရာရရှိသွားသူစက်ရုံဝန်ထမ်းတစ်ဦး ကပြောသည်။

"အားလုံးအလုပ်သွားကြတာ၊ကားက လမ်းဘေး မြေနိမ့်ချောက်ထဲထိုးကျသွားတာ၊ ဒဏ်ရာရတဲ့သူတွေကို ထော်လာဂျီနဲ့ ဆေး ရုံကိုခေါ်လာတယ်၊ အမျိုးသမီးတွေများပြီး အမျိုးသား သုံးယောက်လောက်ပဲပါတယ်၊ ကား အောက်တန်းပြုတ်ပြီး ချော်ကျသွားတာလို့ သိရတယ်" ဒဏ်ရာရရှိသူ စက်ရုံအမျိုးသမီးဝန်ထမ်းတစ်ဦး ကပြောသည်။ ထိုနေ့မနက်၇နာရီခွဲတွင် တွင်န၀ဒေးသကြားစက်ရုံဝန်ထမ်းအကြိုအပို့ ယာဉ် 3B /6943 TE အစိမ်းရောင် (၆)ဘီးကားသည် မြရွာကျေးရွာ ဒိဗ္ဗတောဘုန်းကြီးကျောင်းအနီး န၀ဒေးသကြားစက်လမ်း တွင် စက်ချို့ယွင်းပြီး လမ်းဝဲဘက်ဘေးသို့ ထိုးကျခဲ့သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော ၀န်ထမ်းများ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူဝန်ထမ်း(၂၅)ဦးအနက် (၂၂)ဦးမှာ အတွင်းလူနာအဖြစ် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသနေကြောင်း ပြည်မြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ရွှန်းက ပြောသည်။ "အခြေနေကတော့ ၂၄နာရီအထိစောင့် ကြည့်နေတယ်၊အမျိုးသမီးတစ်ဦးကတော့ ခေါင်းကို ထိသွားလို့ ရန်ကုန်ကို လွှဲထားတယ်၊ထိခိုက်၊ပွန်းပဲ့နဲ့ အရိုး ကျိုးဒဏ်ရာတွေ ရလာကြတယ်" ဟု ပြည်ဆေးရုံ အုပ်ကြီးကပြောသည်။ စက်ရုံအလုပ်သမားကြိုပို့ ကား လမ်းဘေးထိုးကျခဲ့မှုအတွက် ယာဉ်မောင်းဖြစ်သူ ဦးမြင့်အောင်အား ပြည်မြို့ အမှတ်(၁)ရဲစခန်းတွင် ယာဉ်(ပ) ၆/၁၄ ၊ ပြစ်မှုပုဒ်မ-၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားသည်။

0 comments:

Post a Comment

Facebook Like Page