Wednesday, July 31, 2013

ပဲခူးတိုင်းဒေသကြီးအနောက်ပြည်ခရိုင်ပန်းတောင်းမြို့နယ်ရဲစခန်းအချုပ်ခန်းအတွင်း ဦးသန်းထွန်း(၄၆)နှစ်ဒန့်တလွန်အုပ်စုကြားအင်းရွာနေသူသေဆုံးခဲ့

Leave a Comment
ပဲခူးတိုင်းဒေသကြီးအနောက်ပြည်ခရိုင်ပန်းတောင်းမြို့နယ်ရဲစခန်းအချုပ်ခန်းအတွင်း ဦးသန်းထွန်း(၄၆)နှစ်ဒန့်တလွန်အုပ်စုကြားအင်းရွာနေသူသေဆုံးခဲ့သည့်အတွက်သက်
ဆိုင်ရာရဲစခန်းစခန်းမှူးရဲအုပ်ဆန်းလင်းအားတရားဆွဲဆိုရန်နိုင်ငံတော်သမ္မတထံမှခွင့်ပြုမိန့်တောင်းခံ သွားမည်ဖြစ်ကြောင်းတရားလွှတ်တော်ရှေ့နေဦးမြင့်အေးမှပြောကြားခဲ့သည်။ ဦးသန်းထွန်းသည်ပန်းတောင်းမြို့နယ်ရဲစခန်းမှပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၃၂၆အရဖမ်းဆီးခဲ့ပြီး
 လေးရက်အကြာမေလ(၂၃)ရက်တွင်အချုပ်ခန်းအတွင်း၌ခန္တကိုယ်အနှံ့ဒဏ်ရာဒဏ်ချက်များစွာ
 ဖြင့်ကွယ်လွန်ခဲ့သည်ဟုသေဆုံးသူ၏တူဖြစ်သူမှပြောကြားခဲ့သည်။ ဦးသန်းထွန်းသေဆုံးမှုမှာသွေးရိုးသားရိုးမဟုတ်ကြောင်းရဲကရိုက်နှက်၍သေဆုံးခြင်းဖြစ်သည်ဟု
ထင်မြင်သဖြင့်စခန်းမှူးရဲအုပ်ဆန်းလင်းအားအရေးယူပေးပါရန်ပန်းတောင်းမြို့နယ်တရားရုံး နှင့်ပြည်
ခရိုင်တရားရုံးသို့တရားလိုဒေါ်မြင့်မြင့်ဌေးမှအကျိုးဆောင်များမှတဆင့်လျှောက်ထားခဲ့ သည်ဟုသိရပါသည်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၁၉၇(၁)အရအရေးယူရန်ခွင့်ပြုချက်ဖြင့်ပူးတွဲ
တင်ပြခြင်းမရှိ သဖြင့်ခရိုင်တရားရုံးမှ၎င်းအမှုအယူခံဝင်ခြင်းကိုပလပ်လိုက်သည့်အတွက်နိုင်ငံတော်သမ္မတ ထံခွင့်ပြုမိန့်တောင်းခံ၍တရားဆွဲဆိုမည်ဖြစ်ကြောင်းတရားလွှတ်တော်ရှေ့နေဦးမြင့်အေးမှပြော ကြားခဲ့သည်။ “ဆေးစာအရပုံမှန်သေတာမဟုတ်ပါဘူး။သေတာကလည်းရဲစခန်းအချုပ်ထဲမှာ။ဆရာဝန်က လည်းဆေးရုံမရောက်ခင်သေတယ်ဆိုတာအတည်ပြုထားတယ်။အခုတိုင်းဒေသကြီးနဲ့ နေပြည်တော်ကို
တက်မယ်။သမ္မတဆီကခွင့်ပြုမိန့်တောင်းမယ်။အဓိကတာဝန်ရှိတဲ့စခန်းမှူးကိုတရားဆွဲမယ်။”ဟု၎င်းမှဆက်
လက်ပြောကြားခဲ့သည်။ ဆေးစာတွင်ညာဘက်နံရိုးများကျိုးသွားသည့်ဒဏ်ရာကြောင့်အဆုတ်အတွင်းသွေး
ထွက် လွန်ခြင်းနှင့်သွေးလန့်သေဆုံးသည်ဟုယူဆကြောင်းအလောင်းစစ်ဆေးသူဆရာဝန်ဒေါက်တာသင်းသင်း
လှိုင်မှမှတ်ချက်ပြုထားပါသည်။ အဆိုပါကိစ္စအားပန်းတောင်းမြို့နယ်ရဲစခန်းမှသေဆုံးသူမှာအရက်ကြောင်ပြီးမိမိကိုယ်သတ်သေမည်
ဟုပြော၍ဦးခေါင်းနှင့်မျက်နှာတို့အားအချုပ်ခန်းသံတိုင်၊အိမ်သာအတွင်းအုတ်နံရံ၊အချုပ် ပတ်လမ်းတန်းလျားတို့ဖြင့်ဆောင့်ခြင်း၊အချုပ်ခန်းသံတိုင်အမိုးပေါ်မှအောက်သို့ခုန်ချခြင်းများပြု လုပ်ခဲ့သည်ဟုတရားရုံးတွင်လာရောက်ထွက်ဆိုခဲ့ကြောင်းသိရပါသည်။

0 comments:

Post a Comment

Facebook Like Page