Tuesday, June 17, 2014

ရွှေတောင်ချည်မျှင်စက်ရုံမှ သိမ်းဆည်းလယ်ယာမြေ(၄၀.၅)ဧကပြန်ပေးရာတွင် ရွာမြေ လမ်းမြေ သုသာန်မြေ များပါဝင် ပြည့်သဲမောင်(ပြည်)

Leave a Comment

ရွှေတောင်ချည်မျှင်စက်ရုံမှ သိမ်းဆည်းလယ်ယာမြေ(၄၀.၅)ဧကပြန်ပေးရာတွင်
ရွာမြေ လမ်းမြေ သုသာန်မြေ များပါဝင်

ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့နယ် ချည်မျှင်နှင့်အထည်စက်ရုံမှသိမ်းဆည်း လယ်ယာမြေ (၇၀၁)ဧကအနက် လယ်ယာမြေ(၄၀.၅)ဧကကို ပြန်လည်ပေးအပ်
ခဲ့ရာလုပ်ကိုင်စားသောက်မရသည့် ရွာမြေ လမ်းမြေ သုသာန်မြေများ ပါဝင်နေ
ကြောင်းလယ်သမားကြီးဦးဝင်းနိုင်က ပြောသည်။

"လုပ်စားမရတဲ့လယ်တွေပါထည့်ပေးတာဗျ။ ခုနှစ်...ဧကသိမ်းတယ်ဆိုရင် လေး
ဧကလောက်ဘဲပြန်ရတာ။ လမ်းဘေးမျက်နာစာကလယ်မြေတွေ ချန်ထားတယ်။ ကျွန်တော်တို့ထပ်တောင်းမယ်"ဟု လယ်သမားကြီး ဦးဝင်းနိုင်ကဆိုသည်။

ဇွန်လ၁၇ရက်နံနက်(၉)နာရီအချိန်က ရွှေတောင်မြို့နယ်အထွေထွေအုပ်ချုပ်
ရေးမှူးရုံးတွင် မူလတောင်သူ(၁၉)ဦးထံ ထန်းပင်ကုန်းကျေးရွာအရှေ့ဘက်မှ
လယ်ယာမြေ (၃၆.၁၅)ဧက ၊ထန်းပင်ကုန်းကျေးရွာမြေ (၂.၄၇)ဧက ၊ လမ်းမြေ(ဒသမ၃၀)ဧကလက်ဝဲကုန်းသုသာန်မြေ (၁.၅၈)ဧကတို့ကို
ပြန်လည်ပေးအပ်ခဲ့ကြောင်း၎င်းကပြောသည်။

ချည်မျှင် နှင့် အချောကိုင်စက်ရုံမျက်နှာစာမှ လယ်ယာမြေ(၁၃.၃၆)ဧက၊
သရက်တောရပ်ကွက် နှင့် ဆည်ကြီးကုန်းရပ်ကွက်မှလယ်ယာမြေ(၂၅၀)ဧက
တို့သည်စက်ရုံအဆောက်အဦး ဧရိယာနှင့် ကင်းလွတ်သည့်အတွက် ထပ်မံတောင်းခံသွားမည်ဟုလယ်သမားကြီးဦးဝင်းနိုင်ကပြောသည်။

၁၉၇၄ခုနှစ်တွင် ရွှေတောင်ချည်မျှင်နှင့်အထည်စက်ရုံတည်ဆောက်ရန်အတွက်
လယ်သမား(၃၀၀)ကျော်ထံမှ လယ်ယာမြေ(၇၀၁)ဧကသိမ်းယူခဲ့သည်။ စက်ရုံတည်ဆောက်ပြီးမြေပိုများထဲမှ လယ်ဧက(၃၀၀)ကျော်ကို လယ်သမား
(၁၀၀)ကျော်က ၂၀၁၂ခုနှစ်မှစ၍ပြန်လည်တောင်းခံမှုများပြုလုပ်ခဲ့သည်။

သတင်း ပြည့်သဲမောင်(ပြည်)


0 comments:

Post a Comment

Facebook Like Page