Tuesday, June 17, 2014

သဲကုန်းလယ်သမားများ တရားရုံးချိန်းသို့သွားသည့် အကျိုးတော်ဆောင်ရှေ့နေ ဆိုင်ကယ်အတိုက်ခံရ ပြည့်သဲမောင်(ပြည်)

Leave a Comment

သဲကုန်းလယ်သမားများ တရားရုံးချိန်းသို့သွားသည့် အကျိုးတော်ဆောင်ရှေ့နေ ဆိုင်ကယ်အတိုက်ခံရ

ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်းပြည်ခရိုင် သဲကုန်းမြို့နယ်မှလယ်သမားများ တရားရုံးချိန်းရက်ဖြစ်သည့် ဇွန်လ၁၇ရက်တွင် လယ်သမားများ၏ အကျိုးတော်ဆောင်တရားလွှတ်တော်ေ၇ှ့နေ
ဦးမြင့်အေးသည်ရုံးချိန်းသို့အသွား လမ်းတွင် ဆိုင်ကယ်တိုက်ခံခဲ့ရကြောင်း ကာယကံရှင်ကပြောသည်။

"အသားလွတ်ကြီးဝင်တိုက်ပြီး မောင်းပြေးသွားတယ်။ လူလည်းမမှတ်မိတော့ ရ...ဲတိုင်လို့လည်း ထူးမှာမဟုတ်ဘူး။ ဒီနေ့ရုံးချိန်းကို တပည့်တွေလွှတ်ပြီး ခွင့်တိုင်ခိုင်းလိုက်ရတယ်"ဟု တရားလွှတ်တော်ရှေ့နေဦးမြင့်အေးက ဆိုသည်။
ထိုနေ့မနက်(၉)နာရီတွင် တရားလွှတ်တော်ရှေ့နေဦးမြင့်အေးသည် သဲကုန်း
တရားရုံးသို့သွားရန် ကိုမာနော်ဆိုသူမောင်းနှင်သည့် ဆိုင်ကယ်နောက်မှ လိုက်ပါခဲ့သည်။ ပြည်မြို့အထွက် မှော်ဇာလမ်းခွဲအရောက်တွင် အမည်
မသိအမျိုးသားနှစ်ဦး မောင်းနှင်လာသည့်ဆိုင်ကယ်သည် နောက်မှဝင်
တိုက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဝင်တိုက်ခဲ့သဖြင့်တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးသည်ဘယ်ဘက်
ခြေထောက် ခြေမျက်စိရိုးကျိုးဒဏ်ရာရရှိခဲ့ပြီး အမှုဖွင့်တိုင်တန်းခြင်းမရှိဘဲ ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် ဆေးကုသမှုခံယူခဲ့ကြောင်း ကာယကံရှင်
ကပြောသည်။

သဲကုန်းတရားရုံးချိန်းသို့ အထက်တန်းရှေ့နေမစံပယ်နှင့် အလုပ်သင်ရှေ့နေ မဖြိုးဝေေ၀မြင့် တို့သွားရောက်ခဲ့ပြီး ဦးမြင့်အေးအတွက်ခွင့်တိုင်တန်းခဲ့ရာ အဆိုပါအမှုကို တရားရုံးက ဇူလိုင်လ ၂ရက် တွင် ထပ်မံချိန်းဆိုခဲ့သည်။
သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာမှ လယ်ယာမြေ(၁၁၅၉.၅၅)ဧကကို ၂၀၀၁ခုနှစ်တွင် စစ်တပ်က သိမ်းယူခဲ့ပြီး အမှတ် (၃) လက်ကားသမ၀ါယမ
အသင်း လိမိတက်အမည်ဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင် တစ်ဦးက ငါးကန်လုပ်
ငန်းများ လုပ်ကိုင်လျှက်ရှိသည်။

ယင်းလယ်များ ပြန်လည်ရရှိရေးအတွက် တောင်သူများက သပိတ်စခန်းဖွင့်ခြင်း ကျိန်စာတိုက်ပွဲပြုလုပ်ခြင်း အခေါင်းမီးရှို့ပွဲပြုလုပ်ခြင်း ဆန္ဒပြဆုတောင်းပွဲပြုလုပ်ခြင်း များပြုလုပ်ခဲ့ပြီး ပုဒ်မ(၁၈)ဖြင့်လေးဦး ၊ကျိန်စာတိုက်မှု ပုဒ်မ၅၀၅(ခ)ဖြင့်ငါးဦး ၊ ဆုတောင်းဆန္ဒပြမှု ပုဒ်မ၅၀၅(ခ)ဖြင့် လေးဦး တရားဆွဲဆိုခံရသည်။ ကိုပေါက်စ ၊ ဒေါ်ညို ၊ ကိုမောင်ဝင်း စသည့်လယ်သမားသုံးဦးကို ပေါင်းတည်ထောင်တွင် ဖမ်းဆီးထားပြီး ကိုကောင်းထက်ကျော် နှငမခင်မာအေးမှာ အမှုမရင်ဆိုင်နိုင်
သေးပါ။

သတင်း ပြည့်သဲမောင်(ပြည်)


0 comments:

Post a Comment

Facebook Like Page