မြို့ပေါ်ကျောင်း နှင့် ဆယ်မိုင်ကျော်ကွာဝေးသည့် ကိုယ်ထူကိုယ်ထမူလတန်းကျောင်းကို
ပြည့်သဲမောင်(ပြည်)
လမ်းပမ်းဆက်သွယ်ရေးခက်ခဲပြီး မြို့ပေါ်ကျောင်း နှင့် ဆယ်မိုင်ကျော်ကွာဝေးသည့် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ၀က်ထီးကန်တိုက်နယ် ကန်ကြီးကုန်းကျေးရွာအုပ်စု ၀ါးချောင်းကျေးရွာမှ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းအား ဇွန်လ ၁၆ရက်က အစိုးရမူလတန်းကျောင်းခွဲ အဖြစ်အဆင့်တိုးမြှ...င့်လိုက်သည်။
"ကျောင်းလေးမရှိတုန်းကအိမ်မှာဆရ
ပြီးတော့ တောထဲမှာတောင်ယာလုပ်တဲ့ ကလေးတွေလာသင်တယ်။ ရွာက ကလေးတွေသင်တယ်"ဟု ၀ိုင်းချောင်းကျေးရွာ ရာအိမ်စုမှူး ဦးချစ်တိုင်းက ပြော
သည်။
၂၀၁၂ခုနှစ်တွင် ကျေးရွာသူ/သားများစုပေါင်းကာ အလျှားပေ(၃၀)အနံ(၁၀)ပေ ဖက်ကာသက်ကယ်မိုး အဆောက်အဦးတစ်ခုအား ဆောက်လုပ်ခဲ့သည်။ လုပ်အားပေးဆရာ/
/သူများအား ပညာသင်ကြားခဲ့သည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး နှင့် ပညာရေးဌါန
သို့ တင်ပြခဲ့ပြီး ၂၀၁၄/၂၀၁၅ပညာသင်နှစ်တွင် ကန်ကြီးကုန်းမူလတန်းကျောင်း၏ မူလတန်းကျောင်းခွဲအဖြစ် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုနေ့မနက် (၉)နာရီက ၀ါးချောင်းကျေးရွာတွင် မူလတန်းကျောင်းခွဲဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလ
အခမ်းအနားတက်ရောက်လာသည့် ပြည်မြို့နယ် လက်ထောက်ပညာရေးမှူး
ဦးဇော်မင်းက "လိုအပ်တဲ့ဆရာ ဆရာမတွေထပ်မံခန့်ထားပေးမယ်။ လိုအပ်တာတွေပံ့ပိုးပေးမယ်။ လောလောဆယ်ကျောက်သင်ပုန်း နှစ်ချပ်လိုတာ
ပံ့ပိုးပေးမယ်" ဟုပြောသည်။
အဆိုပါကျောင်းတွင် သူငယ်တန်း(၇)ဦး ၊ ပထမတန်း(၆)ဦး ၊ ဒုတိယတန်း (၇)ဦး ၊ တတိယတန်း (၆)ဦး ၊ စတုတ္ထတန်း (၄)ဦး စုစုပေါင်း ကျောင်းသား/သူ (၃၀)ဦးပညာသင်ကြားလျှက်ရှိသည်။
သတင်း ပြည့်သဲမောင်(ပြည်)
0 comments:
Post a Comment