Thursday, June 12, 2014

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံ/စီပွားဝန်ကြီးဌာန ဝန်ကြီ ဦးကျော်မြင့်က ကျောင်းသုံးဗလာစာအုပ်နှင့် ကွန်ပျူတာပေးအပ်လှူဒါန်း

Leave a Comment
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံ/စီပွားဝန်ကြီးဌာန ဝန်ကြီ ဦးကျော်မြင့်က ကျောင်းသုံးဗလာစာအုပ်နှင့် ကွန်ပျူတာပေးအပ်လှူဒါန်း
**************************

ပြည်​သတင်းလူငယ်(ပြည်​သတင်း)

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံ/စီပွားဝန်ကြီးဌာန ဝန်ကြီ ဦးကျော်မြင့်က ကျောင်းသုံးဗလာစာအုပ်နှင့် ကွန်ပျူတာပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ၁၂ ။၆ ။၂၀၁၄ ရက်နေ့ ၀၉း၀၀အချိန်တွင် ပန်းတောင်းမြို့နယ် အထက ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဝန်ကြီး ဦးကျော်မြင့် က အဖွင့်အမှာစကားပြောကြားပြီး တိုင်းပညာရေးမှူးက ပညာရေးဆိုင်ရာများနှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးမှ လိုအပ်ချက်များကို ဖြည့်စွတ်ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး ဝန်ကြီးဦးကျော်မြင့် က မြို့ပေါ်ရပ်ကွက်ကျောင်းများအတွက် ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၁၉၂ ဒါဇင်နှင့် အထက ကျောင်းအတွက် ကွန်ပျူတာကို ပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဆင်းရဲနွမ်းပါးကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံများ။ အလှူရှင် ဦးကျော်စိုးလင်းမှ ဆင်းရဲနွမ်းပါးကျောင်းသား/သူများအတွက် ထောက်ပံ့ငွေ ၁၈သိန်းနှင့် ကျောင်းအတွက် ကွန်ပျူတာ ၄ စုံ။ တိုင်းစီမံကိန်းဦးစီးဌာနမှ ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ပါသည်။ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ။ အထောက်အကူပြုနှင့် မြို့မိမြို့ဖများ။
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်
ဌာနဆိုင်ရာများ။ တိုင်းခွဲစီမံကိန်းဦးစီးမှူးနှင့် ဝန်ထမ်းများ။ တိုင်းပညာရေးမှူးနှင့် တာဝန်ရှိသူများ။ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ပြီးအခမ်းအနားကို ​မနက်​ 11း00 အချိန်​ခန့်​တွင်​​အောင်​မြင်​စွာပြီးဆုံးခဲ့​ကြောင်းသတင်းရရှိခဲ့ပါသည်​။

ပြည်​သတင်းလူငယ်​(ပြည်​သတင်း)

0 comments:

Post a Comment

Facebook Like Page