Tuesday, June 10, 2014

ပြည်ချောင်းသာတွင် အရက်သေစာသောက်စားရေကူးသူ အမျိုးသားတစ်ဦး ရေနစ်သေဆုံး

Leave a Comment

သောက်စားရေကူး အပန်းဖြေနိုင်သည့် ချောင်းသာဟုခေါ်တွင်သော ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ နတ်တလင်းချောင်း ချောင်းကူးတံတားအနီးတွင် ဇွန်လ ၈ ရက်က အရက်သေစာသောက်စားထားသူ အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ပြည်မြို့ အမှတ်(၃)ရဲစခန်းတာဝန်ရှိသူတစ်ဦး ကပြောသည်။

ထိုနေ့နေ့လည်(၂)နာရီခန့်က ပြည်မြို့ ဆံတော်ရပ်ကွက် ဗိုလ်ချုပ်လမ်းနေ ကိုလွင်ကိုဦးသည် သူငယ်ချင်းနှစ်ဦးနှင့်အတူ ချောင်းသာအမည်ရ ကမ်းခြေတွင် အရက်သေစာသောက်စားပြီး ရေဆင်းကူးရာမှ ရေနစ်ခဲ့သည်။

“ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် သောက်ပြီးရေဆင်းကူးတယ်။ ကျွန်တော်တို့လည်း ကိုယ့်နေရာနဲ့ကိုယ် ရေကူးနေရင်းက သူနှစ်ခါသုံးခါလောက် ရေငုတ်တာတွေ့ရတယ်။ တအောင့်လောက်လဲနေရော သူ့ကိုမတွေ့ရတော့ဘူး” ဟု သေဆုံးသူနှင့် အတူပါသူငယ်ချင်းက ပြောသည်။
ခုနှစ်မိနစ်ခန့်ကြာသည်အထိပြန်မပေါ်လာသည့်အတွက်ပတ်ဝန်းကျင်သို့ အကူအညီတောင်းပြီး ရှာဖွေခဲ့ရာ နာရီဝက်ခန့်အကြာတွင်ကိုလွင်ကိုဦး၏အလောင်းကိုဆယ်ယူရရှိခဲ့ကြောင်း အတူပါသူငယ်ချင်းက ပြောသည်။

သေဆုံးသူကိုလွင်ကိုဦးတွင် ပြင်ပဒဏ်ရာတစ်စုံတစ်ခုမှမတွေ့ရဘဲ ၊ နှုတ်ခမ်းပြာ ၊ လက်ချောင်းများ ပဲကြီးရေတွန့်ကာ သေဆုံးကြောင်း ပြည်မြို့ အမှတ်(၃)ရဲစခန်း တာဝန်ရှိသူကပြောသည်။
ဖြစ်စဥ်နှင့် ပတ်သတ်ပြီး ပြည်မြို့ အမှတ်(၃)ရဲစခန်းတွင် သေမှုသေခင်းအမှတ် (၉/၂၀၁၄) ဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးလျှက်ရှိသည်။

သတင်းဓါတ်ပုံ ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page