စိတ်ကျန်းမာရေးမကောင်းသူ
စိတ်ဖောက်ပြန်၍ ကြိုးဆွဲချသေဆုံး
ပြည့်သဲမောင် (ပြည်)
မေလ (၂၈)ရက်နေ့ နံနက်(၇း၀၀)နာရီအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊
ပေါင်းတည်မြို့၊ ကျုံးကျုံးကျအုပ်စု၊ မြေနံ့သာရွာတွင်
စိတ်ကျန်းမာရေးမကောင်းသူတစ်ဦး စိတ်ဖောက်ပြန်၍ ကြိုးဆွဲချသေဆုံးကြောင်း
သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ ကျုံးကျုံးကျအုပ်စု၊ မြေနံ့သာရွာတွင်
လူတစ်ဦးကြိုး ဆွဲချသေဆုံးနေကြောင်း အုပ်ချုပ်ရေးမှူးဦးကြည်သန်း၏
ဖုန်းဖြင့် အကြောင်းကြားချက်အရ တာဝန်မှူး ဒုရဲအုပ်အေးစိုးနှင့်
တပ်ဖွဲ့ဝင်များ သွားရောက် ကြည့်ရှုစစ်ဆေးရာ ကြိုးဆွဲချ သေဆုံးသူမှာ
မပု(ခ)မခင်ညို (50)နှစ်၊ (ဘ) ဦးစိန်ညို၊ မြေနံ့သာရွာ၊
ကျုံးကျုံးကျအုပ်စု နေသူသည် နေအိမ်အတွင်း ထုတ်တန်းလျားပေါ်မှ
ကြိုးဆွဲချသေဆုံးနေပြီး လည်ပင်းတွင် ကြိုးနစ်မြုပ်ရာနှင့်အတူ
တွေ့ရှိခဲ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားရှိကြောင်း သိရသည်။
သေဆုံးသူ မပု(ခ) မခင်ညိုမှာ စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးဖြစ်ပြီး စိတ်
ဖောက်ပြန်၍ ကြိုးဆွဲချသေဆုံးကြောင်း စုံစမ်းသိရှိရသဖြင့် မပု(ခ)မခင်ညို
သေဆုံးရခြင်းမှာ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်၊မဟုတ်
စုံစမ်းစစ်ဆေးနိုင်ရန် ဒုရဲအုပ်အေးစိုးမှ တရားလိုပြုလုပ် တိုင်တန်း
ခဲ့သဖြင့် ပေါင်းတည်မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (5/2014)ဖြင့်
အမှုရေးဖွင့်ပြီး စခန်းမှူးရဲအုပ်နေမျိုးထွန်းမှ လက်ခံစစ်ဆေး
လျှက်ရှိကြောင်း သတင်းရရှိသည်။
ပြည့်သဲမောင် (ပြည်)
ပြည့်သဲမောင် (ပြည်)
0 comments:
Post a Comment