Thursday, May 29, 2014

က.ပ.စ(၆)စစ်သားမောင်နှင်လာသောဆိုင်ကယ်နှင့်တိုက်မိ၍ အသက်(၅၀)အရွယ် အမျိုးသားတစ်ဦးသေဆုံးဟုဆို ပြည့်သဲမောင်(ပြည်)

Leave a Comment

က.ပ.စ(၆)စစ်သားမောင်နှင်လာသောဆိုင်ကယ်နှင့်တိုက်မိ၍ အသက်(၅၀)အရွယ် အမျိုးသားတစ်ဦးသေဆုံးဟုဆို

 ပြည့်သဲမောင်(ပြည်)

 (၂၆.၅.၂၀၁၄)ရက်နေ့ ည (၉း၃၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ မြို့မရဲစခန်း အနောက်ဘက် (၅)မိုင်ခန့်အကွာ မကျီးထုံးအုပ်စု၊ ကြို့ကုန်းတံတားအနောက်ထိပ်၊ ဥသျှစ်ပင်-ပြည် ကားလမ်း၊ မိုင်တိုင်အမှတ် (၁၆/၆)နှင့် (၁၆/၇)အကြားတွင် ဆိုင်ကယ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ အမှတ် (10)ယာဉ်ထိန်းတပ်ဖွဲ့စု (ပြည်) မှ ဒုရဲအုပ်သက်နောင်နှင့် ပန်းတောင်းမြို့မရဲစခန်းမှ တာဝန်မှူးဒုရဲအုပ် ဇေယျာလင်းတို့အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်ဟုဆို၏။ ထိုသို့သွားရောက်စစ်ဆေးရာ တံတားအနောက်ဘက်ထိပ်အနီးတွင် ဦးဖိုးလောင် (၅၀)နှစ်၊ သဲကောရွာ၊ တောင်ဘွေအုပ်စု၊ ပန်းတောင်းမြို့နယ်နေသူသည် ဆိုင်ကယ်ဖြင့်တိုက်မိ၍ ၀ဲရင်ဘတ် ပွန်းဒဏ်ရာ၊ ယာရင်ဘတ်ပွန်းဒဏ်ရာ၊ ၀ဲနားထင်ပေါက်ပြဲဒဏ်ရာ၊ ယာဒူး၊ ၀ဲဘက်ခြေသလုံး၊ ပေါက်ပြဲဒဏ်ရာ၊ ပါးစပ်၊ နှာခေါင်း၊ နားတို့မှ သွေးထွက်ဒဏ်ရာအသီးသီးရရှိကာ ပြည်မြို့ဘက်သို့ ဦးခေါင်းပြုလျှက်မှောက်လျှက်အနေအထားဖြင့် သွေးအိုင်ထဲလဲနေသည်ကို တွေ့ရှိရပြီး ဦးဖိုးလောင်၏ ဦးခေါင်းနှင့်(၁၀)ပေခန့်အကွာတွင် ဆိုင်ကယ်တိမ်းမှောက်၍ ကားလမ်းနှင့် ဆိုင်ကယ်ပွတ်တိုက်မိသည့် အမှတ်အသားများနှင့် ဆိုင်ကယ်အမှတ် ၃၄ယ/၁၁၁၂၇ (အပေါ်တွင် အစိမ်းရောင်သံပြားအသေးဖြင့် ၆/၄၂၈ ဟုရေးထား) ဂျဲမက် ဝေ့ဗ် ၁၁၀ အနက်ရောင် (ယာဉ်မောင်း လိုင်စင်စီစစ်ဆဲ) နှင့် တ/၄၄၁၅၀၄ တပ်သားကျော်နိုင် (ဘ) ဦးသန်း၊ က.ပ.စ (၆) ပန်းတောင်းမြို့ နယ် ဂွေးကုန်းရွာ၊ ငါးမျက်နှာအုပ်စု ပန်းတောင်းမြို့နယ်နေသူအား နဖူးပေါက်ပြဲဒဏ်ရာ၊ ၀ဲယာပုခုံး ပွန်းဒဏ်ရာများ ရရှိသူတို့ကိုတွေ့ရှိရ၍ ပန်းတောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ဦးဖိုးလောင်မှာ ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သည်ဟုဆို၏။ ထို့ကြောင့် ဆိုင်ကယ်မောင်းနှင်သူ တပ်သားကျော်နိုင်အား တပ်သားကျော်နိုင်အား အရေး ယူပေးပါရန် အမှတ်(၁၀) ယာဉ်ထိန်းတပ်စု (ပြည်) ဒုရဲအုပ်သက်နောင်မှ တရားလိုပြုလုပ် တိုင်တန်းချက်အရ ပန်းတောင်းမြို့မရဲစခန်း ယာဉ် (ပ) ၁၆/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄(က)ဖြင့် အမှု ရေးဖွင့်ထားရှိကာ ဒုရဲအုပ်ဇေယျာလင်းမှ စစ်ဆေးပြီး ပြစ်မှုကျူးလွန်သူ တပ်သားကျော်နိုင်အား က.ပ.စ (၆)ညောင်ခြေထောက်မှ ဗိုလ်ကြီးပြည့်ဖြိုးခိုင် (တပ်ထောက်)ထံ လွှဲပြောင်းပေးအပ်ထားရှိ ကာ အမြန်တရားစွဲတင်နိုင်ရေး ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။ ပြည့်သဲမောင်(ပြည်)


0 comments:

Post a Comment

Facebook Like Page