Tuesday, March 18, 2014

ပြည်မြို့ မှ အဆိုရှင် အောင်အောင်(ရည်မိုးအောင်)YMA ၏(ပြား-၉၀)တေးစီးရီးထွက်ရှိ

Leave a Comment






ပြည်မြို့ မှ အဆိုရှင် အောင်အောင်(ရည်မိုးအောင်)YMA ၏(ပြား-၉၀)တေးစီးရီးထွက်ရှိ
တေးသံရှင် ရည်မိုးအောင် YMA ၏ ပြား-၉၀ စီးရီးမိတ်ဆက်ပွဲကို 18.2.2014 ရက်နေ့က ရန်ကုန်မြို့ ဘားလမ်းရှိ City Star ဟိုတယ်တွင် နေ့လည်(1း00)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိခဲ့ပါတယ်။ အဆိုပါအခမ်းအနားတွင် မိတ်ဆက်ပွဲ နှင့် CD ထွက်ရှိခြင်းအခမ်းအနားကို စာရေးဆရာ အောင်သျှံဝိုင်း မှ အခမ်းအနားမှုးအဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပြီး တေးရေး/ဆို မာရဇ္ဇ နှင့် ဂစ်တာ(တိုးတိုး) တို့မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ တေးသံရှင် ရည်မိုးအောင် ၏ ညီဖြစ်သူ စာရေးဆရာ သရ၀ဏ်(ပြည်) မှလည်း အဆိုပါအခမ်းအနားတွင် ကျေးဇူးတင်စကားပြောကြားသွားခဲ့သည်။

တေးသံရှင် ရည်မိုးအောင် ကိုပြည်မြို့တွင် ၁၅.၉.၁၉၆၅ ခုနှစ်တွင် အဖ ဦးပါ(သတင်းထောက်) အမိ ဒေါ်မြင့်မြင့်တို့မှ မွေးဖွားခဲ့ပါတယ်။ မောင်နှမ(၇)ယောက်ရှိသည့်အနက်(၅)ယောက်မြောက်သားဖြစ်ပါတယ်။ ငယ်စဉ်က ပြည် အ.ထ.က(၁)တွင် ပညာသင်ကြားခဲ့ပြီး (၆)တန်း(၁၂)နှစ်အရွယ်မှာ အစ်ကိုဖြစ်သူ ကိုအောင်ကြည်စိုး တီးခတ်သော Elysium တီးဝိုင်းတွင် Drum တီးခတ်ပြီး အနုပညာလမ်းကြောင်းပေါ်စတင်လျှောက်လှမ်းခဲ့သည်။ ထို့နောက်ပိုင်းတွင် Music Man တေးဂီတ၀ိုင်းသို့ရောက်ရှိခဲ့ပြီး ၁၉၈၀ ကျော် ၁၉၉၀ နှစ်များတွင် ပြည်မြို့နှင့် အနီးရှိမြို့များသို့ ဧည့်ခံဖျော်ဖြေတီးခတ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင်(၁၀)တန်းအောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ရွှေဘိုဆောင်တွင် တက်ရောက်ပညာသင်ကြားခဲ့ပြီး အဆိုတော် ဂရေဟမ်၊ဂစ်တာနိုင်ဇော်(Lazy Club) တို့နှင့် တွေ့ဆုံပြီး တီးဝိုင်းဖွဲ့ကာ ရန်ကုန် တက္ကသိုလ်အဆောင်များတွင် (၄)နှစ်တာတီးခတ်ပေးခဲ့သည်။

၁၉၉၆ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိခဲ့ပြီးနောက်ပိုင်းတွင် အောင်အောင်(ရော့(ခ်)မုဆိုး)တေးစီးရီးခွေကို တစ်ကိုယ်တော် ရေး+ဆို+တီး ထုတ်ဝေခဲ့သည်။ Bass and Drum ကို ကိုယ်တိုင်တီးခတ်ပြီး Leat and KB ကိုတော့ နိုင်ဇော်(Lazy Club) မှတီးခတ်ပေးခဲ့သည်။ တဖန် ၁၉၉၉ ခုနှစ်တွင် အောင်အောင်(ရော့(ခ်)မုဆိုး)၏ ပင်လယ်နှစ်ခုတေးစီးရီးခွေ ထပ်မံထွက်ရှိခဲ့ပြီး ထိုနှစ်များတွင် အဆိုတော် ချစ်ကောင်း၊မာရဇ္ဇ၊သဇင်၊ဆူဇီ၊ထွန်းထွန်း တို့အတွက် တေးသီချင်းများစွာကို ရည်မိုးအောင် နာမည်ဖြင့်ရေးဖွဲ့ပေးခဲ့ပါတယ်။ ထို့နောက်ပိုင်း တေးသီချင်းများထပ်မလုပ်တော့ဖြစ်တော့ပဲ ယခုနှစ် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် YMA ၏ ပြား-၉၀ စီးရီးကိုထုတ်ဝေခဲ့ခြင်းဖြစ်ပါတယ် တေးသီချင်းအားလုံး ရော့(ခ်)သီးချင်းအမျိုးအစားဖြစ်လို့ ရော့(ခ်) သီချင်းကြိုက်သူများအတွက် အကြိုက်တွေ့စေမည့် ကိုယ်ပိုင်သံစဉ် ရော့(ခ်)သီချင်းများကို အားပေးပါအုံးလို့ ပြည်သတင်းမှ ဖိတ်ကြားလိုက်ပါတယ် ကျွန်တော့သီချင်းတွေကို ၀ယ်ယူချင်တယ်ဆိုရင် အမြို့မြို့တေးစီးရီးအရောင်းဆိုင်များမှာ လွယ်ကူစွာဝယ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ….ပြည်သတင်းလူငယ်(ပြည်သတင်း)


0 comments:

Post a Comment

Facebook Like Page