Tuesday, March 18, 2014

နောက်ကျသွားခဲ့သောသတင်းများ ********************* ၂၀၁၄ ခုနှစ်ပြည်လုံးကျွတ် လူဦးရေ နှင့် သန်းခေါင်စာရင်းအကြိုလှုံဆော်ရေးဖျော်ဖြေပွဲကျင်းပ

Leave a Comment


နောက်ကျသွားခဲ့သောသတင်းများ
*********************

၂၀၁၄ ခုနှစ်ပြည်လုံးကျွတ် လူဦးရေ နှင့်
သန်းခေါင်စာရင်းအကြိုလှုံဆော်ရေးဖျော်ဖြေပွဲကျင်းပ
**********************************************************

ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့
အမှတ်(၁)ဘောလုံးကွင်းကြီးအတွင်း 4.3.2014 ရက်နေ့ ည (113း0)မိနစ်အချိန်မှာ
ဟာသလူရွှင်တော်များဖြစ်ကြသော သီးလေးသီးဝိုင်းတော်သားများ၊အဆိုတော်
အိမ့်ချစ်၊၀ါရင့်သရုပ်ဆောင်မင်းသမီးကြီး ဒေါ်ဆွေဇင်ထိုက် တို့မှ
၂၀၁၄ ခုနှစ်ပြည်လုံးကျွတ် လူဦးရေ နှင့်
သန်းခေါင်စာရင်းအကြိုလှုံဆော်ရေးဖျော်ဖြေသွားကြောင်းသတင်းရရှိခဲ့သည်။
အဆိုပါဖျော်ဖြေရေး သီးလေးသီးအဖွဲ့မှ ကိုစိန်သီးကယခုလိုပြောကြားခဲ့.....

သန်းခေါင်စာရင်းကောက်ချိန်မှာမှန်မှန်ကန်ကန်ဖြေဆိုပေးဖို့
အချက်(၄၁)ချက်ကိုဖြေကြားရဖို့ လာရောက်လှို့ဆော်ပေးတာပါ
မှတ်ပုံတင်နံပါတ်မလိုဘူး မှန်မှန်ကန်ကန်
ဖြေဆိုဖို့လိုပါတယဥပမာ..မိဘရှိလားမေးရင် အမှန်အတိုင်းဖြေဖို့လိုတယ်
ပြည်သူတွေအတွက်လုပ်တာပါ တချိန်ချိန်မှာ အခွင့်ရေးရလာရင်
ကိုယ်ပဲခံစားရမှာဖြစ်တဲ့အတွက်
မှန်ကန်ကန်ဖြေဆိုပေးဖို့လာရောက်ဖျော်ဖြေတာပါ ...ဟုပြန်လည်ဖြေကြားခဲ့..

လ.၀.က ဒုဦးစီးမှူး ဒေါ်သက်သက်အေးမှ ယခုလိုပြန်လည်ဖြေကြားခဲ့....
အခုသန်ခေါင်းစာရင်းကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေဘာတွေသိသင့်လည်းဆိုတော့
ပြည်သူတွေအကျိုးအတွက် သန်းခေါင်စာရင်းကောက်တာကိုသိစေချင်ပါတယ်
ပြည်သူတွေရဲ့ အချက်အလက်တွေကိုလည်း
လုံခြုံမှုအတွက်တာဝန်ယူတဲ့ဆိုတဲ့ဥပဒေကိုလည်းထုတ်ထားပြီးဖြစ်ပါတယ်
ဒါ့ကြောင့် ပြည်သူတွေမှန်မှန်ကန်ကန်ဖြေပေးပါလို့ပြောချင်ပါတယ်.....

သရုပ်ဆောင်မင်းသမီးကြီး ဒေါ်ဆွေဇင်ထိုက်မှ ယခုလိုဖြေကြားခဲ့....
မေးခွန်းက(၄၁)ချက်ကိုဖြေရမှာပါ ဒီမေးခွန်းကိုဖြေဖို့အချိန်ဟာ
မိနစ်(၃၀)လောက်ပဲကြာမယ် ဒါကလည်း နိုင်ငံတော်ရဲ့ တိုးတက်ဖို့
စီမံကိန်းရေးဆွဲဖို့အတွက်ပဲ အသုံးချမှာပါ အကြောင်းကြောင်း
ကြောင့်အကျဉ်းကျခံနေရသူတွေလည်း အကျဉ်းသန်းခေါင်စာရင်းထဲမှာပါမှာဖြစ်ပါတယ်
ဒီအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေရမှာလည်းကျိန်းသေပါတယ်...ဟုပြောချင်ပါတယ်....

အဆိုပါဖျော်ဖြေပွဲကို တက်ရောက်အားပေးသူ
ပြည်သူလူထုပေါင်း(၁၀၀၀၀)တစ်သောင်းခန့်တက်ရောက်အားပေးခဲ့ပြီး
အမှတ်တရပစ္စည်းများဖြစ်သော တီရှပ်အကျီင်္များကျဲခြင်း၊ဦးထုတ်များ
ကျဲခြင်းတို့ကိုပါကျင်းပပြုလုပ်ခဲ့ပြီး ဖျော်ဖြေပွဲအစီအစဉ်ကို 5.3.2014
ရက်နေ့ မနက်(13း0)မိနစ်အချိန်ခန့်တွင်ဖျော်ဖြေမှုပြီးသွားကြောင်းသိရသည်။
၂၀၁၄ ခုနှစ်ပြည်လုံးကျွတ် လူဦးရေ နှင့်
သန်းခေါင်စာရင်းအကြိုလှုံဆော်ရေးဖျေဖြေပွဲများကို (၂)ရက်နေ့မှ
စတင်ခဲ့တာဖြစ်ပြီး ပြည်မြို့ကိုတော့
(၁၇)မြို့မြောက်အဖြစ်ရောက်ရှိဖျော်ဖြေပြီး
နေပြည်တော်မြို့မှစ၍ မြန်မာနိုင်ငံအနှံ့အပြားသို့သွားရောက်
ဖျော်ဖြေသွားမှာဖြစ်ကြောင်းသတင်းရရှိခဲ့ပါသည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page