Tuesday, March 18, 2014

နောက်ကျသွားခဲ့သောသတင်းများ ********************* ပြည်နည်းပညာကျောင်းသား/သူ များပထမအကြိမ် Barcamp ကျင်းပပြုလုပ်ခဲ့

Leave a Comment


နောက်ကျသွားခဲ့သောသတင်းများ
*********************
ပြည်နည်းပညာကျောင်းသား/သူ များပထမအကြိမ် Barcamp ကျင်းပပြုလုပ်ခဲ့
************************************************

ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပြည်နည်းပညာရေးကျောင်းတွင်
1.3..2014 ရက်နေ့ နံနက်(၈း၀၀)အချိန်က ပြည်နည်းပညာကျောင်းသး/သူ
များမှ ပထမအကြိမ် Barcamp TU-Pyay ပွဲကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ
Barcamp TU-Pyay ပွဲဖြစ်မြောက်ရေး အဖွဲ့ ကျောင်းသူမဆွေဇင်နှင်းမှ

သမီးတို့ကျောင်းမှ ဒါပထမဆုံးကျင်းပပြုလုပ်ခဲ့တာပါ
ဘယ်အဖွဲ့အစည်းနဲ့မှပေါင်းလုပ်တာမရှိပါဘူး ကျောင်းသားကျောင်းသူတွေပဲ
ဦးစီးကျင်းပပြုလုပ်တာပါ
2013 တုန်းကတော့ မန္တလေးနည်းပညာတက္ကသိုလ်ရယ်
သန်လျင်နည်းပညာတက္ကသိုလ်တွေမှာတော့ကျင်းပပြုလုပ်ခဲ့ပါတယ်
ပြည်နည်းပညာတက္ကသိုလ်မှာတော့
ဒါပထမဦးဆုံးပါပဲ အဓိကရည်ရွယ်ချက်ကတော့ သမီးတို့ကျောင်းသား/သူတွေ
ကျောင်းမပြီးခင်မှာ ဒီနေရာလေးမှာ လူငယ်တွေအခွင့်အလန်းတွေပိုသိစေချင်တယ်
ရန်ကုန်ကဆိုရင် ဆရာအောင်ကိုလတ် နဲ့ ဆရာနေဘုန်းလတ်
တို့လည်းတက်ရောက်ခဲ့ပါတယ် သူတို့တွေလည်းဟောပြောသွားတာတွေရှိပါတယ်
ခေါင်းစဉ်တွေကတော့
မိမိကြိုက်နှစ်သက်ရာပါပဲ ဟုပြောကြားသွားခဲ့သည်။

2007 ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဇာဂနာတို့
နှင့်အမှုတွဲတစ်တွဲတည်းပါ၇ှိခဲ့ဘူးသော ဆရာနေဘုန်းလတ် မှယခုလိုပြောကြား...
ပထမကတော့ ရန်ကုန်မှာစတာပါ နောက်ပိုင်းနယ်တွေမှာကျင်းပပြုလုပ်သွားတာ
ဘားကမ့်က ကိုယ်ပြောချင်တာပြောရတာမဟုတ်ပါဘူး တဖက်ကသိချင်တာလည်း
ရှင်းပြခဲ့ရပါတယ် မြန်မာပြည်မှာတော့ 2009 မှာစတာထင်ပါတယ်
ကျွန်တော်ထောင်ကျတာ 2008 မှာပါ နည်းပညာစိတ်ဝင်စားသူ လူငယ်တွေကစတင်ခဲ့တာပါ
ကျွန်တော်
ပြောမဲ့ခေါင်းစဉ်က (နည်းပညာရဲ့ အမှောင်ဘက်ခြမ်း)ဆိုတာကိုပြောမှာပါ
ဘားကမ့်ဆိုတာက အယူတင်မဟုတ်ဘူး အပေးရောတွဲလုပ်ရတဲ့နေရာဖြစ်တဲ့အတွက်
အသိပညာအတတ်ပညာတွေရရှိမှာပါ ကျွန်တော်ဒီလိုပွဲမျိုးကို 2012
ပြန်လွတ်လွတ်ချင်း မန္တလေး Barcamp မှာစတင်ခဲ့ပါတယ် နည်ပညာရောအပြင်
အခြားစိတ်ဝင်စား
စရာတွေလည်းပါခဲ့ပါတယ် ကျွန်တော်ကတော့ နည်းပညာနဲ့
ပတ်သက်ပြီးပြောဖြစ်တာများပါတယ် ဟုပြောကြားခဲ့သည်။

အဆိုပါ Barcamp TU-Pyay ပွဲတွင် တက်ရောက်သူအင်အား (၁၀၀၀)ခန့်ရှိပြီး
ပြည်နည်းပညာတက္ကသိုလ်မှ ကျောင်းသား/သူ များအပြင် အခြားစိတ်ပါဝင်စားသူ
လူငယ်များတက်ရောက်ခဲ့ပြီး Barcamp TU-Pyay ပွဲကို
ညနေ(၅း၀၀)အချိန့်တွင်ပြီးဆုံးသွားကြောင်းသတင်းရရှိခဲ့ပါသည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page