Tuesday, March 18, 2014

နောက်ကျသွားခဲ့သောသတင်းများ ********************* ရှေးဟောင်းသမိုင်းဝင် လယ်တီသိမ်တော်ကြီးအား မဖျတ်စီးနိုင်ရန် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်

Leave a Comment


နောက်ကျသွားခဲ့သောသတင်းများ
*********************

ရှေးဟောင်းသမိုင်းဝင် လယ်တီသိမ်တော်ကြီးအား မဖျတ်စီးနိုင်ရန် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်
**************************************************************

ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး မောက်စောင်းတန်းလမ်း နာရီစဉ်ကြီးအနီးတွင် (2.3.2014)ရက်နေ့ နေ့လည်(1း00)မိနစ်
အချိန်ခန့်က ဖျက်စီးခံရတော့မည့် ရှေးဟောင်းသမိုင်းဝင် လယ်တီသိမ်တော်ကြီးအား မဖျတ်စီးနိုင်ရန် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှုပြုလုပ်သွားကြောင်းသတင်းရရှိခဲ့ပါသည်

တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ ပြည်မြို့နေ ဦးကျော်ဆွေမှ....
လယ်တီသိမ်တော်ကြီးနှင့်စေတီတော်ပြောင်းရွေ့ရာမှာ ပြည်ထောင်စုအစိုရ မှ ဆုံးဖြတ်ချက်၊သံဃာ့မဟာနာယက ဗန်းမော်ဆရာတော်ဘုရားကြီးကလည်း ဒီကိစ္စကိုခွင့်ပြုတယ်။ ဒီသာသနာ့
နယ်မြေအောက်က ထွက်လာမဲ့ ကြေးနီက ဘယ်လောက်တန်ဖိုးရှိမှာမလို့လည်း (၁၀၀)ဖိုးတန်ရင် ကျုပ်တို့ ပြည်သူတွေ တစ်ယောက် တစ်ကျပ်စိစုပြီး (၂၀၀)ဖိုးပြန်ပေးပါ့မယ် လယ်တီသိမ်တော်
ကြီးနှင့် စေတီတော် သာညသနာ့နယ်မြေတွေကိုမဖျတ်စီးကြပါနဲ့ ကျူပ်တို့နိုင်ငံက အဲဒိလောက်တောင်ငတ်နေပြီလား လုပ်ချင်တိုင်းတွေလုပ်နေကြတာခံနေကြရတာမနည်းပါဘူး ဒီကိစ္စက မြန်မာ
တမျိုးသားလုံးအတွက် ဟုပြောကြားသွားခဲ့သည်။

အဆိုပါလယ်တီသိမ်တော်ကြီး နှင့် စေတီတော်မြတ်ကြီးမြေနေရာကို ၀ယ်လို့ရရင်ပြည်သူတွေပိုက်ဆံစုပြီးပြန်ဝယ်ချင်ပါကြောင်း ဒီကိစ္စကိုအပြင်းအထန်ကန့်ကွက်ပါကြောင်း ဘာသာသာသနာ
လူမျိုးကိုဆော်ကားတဲ့အစိုးရဖြစ်ကြောင်း ဘာဒီမိုကရေစီလည်း ပြည်သူ့ဆန္ဒကိုအသိအမှတ်မပြုတဲ့ အစိုးရဖြစ်ကြောင်း ဖြည့်စွပ်ပြောကြားသွားခဲ့သည်။

အဆိုပါဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ မြို့မ ရဲစခန်းမှ စခန်းမှုး ဦးမျိုးမြင့် မှယခုလိုပြောကြားခဲ့......
ဆန္ဒပြမှုမှာ ခွင့်ပြုချက်မတင်ဘူး တားစီးတယ်မရဘူး ဒါ့ကြောင့်သူ့ကို ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ(၁၈)နဲ့ တရားစွဲသွားမှာပါ ဟုပြန်လည်ဖြေကြားခဲ့သည်။

ဆန္ဒထုတ်ဖော်မှုသူ ဦးကျော်ဆွေမှာ ပြည်မြို့ မောက်စောင်းတန်းလမ်း နာရီးစင်ကြီးအနီးတွင် မိနစ်(၃၀)ခန့် ဆန္ဒထုတ်ဖော်ခဲ့ပြီး (ဖျတ်စီးခံရတော့မည့် ရှေးဟောင်းသမိုင်းဝင် လယ်တီသိမ်
တော်ကြီးအား နောက်ဆုံးဖူးမျှော်နိုင်ကြပါစေ)စာသားပါဗီနိုင်ပိုစတာ(၁)ချပ်ကိုင်ပြီး ထိုနေရာမှ ၄င်း၏နေအိမ်ရှိရာ န၀င်းဘက်သို့ ဆက်လက်ထွက်ခွာသွားခဲ့ပြီးနောက်ပိုင်းတွင်
မြို့မစခန်းမှူး ဦးမြင့်ဦးမှ တရားလိုပြုလုပ်ခါ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ(၁၈)ဖြင့် အမှု့ဖွင့်ခဲ့ကြောင်းသတင်းရရှိခဲ့ပါသည်။

ထို့နောက် ယနေ့(3.3.2014)ရက်နေ့ ည(63း0)မိနစ်အချိန့်တွင် ဦးကျော်ဆွေအား မြို့မှစခန်းမှူး ဦးမျိုးမြင့်မှ အဆိုပါစခန်းတွင် ကိုယ်တိုင်ခံဝန်ဖြင့် အာမခံပေးထားခဲ့ပြီး သက်သေခံဗီနိုင်း
ပိုစတာကို ယနေ့မှာပဲ သိမ်းဆည်းအပ်နှံခဲ့ရကြောင်းသတင်းရရှိခဲ့သည်။

ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page