Thursday, February 20, 2014

န၀ဒေးတံတားအောက် လူသတ်မှုနှင့် ရဲအချုပ်ခန်းတွင်း သေဆုံးသွားခဲ့ရသော အချုပ်သားအမှု တို့အား အမှုမှန်ပေါ်ပေါက်ရေး အစိုးရအဖွဲ့ကို မစ္စတာကင်တားနား တိုက်တွန်းတောင်းဆိုမည်

Leave a Comment
တရားခံမဖော်ထုတ်နိုင်သေးသည့် စစ်တပ်နှင့် ရဲပါဝင်ပတ်သတ်နေသော ပြည်မြို့ န၀ဒေးတံတားအောက် လူသတ်မှုနှင့် ပန်းတောင်းအချုပ်ခန်းအတွင်း အချုပ်သားသေဆုံးမှုတို့ အမှန်တရားပေါ်ပေါ်က်ရေး၊ တရားမျှတမှုရှိရေး၊ နစ်နာသူများကို ပြန်လည်ကုစားခွင့်ရရှိရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားက အစိုးရအဖွဲ့ကိုတိုက်တွန်းတောင်းဆိုမည်ဖြစ် ကြောင်းသိရပါသည်။ ပဲခူးတိုင်းပြည်ခရိုင်အတွင်းဖြစ်ပွားခဲ့သည့် အဆိုပါလူသတ်မှုနှစ်ခုတွင် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ဝင်များကျူးလွန်သည်ဟု နစ်နာသူမိသားစုများကယူဆသဖြင့် မစ္စတာကင်တားနားနှင့် ရန်ကုန်မြို့ကုလသမဂ္ဂရုံးတွင် ဖောဖော်ဝါရီလ ၁၅ရက်နေ့ ညနေ(၄)နာရီက သွားရောက်တွေ့ဆုံခဲ့သည်။ န၀ဒေးတံတားအောက်လူသတ်မှုတွင် သေဆုံးခဲ့ရသည့် ကိုဇော်မင်းဦး၏အမနှင့်အကို၊ ပန်းတောင်းမြို့နယ်အချုပ်ခန်းအတွင်းသေဆုံးခဲ့ရသည့် ဆလိုင်းသန်းထွန်း၏ဇနီးမမြင့်ဌေးတို့အပါအ၀င် လူ့အခွင့်အရေးတက်ကြွလှုတ်ရှားသူ ကိုမင်းမင်းတို့အား မစ္စတာကင်တားနားကလက်ခံတွေ့ဆုံခဲ့အပြီး အစိုးရအဖွဲ့ကို တိုက်တွန်းတောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောခဲ့ခြင်းဖြစ်သည်။ “မိသားစုတွေတင်ပြတဲ့အချက်အလက်တွေနဲ့ပတ်သက်ပြီးတော့ နေပြည်တော်မှာအစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီး အမှန်တရားပေါ်ပေါက်ရေး တရားမျှတမှုရရှိရေးကုစားခွင့်ပြန်လည်ရရှိရေးတို့အတွက် အကြံပြုတိုက်တွန်းတောင်းဆိုတာမျိုးတွေ ပြုလုပ်သွားမယ်ကင်တားနားကပြောတယ်” ဟုမိသားစုများနှင့်အတူ လိုက်ပါတွေ့ဆုံခဲ့သောလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုမင်းမင်းကပြောသည်။ 

မစ္စတာင်တားနားနှင့် တွေ့ဆုံခဲ့သူ န၀ဒေးတံတားအောက်လူသတ်မှုတွင် သေဆုံးခဲ့ရသည့် ကိုဇော်မင်းဦး၏ အစ်မ မသီတာဦးကလည်း “ဒီအမှုနဲ့သက်ပြီးကျတို့ရဲ့ဖြစ်ချင်တဲ့ဆန္ဒကိုမေးတယ် အစိုးရကိုအကြံပြုမယ် တိုက်တွန်းမယ် တောင်းဆိုမယ်လို့ မစတာကင်တားနားတို့ကတော့ပြောတယ် မောင်လေးဆုံးတာတစ်နှစ်တောင်ြပည့်တော့မယ် အမှုမှန်ကို အမြန်ဆုံးပေါ်ပေါက်စေချင်နေပြီ”ဟုကပြောသည်။

၂၀၁၃ ခုနှစ်ဧပြီလ (၂၃) ရက် ည(၉)နာရီခွဲ အချိန်က ပြည်မြို့န၀ဒေးတံတားအောက် viewpoint ကမ်းနား သောင်ပြင်တွင် သမီးရီးစားစုံတွဲနှစ်ဦးအား အကြမ်းဖက်သမားသုံးဦးက အကြမ်းဖက်လုယက်လူသတ်မှုတစ်ခု ကျူးလွန်ခဲ့သည်။ အဆိုပါဖြစ်စဉ်တွင်အကြမ်းဖက်သမားများလက်ချက်ဖြင့် ကိုဇော်မင်းဦးမှာသေဆုံးခဲ့ရပြီး သူ၏ချစ်သူကောင်မလေးမှာ လည်ပင်းညှစ်ရိုက်နှက်ခံခဲ့ရသည်။ မ……….ကသေချင်ဟန် ဆောင်ခဲ့ရာ သူမ၏လက်စွပ်ကို အကြမ်းဖက်သမားများကချွတ်ယူခဲ့သည်။

အကြမ်းဖက်လုယက်သတ်ဖြတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီးအချိန်တွင် တံတားအလွန်သောင်ပြင်နှင့် တစ်ဆက်တည်း ကမ်းပါးယံကိုင်းတောထဲတွင် ပုန်းခိုနေသူသုံးဦးကို ရပ်ကွက်နေပြည်သူလူထုမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့ရာ နှစ်ဦးကိုလက်ရဖမ်းဆီးမိခဲ့ပြီး တစ်ဦးမှာထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဖမ်းဆီးရမိသူများမှာခလရ (၇၅) တပ်မှတပ်မတော်သားများဖြစ်သဖြင့် စစ်တပ်မှပြန်ခေါ်သွားပြီး တပ်တွင်းအချုပ်၌ထားရှိကာ ယခုအချိန်အထိတရားခံဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်းသိရပါသည်။

ပန်းတောင်းမြို့နယ် ဒန့်တလွန်အုပ်စု ကြာအင်းရွာနေ ဆလိုင်းသန်းထွန်းအားပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ အရဖမ်းဆီးခဲ့ပြီ လေးရက်အကြာ မေလ (၂၃) ရက်တွင် အချုပ်ခန်းအတွင်း ခန္တာကိုယ်အနှံ့ဒဏ်ရာ ဒဏ်ချက်များစွာဖြင့် သေဆုံးခဲ့သည်။ ထိုသို့သေဆုံးခဲ့ခြင်းသည် ရဲကရိုက်နှက်၍ သေဆုံးခြင်းဟုထင်မြင်ယူဆသဖြင့် သေသူ၏ဇနီး ဒေါ်မြင့်အေးက သက်ဆိုင်ရာဌါနများသို့တိုင်ကြားခြင်း တရားဆွဲဆိုခြင်းများပြုလုပ်ခဲ့သည်။ တရားရင်ဆိုင်ရာတွင် ပန်းတောင်းတရားရုံးနှင့် ပြည်ခရိုင်တရားရုံးက ထိုအမှုကိုပလှပ်လိုက်သော်လည်း ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်မှ ပန်းတောင်းတရားရုံး၏ ဓမ္မတာအတိုင်းသေဆုံးရခြင်းဖြစ်သည်ဆိုသည့်အမိန့်ကို ပယ်ဖျက်ခဲ့သည်။ ထိုအမှုနှင့်ပတ်သက်၍ အာရှလူ့အခွင့်ရေးကော်မရှင် (AHRC)မှ အရေးပေါ်ပန်ကြားချက် (Urgent Appeal) အားဇူလိုင်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ၄င်းအမှုတွင် ပန်းတောင်းစခန်းမှူးကို ဆေးရုံပို့နောက်ကျသဖြင့် ရဲစည်းကမ်းဥပဒေအရ ရာထူးတစ်ဆင့် ချ ပြစ်ဒဏ်ပေးထားပြီး ယခုအချိန်အထိ တရားခံဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသေးကြောင်း သိရပါသည်။

ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page