Monday, January 20, 2014

သာသနာ့ ဗိမာန်တြော်ကီးအား အလှူဒါန ပါဝင်လှူဒါန်းနိုင်

Leave a Comment

ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်၊ စက်ရုံနယ်မြေ၊ ကန်ဦး ပရိယတ္တိစာသင်တိုက်၌ စာချ၊ စာသင်သံဃာတော်အရှင်သူမြတ်များ သီတင်းသုံးရန်အတွက် ကန်ဦးပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ပဲခူးတိုင်းဒေသကြီး (အနောက်) တိုင်း သံဃာ့ဝန်ဆောင် ဘဒ္ဒန္တက၀ိဓဇမှ ဦးစီး၍ တည်ဆောက်မည်ဖြစ်ပါသည်။ ထိုသို့ သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ခြင်းလုပ်ငန်း၌ ကျွမ်းကျင် အင်ဂျင်နီယာများ၏ ခန့်မှန်း ကုန်ကျငွေ သိန်း ၅၀၀ ခန့် ကုန်ကျမည်ဖြစ်ပါသည်။

ထိုသို့သော ဗိမာန်တော်ကြီးတည်ဆောက်နိုင်ရန် လိုအပ်သော ကျပ်သိန်း ၅၀၀ ခန့်အား ရပ်ဝေး၊ ရပ်နီး ပါရမီရှင်များအနေဖြင့် ကြုံရခဲသော သာသနာ့ဗိမာန်တော်ကြီးတည်ဆောက်ကုသိုလ်ပွဲကြီးတွင် အားခဲလှူဒါန်းကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။

ဆက်သွယ်လှူဒါန်း လိုပါက
ကန်ဦးပရိယတ္တိစာသင်တိုက် ဘဒ္ဒန္တက၀ိဓဇ ဖုန်း-၀၉-၄၂၃၇၁၇၈၀၈၊ ၀၅၃-၅၅၄၂၂၊ သတင်းထောက် ဦးမြင့်နိုင်(ပြည်) ဖုန်း- ၀၉-၅၃၇၀၇၇၉၊ ၀၅၃-၅၅၂၅၉ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရပါသည်။

Pyay City

0 comments:

Post a Comment

Facebook Like Page