Monday, January 20, 2014

ပြည်မြို့တွင် သန်းခေါင်စာရင်း ကောက်ယူရန် ပညာရေးဝန်ထမ်း ၄၀၀ ကျော်သုံးမည်

Leave a Comment

ပြည်၊ ဇန်န၀ါရီ ၁၈

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်၌ သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် အရံအင်အား အပါအဝင် ပညာရေးဝန်ထမ်း ၄၃၉ ဦး အသုံးပြုသွားမည် ဖြစ်ကြောင်း ပြည်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
မတ်လ ၃၀ ရက်နေ့မှ ဧပြီ ၁၀ ရက်နေ့အထိ ကောက်ယူမည်ဖြစ်သော သန်းခေါင်စာရင်းအတွက် ပြည်မြို့နယ်တွင် ကောက်ကွက် ၄၁၈ ကွက်ရှိနေပြီး စာရင်းစစ် ၁၁၀ ဦး၊ စာရင်းကောက် ၃၀၈ ဦး၊ အရံ ၂၁ ဦး အသုံးပြုသွားမည် ဖြစ်ကြောင်း အထက်ပါဌာနမှ ဦးစီးအရာရှိ ဦးဇော်ဇော်ဦးက The Voice သို့ပြောကြားသည်။
“ကျေးရွာအချို့မှာ ရပ်ထောက်ကူ ငါးဦးက ဆရာမတွေကို ပံ့ပိုးကူညီပေးရမယ်ဆိုတာ အသိပညာပေး ဟောပြောပွဲတွေ လုပ်ပေးနေတယ်။ ကွပ်ကဲရေးရုံးနေရာ ရွေးဖို့ပဲ ကျန်တော့တယ်” ဟု ၎င်းက ထပ်မံ ရှင်းပြသည်။
သန်းခေါင်စာရင်း ကောက်ယူရမည် ဖြစ်သော ပညာရေး ဝန်ထမ်းများအတွက် စာရင်းစစ် တစ်ဦးလျှင် နေ့တွက်စရိတ် ကျပ် ၄၀၀၀ နှင့် စာရင်းကောက် တစ်ဦးလျှင် ၃၀၀၀ ကျပ် ရရှိမည် ဖြစ်ကြောင်း ပြည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနထံမှ သိရှိရသည်။

The Voice
Pyay City

0 comments:

Post a Comment

Facebook Like Page