Monday, January 20, 2014

လယ်ကွင်းအတွင်း တွေ့ရှိသည့် အုတ်ပုံတန်းကို ပျူခေတ် အဆောက်အအုံအဖြစ် သတ်မှတ်

Leave a Comment

ရေခဲ(ပြည်)

ပဲခူးတိုင်း၊ ပြည်ခရိုင် ပြည်မြို့နယ် နတ်တလင်းကျေးရွာအုပ်စုကွင်း အမှတ် ၃၇၁(က)ရှိ လယ်သမားကြီး ဦးကြည်ခိုင်၏ လယ်ကွင်းအတွင်းတွေ့ရှိခဲ့သော အုတ်ပုံတန်းသည် ပျူခေတ် အဆောက်အအုံ တစ်ခု၏ အကြွင်းအကျန်ဖြစ်သည်ဟု သရေခေတ္တရာမြို့ဟောင်း တူးဖော်ရေးလုပ်ငန်းအဖွဲ့ ခေါင်းဆောင် ဒုတိယ ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။ အရှည် ၅၂ ပေ၊ အုတ်လွှာ ခြောက်လွှာပါသည့် အဆိုပါအုတ်တန်းတွင် အုတ်ချပ် အရွယ်အစား အရှည် ၁၈ လက်မ၊ အနံ ကိုးလက်မ၊ အထူသုံးလက်မရှိသည့်အတွက် ပျူခေတ် အဆောက်အအုံ တစ်ခု၏ အကြွင်း အကျန် အုတ်တန်းအဖြစ် သတ်မှတ်သည်ဟု ဦးအောင်အောင်ကျော်က ဆိုသည်။

“ဒီအုတ်တန်းက ပျူခေတ်မှာ ဆောက်ခဲ့တဲ့ အဆောက်အအုံရဲ့ အကြွင်းအကျန်ပါ”ဟု ဆိုသည်။ အုတ်တန်း ၏တောင်ဘက်ခြမ်း ပေ ၁၀၀ ပတ်လည်တွင်လည်း ရှေးဟောင်းနှင့် သက်ဆိုင်သည့် အထောက်အထား များ တွေ့ရသည်ဟု ပြောသည်။

“ပတ်ဝန်းကျင်ကို လေ့လာတဲ့အခါမှာ အုတ်တန်းရဲ့တောင်ဘက် ပေ ၁၀၀ ပတ်လည်မှာ အထောက်အထား တွေ တွေ့ရတယ်။ အဲဒီနေရာမှာလည်း တခြားနေရာတွေထက် ကုန်းမို့မို့လေးတွေ တွေ့ရတယ်။ ဆိုလိုတာ က ရှေးဟောင်းအဆောက်အအုံ ရှိတတ်တဲ့နေရာတွေမှာ ကုန်းမို့မို့လေးတွေ တွေ့ရတတ်တယ်” ဟု ပြော သည်။ ထိုအုတ်ပုံတန်းကို ဇန်န၀ါရီ ၅ ရက်မှာ ဦးကြည်ခိုင်က လယ်ရေသွင်းမြောင်းဖောက်လုပ်စဉ် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ရှေးဟောင်း သုတေသနဌာနသို့ အကြောင်းကြားခဲ့သည်။ ဇန်န၀ါရီ ၁၁ ရက်တွင် ရှေးဟောင်း သုတေသနဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း အပါအ၀င် ၀န်ထမ်း လေးဦး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းလွင်၊ ဦးကျော်မြင့်တို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

Pyay City

0 comments:

Post a Comment

Facebook Like Page