Saturday, November 23, 2013

မိုးကြိုးပစ်၍ သားအဖ နှစ်ဦး သေဆုံး

Leave a Comment
မိုးကြိုးပစ်၍ သားအဖ နှစ်ဦး သေဆုံး

ကြို့ပင်ကောက် နိုဝင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း မိုညိုမြို့နယ် ဝဲကြီးအုပ်စု လက်ပံကုန်းရွာနေ ဦးငပိတ် (ခေါ်) ဦးစိန်လှိုင်ျနှင့် သားဖြစ်သူ စောမင်းထက်တို့သည် ကြို့ပင်ကောက်မြို့နယ် ပျဉ်ထောင်တွင်းအုပ်စု ကွင်းကြီးကျေးရွာ ဦးညှက်၏ လယ်တွင် ကောက်ရိပ်လာရောက်လုပ်ကိုင်နေစဉ် နိုဝင်ဘာ ၁၈ ရက် ညနေ ၄ နာရီခွဲတွင် အချိန်အခါမဟုတ် မိုးရွာလာသဖြင့် သားအဖနှစ်ဦး ဦးညှက်နေအိမ်သို့ ပြန်လာရာ ရွာမြောက်ဘက် လယ်သုံးကွင်း (ကိုက် ၅၀၀) အရောက် မိုးကြိုးပစ်၍ ဦးငပိတ် (ခေါ်) ဦးစိန်လှိုင် (၅၅ နှစ်)နှင့် သားဖြစ်သူစောမင်းထက် (၁၆ နှစ်)တို့နှစ်ဦး စလုံးသေဆုံးသွားသည်။ ၄င်းသေဆုံးမှုနှင့် ပတ်သက်၍ ကြို့ပင်ကောက်မြို့မရဲစခန်းက သေမှုသေခင်းဖွင့်ထားသည်။

MAL2311
Pyay City

0 comments:

Post a Comment

Facebook Like Page