Thursday, November 28, 2013

ပြည်မြို့၊ လေးဆူ ဓာတ်ပျော် ရွှေဆံတော် စေတီတော် တောင်တော်တည်တံ့ရေး ထိန်းသိမ်းမှု ဆောင်ရွက်မည်

Leave a Comment

ပြည် နိုဝင်ဘာ ၂၇

သြ၀ါဒါစရိယ ဆရာတော်ကြီးများ၏ သြ၀ါဒကိုခံယူလျက် လေးဆူ ဓာတ်ပျော်ရွှေဆံတော်စေတီတော် မြတ်ကြီးကိန်းဝပ်ရာ သုဒဿန တောင်တော် မြေသားတည်ငြိမ်ရန် ထိန်းခြင်း၊ ရင်ပြင်တော်တိုးချဲ့ခြင်း၊ ကျားပျံမကောက် ဓမ္မာရုံအသစ် ပြန်လည်တည်ဆောက်ခြင်းတို့ကို စေတီတော်ဂေါပကအဖွဲ့က ဦးစီးလုပ်ဆောင် လျက်ရှိသည်။ ရတနာပုံထီးဘုရား အောင်ခြေ ပတ်လည်၊ မြတ်စွယ်တော်တိုက်နှင့် စေတီတော်အကြားတို့တွင် အက်ကြောင်းပေါ်လာသဖြင့် တောင်တော်မြေသားတည်ငြိမ်ရန် ထိန်းခြင်း လုပ်ငန်းကို စတင်လုပ်ဆောင်မည်ဖြစ်ပြီး ရွှေတောင်ကုမ္ပဏီမှ တောင်တော်မြေသား ထိန်းသိမ်းခြင်းနှင့် ရင်ပြင်တော်တိုးချဲ့ခြင်း၊ အက်ကြောင်းပေါ်သောနေရာနှင့် ရင်ပြင်တော်တိုးချဲ့မည့်နေရာတို့၌ စိန်လွန် ကျင်းများတူးဖော်ပြီး မြေသားနမူနာများ၊ ကျောက်သားနမူနာများ၏ ဂုဏ်သတ္တိများကို စမ်းသပ်ရန် လုပ်ဆောင်နေပြီဖြစ်သည်။ တောင်တော်မြေသား တည်ငြိမ် ရန်ထိန်းခြင်း၊ ရင်ပြင်တော်တိုးချဲ့ခြင်း လုပ်ငန်းတို့ကို ဆောင်ရွက်ပြီးမှ ရင်ပြင်တော်တိုးချဲ့သည့်နေရာ၌ Bored Pile များဖြင့် သုံထပ်ဓမ္မာရုံ တည်ဆောက်မည်ဖြစ်ပါ၍ အလှူရှင်များ ရွှေဆံတော်တွင် လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

MAL282013
Pyay City
ပြည်သတင်း
https://www.facebook.com/pyaynews

0 comments:

Post a Comment

Facebook Like Page