Wednesday, November 27, 2013

၁၂ နှစ်အရွယ် ကျောင်းသူကို ခိုးယူပေါင်းသင်းသူ တပ်မတော်သားအား အမှုဖွင့်

Leave a Comment

ပြည်မြို့တွင် အသက် ၁၂ နှစ်အရွယ် ခုနှစ်တန်းကျောင်းသူတစ်ဦးကို အမှတ် ၉၁၁ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ ဒစက (ပြည်) တွင် တွဲဖက်တာဝန်ထမ်းဆောင်နေသော တပ်သားအဆင့်ရှိတပ်မတော်သားတစ်ဦးက ခိုးယူပေါင်းသင်းသည်ဆိုကာ ပြည်မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သတင်ရရှိသည်။ စက်တင်ဘာ ၁၁ ရက် ည ၇ နာရီတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးသည် နေအိမ်မှ စတိုးဆိုင်သို့ဆေး ဝယ်သွားစဉ် အဆိုပါ တပ်မတော်သားက ခိုးယူပေါင်းသင်းခဲ့သည်။ သို့ဖြစ်၍ ဖခင်ဖြစ်သူက သက်ဆိုင်ရာ တပ်သို့ သတင်းပို့သဖြင့် တပ်က စစ်စည်းကမ်းဖြင့် အရေးယူဆောင်ရွက်ခဲ့ပြီး ဒစက (ပြည်) က ယင်းအမှုကို နယ်ဘက်တွင် အမှုဖွင့်ရန် ညွှန်ကြားလာသဖြင့် မိန်းကလေး၏ဖခင်က ပြည်မြို့မရဲစခန်းသို့ လာရောက်အမှုဖွင့်တိုင်ကြားခဲ့သည်ဟု ရဲစခန်းမှတ်တမ်းများအရ သိရသည်။ အဆိုပါတပ်မတော်သားသည် မိဘအုပ်ထိန်းမှုအောက်ရှိ အသက်မပြည့်သေးသူ ကျောင်းသူမိန်းကလေးကို ခိုးယူပေါင်းသင်းကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြည်မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဇော်မင်းထိုက် (ပြည်)
Pyay CT

0 comments:

Post a Comment

Facebook Like Page