Wednesday, November 13, 2013

လူဦးရေနှင့်အိမ်အကြောင်းအရာသန်းကောင်စာရင်းကောက်ယူရေးပြည်သူများသို့ ရှင်းလင်းဟောပြော

Leave a Comment

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်လူဝန်မှုကြီးကြပ်
ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့်
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းကောင်စာရင်းကောက်ယူရေး
အကြောင်း ပြည်သူများသို့ချပြရှင်းလင်းဟောပြောပွဲကိုပဲခူးတိုင်းဒေ
သကြီး ပြည်မြို့နယ် မှော်ဇာကျေးရွာ မှော်ဇာအုပ်စုတွင်နိုဝင်ဘာ
(၁၂)ရက်နေ့ နံနက်(၉)နာရီအချိန်တွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှုး ဦးကိုကိုသော်ကသန်းကောင်စာရင်းကောက်ယူရေး
ဆိုင်ရာများကို ရှင်လင်းပြောကြားခဲ့သည်။ဆက်လက်၍ခရိုင်ပြန်ဆက်ကြား
ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှုးဦးဝင်းမြင့်ကစာဖတ်ရှိန်မြှင့်တင်ရေးနှင့်
သန်းကောင်စာရင်းကောက်ယူရေးဆိုင်ရာများကိုထပ်ဆင့်ရှင်းလင်းပြောကြားပြီး
၎င်းအခမ်းအနားသို့မှော်စာအုပ်စုအတွင်းမှ ကျောင်းကုန်း|ဂွကန်|ခွေးသေကုန်း|
လင်းရွာတောင်/မြောက်|မင်းတန်း|မင်းတဲကုန်း|ကျောင်းဆိုးကုန်း|ဈေးရွာ|ရွာမ
တောင်လုံးညို|ဆင်ဖြူကန်|ရွှေကြို့ပင်|ကြို့ပင်|ကုလားကန်အစရှိသောရွာ( ၁၅ )ရွာမှ ပြည်သူများတက်ရောက်ခဲ့သြည်။


ပြည့်သဲမောင်(ပြည်) နိုဝင်ဘာ(၁၂)ရက်

0 comments:

Post a Comment

Facebook Like Page