Saturday, November 30, 2013

၃၀.၁၁.၂၀၁၃ ရက်နေ့ တွင် ညနေပိုင်းအချိန် ပြည်မြို့တွင် တစ်နေ့တည်း နှင့် ယဉ်တိုက်မှု(၃)ခုဖြစ်

Leave a Comment


ဒီကနေ့ပြည်မြို့တွင် တစ်နေ့တည်း နှင့် ယဉ်တိုက်မှု(၃)ခုဖြစ်
**************************************

၃၀.၁၁.၂၀၁၃ ရက်နေ့ တွင် ညနေပိုင်းအချိန် ဗိုလ်ချုပ်လမ်းမကြီး ခေတ္တရာမြို့တော် ခန်းမကြီးနားမရောက်မှီ ဥယျာဉ်မူးဘုရား နှင့် ရတနာ
မာန်အောင်လမ်းအတွင်းရှိ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် စက်ဘီး နှင့် ဆိုင်ကယ် တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် တိုက်သွားသောဆိုင်ကယ်မှာ
ထွက်ပြေးတိမ်းရှောင် လွတ်မြောက်သွားပါသဖြင့် အဆိုပါသတင်းကို တိကျသေချာခိုင်လုံစွာမဖော်ပြ နိုင်ခဲ့ပါ ထို့နောက် ပြည်မှ
ပေါင်းတလည် ဘက်သို့မောင်းနှင်လာသော လိုင်းကား(ပြည်/ပေါင်းတလည်)လူစီးမော်တော်ယဉ်တစ်စီးသည် ပြည်ပေါင်းတလည်လမ်းနှင့်
မှော်ဇာလမ်းဆုံထိပ်အကျော်တွင်လမ်းဘေးသို့ထိုးကျသွားသဖြင့်
ကရိန်းကားတစ်စီးဖြင့် ပြန်လည်ပြီးကားလမ်းမပေါ်သို့ ဆွဲတင်ခဲ့ကြောင်းထပ်မံသတင်းရရှိခဲ့ပါသည် အဆိုပါသတင်းပေးမှုများကိုကျေးဇူးအထူး
တင်မိပါကြောင်းနှင့် သတင်းလိုက်နောက်ကျသွားခြင်းကြောင့် သတင်းချစ်သူ မိဘပြည်သူများထံသို့ တိကျသေချာခိုင်မာသော သတင်း(၂)
ပုဒ်အားမဖော်ပြနိုင်ခဲ့ပါ ထို့နောက် ဒီကနေ့ ည(၇း၃၀)မိနစ်အချိန်ခန့်မှာ အောင်လံ ဘက်မှ ပြည်ဘက်သို့အလာ ရဲသင်တန်းကျောင်းဆင်း
ရဲသင်တန်းကျောင်းဆင်းရဲသားများအား သယ်ဆောင်လာသော မော်တော်ယဉ်တစ်စီးသည် မော်တော်ဆိုင်ကယ်တစ်စီး နှင့် စက်ဘီးတစ်စီး
အား ၀င်ရောက်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့သည်။

 အဆိုပါသတင်း နှင့်ပက်သတ်ပြီး ပြည်ယဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးအား ပြည်သတင်းမှ မေးမြန်းခဲ့ရာ ယခုလိုပြန်လည်ဖြေကြား
ခဲ့ပါသည်။....                အချိန်က(၇း၃၀)မိနစ်အချိန်ကပါ အရှေ့ဘက် အောင်လံဘက်ကလာတဲ့ ရဲသင်တန်းကျောင်းဆင်းတွေကိုသယ်ဆောင်
လာတဲ့မော်တော်ယဉ်ပါ နာရီစဉ် မီးပွိုင့်မှ ရပ်မျဉ်းအကျော်မှာ ရပ်နေတဲ့အမျိုးသမီးတစ်ဦး၏ ဆိုင်ကယ်ကို ရှောင်တိမ်းလိုက်ရာမှ ကျယ်လောင်
စွာထွက်ပေါ်လာတဲ့အသံ(ဘရိတ်ရူးပေါက်သံဟု အနားဝန်းကျင်မှ ပြောကြားခဲ့)ကြောင့် ဆိုင်ကယ်ကိုတိုက်မိမှာဆိုးလို့ ရှောင်တိမ်းရာမှ လမ်း
ဘေးရှိ စက်ဘီးတစ်စီးကိုပါ ကားဘီးနဲ့ကျိတ်မိခဲ့တာပါ မော်တော်ဆိုင်ကယ်အမျိုးသမီးကတော့ မော်တော်ဆိုင်ကယ်ရဲ့ နောက်ဖင်ပိုင်းနှင့်ကား
ချိတ်မိပြီး မော်တော်ဆိုင်ကယ်အနောက်ချမ်း ပျက်စီးသွားပါတယ် အမျိုးသမီးကတော့ ဖင်ထိုင်လျှက်လဲကျသွားခဲ့ပါတယ် အဲနောက်အမျိုး
သမီးကို အနီးနားရှိပြည်သူများနှင့် ကျွန်တော်တို့ပူးပေါင်းပြီး ပြည်မြို့ ပြည်သူဆေးရုံကြိးကို ပို့ဆောင်ခဲ့ပါတယ် အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာ
ရရှိခဲ့ပါတယ်  ဆိုင်ကယ်နဲ့ကားနဲ့ချိတ်မိနေလို့ ၀ိုင်းဝန်းပူးပေါင်းမှုတွေနဲ့ ပြုလုပ်ဆောင်ရွက်ခဲ့ပါတယ် အမျိုးသမီးနဲ့ ကားနဲ့က
(၁ ပေခွဲ)လောက်အကွာမှာဖင်ထိုင်လျှက်ကျသွားတာပါ ဟု ပြည်ယဉ်ထိမ်းရဲတပ်ဖွဲ့ဝင်တစ်ဦး မှ ပြည်သတင်းသို့ ပြန်လည်ဖြေကြားခဲ့ပါသည်။
အဆိုပါ ဖြစ်စဉ် နှင့် ပက်သတ်ပြီး ပြည်အမှတ်(၂)မြို့မ ရဲစခန်းသို့ ထိုနေည(၈း၀၀)အချိန်တွင်(ပ..နံပါတ်) နှင့် အမှုဖြစ်စဉ်အကျဉ်းအား သွားရောက်တောင်းခံခဲ့ရာ အဆိုပါ
စခန်းမှ တာဝန်ရှိသူတစ်ဦးက ကျွန်တော်တို့ အခုမှ သွားတုန်းလာတုန်းပဲရှိသေးပါတယ် ကျွန်တော်တို့ဆီကို ဘာမှရောက်မလာသေးဘူးဟု
ကျွန်တော်တို့လည်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတုန်းပါပဲဟု တာ
ဝန်ရှိသူတစ်ဦးမှ ပြန်လည်ပြောကြားခဲ့ပါသည်။

အဆိုပါယဉ်တိုက်မှုမှာ ပြည်မြို့ အမှတ်(၂)ရဲစခန်းအနီးရှိ မီးပွိုင့်အနီးတွင် အဆိုပါယဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဒီကနေ့(၃၀.၁၁.၂၀၁၃)ရက်နေ့
ညနေပိုင်းအချိန်မှ စပြီး ညပိုင်အချိန်အထိ ပြည်မြို့အတွင် ယဉ်တိုက်မှု(မတော်တဆမှု)များဖြစ်ပေါ်လျှက်ရှိကြောင်း သတင်းရရှိခဲ့ပါသည်..


 ပြည်သတင်း
https://www.facebook.com/pyaynews







0 comments:

Post a Comment

Facebook Like Page