Tuesday, October 8, 2013

Piti Charity Dispensary မှ အရိုးကျိုး ခွဲစိတ် စတီးချောင်းထည့်သွင်းကုသမှု့ ပြုလုပ်ပေး

Leave a Comment


Piti Charity Dispensary မှ အရိုးကျိုး ခွဲစိတ် စတီးချောင်းထည့်သွင်းကုသမှု့ ပြုလုပ်ပေး

သရက်မြို့ကခလေးပါ။ "ပီတိ"ကိုရောက်လာချိန်မှာ ခလေးရဲ့လက်ကအတော်ရောင်ကိုင်းနေပါတယ်
အရေးပေါ် စာအုပ်စာရင်းသွင်းပေးပြီး တစ်ဆက်ထဲ ဆေးရုံကြီးကိုလွှဲစာရေးပြီး ပို့ပေးလိုက်ရပါတယ်
ခလေးအသက်က ၈ နှစ်ရှိပါပြီ ခလေးချင်း ဆော့ရင်းဖြစ်သွားခဲ့တာပါ ဓါတ်မှန်ရိုက်ပေးပြီး အဖြေအရခွဲစိတ်စတီးချောင်းထည့်ပေးခဲ့ရပါတယ်
ဆေးရုံမှာတစ်ပါတ်လောက်တက်ရောက်ကုသလိုက်ရပါတယ် ခလေးနဲ့ မိခင်တို့ဆေးရုံတက်နေစဉ် စားစရိတ် ဆေးဖိုးကုန်ကျ စားရိတ် စတဲ့ အထွေထွေစားရိတ်ကိုထောက်ပံ့ပေးခဲ့ရပါတယ် ခေတ္တရာလူငယ်အဖွဲ့(စင်္ကာပူ)ရဲ့ဆေးရုံတက်အထွေထွေလူနာထောက်ပံ့စားရိတ်လှူဒါန်းငွေနဲ့ ကုသပေးခဲ့ပါတယ် နောက်တစ်ပါတ်မှာတော့ စတီးချောင်းပြန်ထုပ်ပေးရပါဦးမယ် —

Piti Charity Dispensary
ပြည်သတင်းမှ ဂုဏ်ပြုဖော်ပြပေးလိုက်ပါသည်ခင်ဗျာ။

0 comments:

Post a Comment

Facebook Like Page