Tuesday, October 8, 2013

သတင်းပေးပို့သူ Yama Min ကို ပြည်သတင်းမှ ကျေးဇူးတင်အပ်ပါသည်။

Leave a Comment


Yama Min မှ သတင်းပေးပို့မှု

ဆိုင်ကယ် ကယ်ရီလိုက်သွားရာမှ ထူးဆန်းစွာ လူသတ်မှုဖြစ်

ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ မြောင်းစုံအုပ်စု ပိုကျေးရွာနှင့် ဘွေးကုန်းကျေးရွာသွား ကားလမ်းမပေါ်တွင် 2.10.2013 ရက်နေ့ ည 11 နာရီ 30 အချိန်ခန့်တွင် ဆိုင်ကယ် 1 စီးနှင့် အမျိုးသားတစ်ဦး လဲကျသေဆုံးနေကြောင်း ပေါင်းတလည် စခန်းမှုး ရဲအုပ်ထင်ပေါ်နှင့် အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ သေဆုံးသူမှာ တင်ရှိန် (ခ) ချင်းလေး (38) နှစ် အဘ ဦးညီရှိန် (ဆိုင်ကယ် ကယ်ရီမောင်း) သူဖြစ်ကြောင်းသိရှိရပါသည်။

ပြည်မြို့ ပြည်သာယာရပ်ကွက် ချင်းစုတွင် နေထိုင်သူဖြစ်ပြီး ရင်ညွန့်အောက်တွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း 3.10.2013 ရက်နေ့ နေ့လည် 1 နာရီ 30 အချိန်ခန့်တွင် ရဲအုပ် ထင်ပေါ်မှ တရားလိုပြု တိုင်တန်းသဖြင့် ပေါင်းတလည်ရဲစခန်းတွင် (ပ) ၁၃၁ / ၂၀၁၃ ၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် တရားခံဖန်းဆီးရမိရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းကို Facebook account ပိုင်ရှိင် Yama Min မှ ပြည်သတင်းသို့ ပေးပို့ထားပါသည်။

သတင်းပေးပို့သူ Yama Min ကို ပြည်သတင်းမှ ကျေးဇူးတင်အပ်ပါသည်။

0 comments:

Post a Comment

Facebook Like Page